Karenni State History

Karenni State History Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Karenni State History, Information Technology Company, www. dms, Loikaw.

ကရင်နီပြည် လွိုင်ကော်မြို့ တောင်စျေးကြီး စိတ်မကောင်းစရာ လက်ရှိမြင်ကွင်း😔
08/01/2024

ကရင်နီပြည် လွိုင်ကော်မြို့ တောင်စျေးကြီး စိတ်မကောင်းစရာ လက်ရှိမြင်ကွင်း
😔

လွိုင်ကော်မှာ စစ်ကောင်စီတပ်သား ၃၂ ဦး  လက်နက်ချအညံ့ခံ၊ စစ်ကောင်စီတပ်သား တစ်ရာကျော် သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆ...
15/11/2023

လွိုင်ကော်မှာ စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချအညံ့ခံ၊ စစ်ကောင်စီတပ်သား တစ်ရာကျော် သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ
ကြောင်းသိရပါသည်။

ကရင်နီပြည် လွိုင်ကော်မြို့ မှာ ပြုလုပ်နေတဲ့ ၁၁.၁၁ စစ်ဆင်ရေး ၄ ရက်မြောက်နေ့မှာ စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံ ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဒီကနေ့မှာ ထုတ်ပြန်ထားပါသည်။

အမြင်မှန်တွေ အမြန်ရပြီး ပြည်သူဘက်ကို အချိန်မီကူးပြောင်းနိုင်ကြပါစေ။

ဓါတ်ပုံ - KNDF

လွိုင်ကော် မြို့ပေါ်ရပ်ကွက်များဆီ  ပေါင် ၅၀၀ ဗုံး ၁၀လုံးထက်မနည်း စစ်လေယာဉ်များ ကြဲ13 Nov 2023ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်...
14/11/2023

လွိုင်ကော် မြို့ပေါ်ရပ်ကွက်များဆီ ပေါင် ၅၀၀ ဗုံး ၁၀လုံးထက်မနည်း စစ်လေယာဉ်များ ကြဲ

13 Nov 2023

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော် မြို့ပေါ် ရပ်ကွက်များဆီသို့ စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ပေါင် ၅၀၀ဗုံး ၁၀လုံး ထက်မနည်း ကြဲချခဲ့ကြောင်း သိရသည်။

ယနေ့(နိုဝင်ဘာ၁၃ရက်)နံနက် ၉ နာရီခွဲခန့်က ဂျက်လေယာဉ် ၂ စီးဖြင့် လွိုင်ကော်မြို့ပေါ်ရှိ ဒေါဥခူရပ်ကွက်၊ချိကယ်ရပ်ကွက်၊နာနတ်တောရပ်ကွက်နှင့် နောင်ယားစျေးဘက်ခြမ်းသို့ ပေါင်၅၀၀ ဗုံးများ ၄ ကြိမ်ကြဲချခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။

"ပြည်သူသေဆုံးထိခိုက်မှုတွေလည်း ရှိပါတယ်။သေချာတော့ အတည်မပြုနိုင်သေးဘူး။ထောင်ကို ဝင်စီးနိုင်ပြီးတော့ နာရီဝက်ပဲကြာတယ်။လေယာဉ်နဲ့ ဗုံးကြဲသွားတာ"ဟု ၎င်းက ပြောသည်။

ယနေ့ ညနေ ၅နာရီ ၂၉မိနစ်ကလည်း နာနတ်တောရပ်ကွက်နှင့် ဒေါဥခူအနောက်ဘက်ခြမ်းနှင့် အခြားသောရပ်ကွက်များပေါ်သို့ ဂျက်လေယာဉ်၂ စီးဖြင့် ၆ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့သေးကြောင်း ၁၁.၁၁စစ်ဆင်ရေး ဆင်နွှဲနေသည့် မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။

"ဒီနေ့ညနေကို လေယာဉ်နဲ့ ဗုံးထပ်ကြဲတာ အနည်းဆုံး၆ကြိမ်ရှိတယ်။ကျွန်တော်တို့သိရသလောက်က နာနတ်တောရပ်ကွက်တော့ တော်တော်ထိသွားတယ်။လက်နက်ကြီးနဲ့ ဒေါဥခူအနောက်ခြမ်းကို ပစ်နေတာ မနက် ၉နာရီကနေ အခုထိဆို အကြိမ် ၅၀လောက်ရှိပြီ"ဟု ၎င်းက ပြောသည်။

