20/08/2026
တစ်ရက်ကဆိုင်ကို ဘတ္ထရီအိုးကွဲတဲ့ Case လေးတစ်ခု ရောက်လာပါတယ်😨
စစ်ဆေးကြည့်တဲ့အခါ ဘတ္ထရီရဲ့ Negative (➖) ဘက်မှာ Positive (➕) ခေါင်းကိုတပ်ထားတာ တွေ့ရပြီး အရွယ်အစားမကိုက်လို့ ချောင်ပြီး လှုပ်နေတဲ့အခြေအနေပါ၊ အဲဒီကနေ ကားမောင်းနေရင်း ဘတ္ထရီအိုး ကွဲတဲ့ အထိဖြစ်သွားတာပါ။ 💔
မေးကြည့်လိုက်တော့ ကိုယ်ဟာကိုယ်တပ်ဆင်ထားတယ်လို့ သိရပါတယ်။👨🔧
⚡️ဒါက ဘတ္ထရီတပ်ဆင်တဲ့အခါ မမှန်ကန်တဲ့ တပ်ဆင်မှုက ဘတ္ထရီနဲ့ ကားရဲ့ Electrical System အတွက် ပြဿနာဖြစ်စေနိုင်တယ် ဆိုတာကို သတိပေးတာပါ။ ⚡️
ဒါကြောင့် အိုးခြောက်ဘတ္ထရီ အသုံးပြုသူတွေအနေနဲ့ ဒီအချက်လေးတွေကို သတိထားပေးပါ 👇
1️⃣ + / − Polarity ကို မှန်ကန်အောင်တပ်ပါ။
Positive (+) ကို Positive ဘက်၊ Negative (−) ကို Negative ဘက်မှာပဲ မှန်ကန်စွာ တပ်ဆင်ပါ။
2️⃣Terminal အရွယ်အစား ကိုက်ညီမှုရှိမရှိ စစ်ပါ။
ဘတ္ထရီငုတ် နဲ့ တပ်မဲ့ခေါင်းက အရွယ်အစားမှန်ပြီးကိုက်ညီရပါမယ်။
3️⃣ Battery Terminal ချောင်မနေအောင် သေချာတပ်ပါ။
တပ်ပြီးတဲ့အခါ ခေါင်းက လှုပ်နေ၊ ယိမ်းနေမယ်ဆိုရင် မသုံးသင့်ပါဘူး။ လျှပ်စစ်အဆက်အသွယ် မကောင်းတာ၊ အပူတက်တာတွေ ဖြစ်နိုင်ပါတယ်။
4️⃣ ဘတ္ထရီခေါင်းနားမှာ သတ္တုပစ္စည်းတွေ မထိမိအောင် ဂရုစိုက်ပါ။ 🔧🪛
သတ္တုပစ္စည်းက + / − နှစ်ဘက်ကို ထိမိရင် Short Circuit ဖြစ်နိုင်ပါတယ်။
5️⃣ ဘတ္ထရီအနီးမှာ မီး၊ မီးပွား မပြုလုပ်ပါနဲ့ 🔥
ဘတ္ထရီအားသွင်းနေချိန်မှာ Gas ထွက်နိုင်တာကြောင့် မီးပွားဖြစ်စေနိုင်တဲ့အရာတွေကို ရှောင်ပါ။
6️⃣ ကား Charging System ကိုလည်း စစ်ပါ။
Alternator/Charging Voltage မမှန်တာ၊ Overcharging ဖြစ်တာတွေက ဘတ္ထရီကို အပူလွန်ပြီး ပျက်စီးစေနိုင်ပါတယ်။
7️⃣ ဘတ္ထရီကို ကားအထိုင်ထဲမှာ မြဲမြံသေချာတပ်ဆင်ပါ
ကားမောင်းတဲ့အခါ ဘတ္ထရီ လှုပ်ရှားမနေအောင် Battery Hold-down Clamp ကို သေချာတပ်ပါ။
🔧 မသေချာရင် ကားဝပ်ရှော့ နဲ့ ဘတ္ထရီဆိုင်တွေမှာ နားလည်တဲ့လူနဲ့ တပ်ဆင်ပါ။
⚠️ မှားယွင်းစွာ တပ်ဆင်အသုံးပြုတာက ဘတ္ထရီပျက်စီးမှု၊ ကား Electrical System ပြဿနာနဲ့ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ ဖြစ်လာစေနိုင်တဲ့အတွက် ကာကွယ်နိုင်အောင် သတိပေးလိုက်ရပါတယ်။
မေသုခ (ဘတ္ထရီနှင့်လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး)
ဆိုင်အမှတ် (၃၉/၄၀)၊ မနော်ဟရီလမ်း (၁၁၀ လမ်း)၊ ၅၆ လမ်း x ၅၇ လမ်းကြား၊ မန္တလေး
Phone: 09 777101105, 09 777107967
Viber: 09 777101105
#ဘတ္ထရီ