ကယား(ကရင်နီ)ပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် လွိုင်ကော်အကျဉ်းထောင်ကို လုံးဝထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အကျဉ်းသားများ အား ပြန်လွှတ်ပေးနိုင်ရန် စီစဉ်နေကြောင်း KNDFစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“အခုလွိုင်ကော်အကျဉ်းထောင်မှာရှိတဲ့ ရဲတွေနဲ့ စစ်သားတွေအကုန်လုံးမရှိတော့ပါဘူး။ထောင်သားတွေကိုတော့ စိစစ်နေတုန်းပါပဲ။တိုက်ပွဲငြိမ်တဲ့အခါမှ စိစစ်ပြီး လွှတ်ပါ့မယ်”ဟု ၎င်းကပြောသည်။

လွိုင်ကော်မြို့တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် ယနေ့၊ နေ့ခင်း ၁၂နာရီမှ စတင်ကာ လွိုင်ကော်မြို့၊ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ပတ်ဝန်းကျင်သို့ ဖြတ်သန်းသွားလာသည့် မည်သူ့ကိုမဆို စစ်ကောင်စီတပ်က ပစ်မိန့်ပေးထားကြောင်း MPAက စုံစမ်းသိရသည်။


ဓာတ်ပုံ- လေယာဉ်ဖြင့် ဗုံးကြဲခံရသည့် နာနတ်တောရပ်ကွက်။

လွိုင်ကော်ရဲစခန်းက ရဲအရာရှိတစ်ဦး လက်နက်နှင့်တကွ ပြည်သူဘက်သို့ကူးပြောင်းလာ၊ KNDF က ငွေသိန်းသုံးဆယ် ပေးအပ်။ကရင်နီပြည်၊ လွိ...
14/11/2023

လွိုင်ကော်ရဲစခန်းက ရဲအရာရှိတစ်ဦး လက်နက်နှင့်တကွ ပြည်သူဘက်သို့ကူးပြောင်းလာ၊ KNDF က ငွေသိန်းသုံးဆယ် ပေးအပ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့ ရဲစခန်းက ရဲအရာရှိ တစ်ဦးဟာ စစ်ကောင်စီလက်အောက်ကနေနုတ်ထွက်ပြီး CDM လုပ်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမအပတ်က ချိတ်ဆက်လာခဲ့တာကြောင့် KNDF တပ်ရင်း (၂) မှ သွားရောက် ခေါ်ထုတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း(၂) က ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါ ရဲသားဟာ ၂၀၁၈ ခုနှစ်အတွင်း ရဲဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုမိုးတင်(အမည်ပြောင်း) ဖြစ်ပြီး စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။

G3 သေနတ်တစ်လက်နဲ့ ကျည်အချို့ကိုယူဆောင် အပ်နှံခဲ့တဲ့အတွက် KNDFမှ ငွေသိန်းသုံးဆယ်ကျပ်ကို ပြန်လည်ပေးအပ်ခဲ့တာရှိပြီး မိသားစုဘဝဆက်လက်ရပ်တည်နိုင်အောင်လည်း တပ်ရင်းက ကူညီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်မှ လွတ်မြောက်ချင်သူ တပ်မတော်သားဖြစ်စေ ရဲသားဖြစ်စေ KNDF တပ်ရင်းအနေနဲ့ ကြိုးစားခေါ်ထုတ်ပေးဖို့ရှိပြီး နိုင်ငံအတွက် အကြီးမားဆုံးနဲ့ အကောင်းဆုံးပြုလုပ်သွားကြဖို့ ကိုလည်း အကြံပြုချင်တယ်လို့ KNDF တပ်ရင်း ၂ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲအတွင်း နိုဝင်ဘာလ ၁၁ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ထိခိုက်သေဆုံးမှု စာရင်း ဖယ်ခုံမြို...
14/11/2023

ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲအတွင်း နိုဝင်ဘာလ ၁၁ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ထိခိုက်သေဆုံးမှု စာရင်း

ဖယ်ခုံမြို့နယ်၊ မိုးဗြဲ နှင့် လွိုင်ကော်မြို့ရပ်ကွက်များအတွင်းစစ်ကောင်စီပစ်ခတ်သော လက်နက်ကြီး ထိ သေဆုံးသူ (၂၀)ဦး ရှိလာပြီး အမျိုးသမီး (၄)ဉီး၊ အမျိုးသား (၁၃)ဦး ပါဝင်ပြီး ကျန် (၃)ဦးမှာ အတိအကျ မသိရသေးသည့်အခြေအနေဖြစ်ပါသည်။

လက်နက်ကြီးကြောင့် ထိခိုက်ဒါဏ်ရာ ရရှိမှု (၁၅)ဦး ရှိပြီး၊ အမျိုးသမီး (၄)ဦး အမျိုးသား (၂)ဦး ကလေး (၁)ဦးပါဝင်ပြီး ကျန်သူများမှာ အတိအကျ မသိရသေးသည့် အခြေအနေ ​ဖြစ်ပါသည်။

လေယာဥ် ဗုံးကျဲမှုကြောင့် အမျိုးသား (၁)ဉီး သေဆုံးပြီး အမျိုးသမီး (၁)ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါသည်။ ထို့အပြင် စစ်ကောင်စီ မှ ပစ်သတ်ခံရသော ပြည်သူ (၃)ဦးရှိပြီး အလောင်းပြန်ကောက်လို့ မရရှိသေးပါ။

တိုက်ပွဲအတွင်း ဖမ်းဆီ ခံရသောသူများရှိပြီး ဘုန်းတော်ကြီး တစ်ပါး အပါအဝင် အမျိုးသား (၁၁)ဦး အမျိုးသမီး (၄)ဦးခန့်လည်း ဖမ်း​ဆီး ထိန်းသိမ်းခံရကြောင်း သိရှိရပါသည်။

အထက်ဖော်ပြပါစာရင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ ရရှိသော မှတ်တမ်းပြုစုမှုသာ ဖြစ်ပြီး ထိခိုက်သေဆုံးမှုလည်း ရှိနိုင်သေးပါသည်။

13/11/2023

သတိ❗❗❗
လွိုင်ကော်မြို့
နောင်ယား နှင့် တိုက်၆လုံး
အသွားအလာ (လုံးဝ) မလုပ်ပါရန်။

အကြမ်းဖက် စကစ က လာသမျှပစ်တာ ဖြစ်လို့ မိဘပြည်သူအနေနဲ့ အထူးခရုစိုက်ကြပါရန်။ အသက်ပေးသွားသည့် (၂)ယောက်အား သင်ခန်းစာယူရန်။🚫🚫🚫

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ပူပေါင်းဖို့ KNDF ဥက္ကဋ္ဌ သတိပေးမိုးတိမ်၊ နိုဝင်ဘာ ၁၃၊ ၂၀၂၃ကယား (ကရင်နီ) ပြည်နယ်အတွင်းရှ...
13/11/2023

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ပူပေါင်းဖို့ KNDF ဥက္ကဋ္ဌ သတိပေး

မိုးတိမ်၊ နိုဝင်ဘာ ၁၃၊ ၂၀၂၃

ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် လာရောက် ပူးပေါင်း ပါဝင်ပါက စစ်သုံ့ပန်းဥပဒေအရ တာဝန်ယူမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်ဘီထူး က ပြောကြားသည်။

ဥက္ကဋ္ဌ ခွန်ဘီထူး က "ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေကိုလည်း စိတ်မပူကြဖို့ နဲ့ လက်ရှိစစ်ကောင်စီတပ်သားတွေလည်း နောက်မကျသေးခင် လာရောက်ပူးပေါင်းပေးဖို့ လိုပါတယ်" ဟု ပြောသည်။

လက်ရှိတွင် ကရင်နီ Operation 1111 ဖြင့် လွိုင်ကော် မြို့အပါအဝင် ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆိုမြို့များတွင် တော်လှန်ရေး အင်းအာစုများက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီ တပ်စခန်း ၇ ခုနှင့် လက်နက်ခဲယမ်း အများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ထို့အပြင် စစ်ကောင်စီ၏ တိုက်ခိုက်ရေး လေယာဉ်တစီးကိုပါ ပစ်ခတ်ဖျက်ဆီးထားနိုင်ပြီး နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ခဲ့သော ကရင်နီ Operation 1111 ထိုးစစ်ဆင်တိုက်ပွဲများတွင် စစ်သုံ့ပန်း ၁၀ ဦးထက်မနည်း ရရှိထားသည်။

KNDF အနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကြရန် သတင်းထုတ်ပြန်ထားပြီး ပြန်လည်ခုခံတိုက်ခိုက်မည်ဆိုပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းနှင့် ဓာတ်ပုံ - မိုးတိမ်၊ IRW/CJ

စစ်ကောင်စီတိုက်လေယာဉ်၏ အပျက်အစီးများကို တွေ့ရှိပြီဖြစ် "The victory is near; the jet fighter belonging to Myanmar's brut...
13/11/2023

စစ်ကောင်စီတိုက်လေယာဉ်၏ အပျက်အစီးများကို တွေ့ရှိပြီဖြစ်

"The victory is near; the jet fighter belonging to Myanmar's brutal military junta has been completely destroyed by the freedom fighters from the brave people of Myanmar. This is proof that tyranny will be defeated by freedom, injustice will be defeated by justice. The freedom fighters, who come from all walks of life such as youth, students, teachers, health workers, farmers, and villagers, are leading the way to a brighter and just future waiting for us."

----
ကနဦးသတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့
သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီနှင့်မရောပိုလီရွာကြား တောင်ယာတဲအနီးတွင် စစ်ကောင်စီတိုက်လေယာဉ်၏ အပျက်အစီးများကို
ယနေ့ တွေ့ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်သည်။

11/11/2023

11.11.2023 1:58မိနစ်❗❗❗
ခွေး ရဟတ်ယာဥ် (၁)စင်း အရှေ့မြောက်ဘက် တက်သွားတယ်ပါတယ် ကရင်နီပြည်သူများအထူးခရုစိုက်ကြပါရန်။

နိုဝင်ဘာလ (၉)ရက် ၂၀၂၃ရက်နေ့ ည (၁၁)နာရီခွဲအချိန်တွင် ခလရ(၅၃၀)တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရပ်ကွက်တခုထဲတွင် လက်န...
11/11/2023

နိုဝင်ဘာလ (၉)ရက် ၂၀၂၃ရက်နေ့ ည (၁၁)နာရီခွဲအချိန်တွင် ခလရ(၅၃၀)တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရပ်ကွက်တခုထဲတွင် လက်နက်ကြီး ၄လုံး ကျရောက်ကာ နေအိမ် ၅လုံး ပျက်စီးခဲ့ရပြီး ​အပြစ်မဲ့ကလေးငယ် အသက် (၁၀)နှစ် အရွယ် ကလေးတစ်ဉီး လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်။

နိုဝင်ဘာလ (၉)ရက် ၂၀၂၃ရက်နေ့ ညနေ ၃နာရီ ၅၀မိနစ်အချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြစ် ပစ်ခတ်ကာ လွိုင်ကော်မြို့နယ်၊ မထေားခူကျေးရွာသို့ လက်နက်ကြီး ၃လုံး ကျရောက်ပြီး တောင်ယာမှပြန်လာသည့် (အသက် ၄၅နှစ်)အမျိုးသမီးတစ်ဉီးသည် လက်မောင်းမှလည်ပင်းထိ ဖြောင်ဝင်သွားကာ သေဆုံးခဲ့ရသည်။

11/11/2023

11.11.2023 🕤9:05🕤❗❗❗
အကြမ်းဖက် စစ်ကောင်စီဘက်မှ ကရင်နီပြည် မြို့ပြင် တစ်နေရာကို ဂျက်ဖိုက်တာ (၂)စင်းနဲ့ ထပ်မံလာရောက်ပစ်ခတ်တိုက်ခိုက်နေပါတယ်။

ပြည်သူများနှင့် ပြည်သူ့စစ်သားများ ဘေးကင်းလုံခြုံကြမယ်လို့ မျော်လင့်ပါတယ်။

10/11/2023

ကရင်နီပြည် သတိ❗❗❗
10.11.2022 Fri မွန်လွဲပိုင်းမှာ
စစ်ခွေးဘက်မှ ပြည်သူ့ကာကွယ်ရေး တပ်စခန်းတနေရာကို ဂျက်ဖိုင်တာ နှစ်ဆင်းနဲ့ လာပစ်ခတ်သွားပါတယ်။

ဒီည အထူးခရုစိုက်ကြဖို့ အသိပေးအပ်ပါတယ်ဗျ။ ပြည်သူ နှင့် ပြည်သူ့ဘက်တော်သားများ ဘေးကင်းကြပါစေ။ 🙏🙏🙏

Address

Www. Dms
Loikaw
09021

Website

Alerts

Be the first to know and let us send you an email when Karenni State History posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share