ကွန်ပျူတာနည်းပညာ

ကွန်ပျူတာနည်းပညာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကွန်ပျူတာနည်းပညာ, Kawthaung.

29/06/2025
12/03/2023

Command Prompt(Cmd) ဖြင့် Partition ပိုင်းနည်း 👨💻

ကွန်ပျူတာကို Super User,Advanced User အဖြစ်အသုံးပြုဖို့
စိတ်ကူးထားသူတွေအတွက် Cmd ကနေ Partition ပိုင်းနည်းလေး
ရေးတင်ပေးလိုက်ပါတယ်။ပုံမှန်လို Graphic User Interface(GUI)
ကနေ Partition ပိုင်းနည်းကတော့ ကွန်ပျူတာနဲ့မစိမ်းသူတိုင်း ပိုင်း
တတ်မယ်လို့ထင်ပါတယ်။ Run Box မှာ diskmgmt.msc ကိုရိုက်
ထည့်၊ သို့မဟုတ် Computer-Thic PC ကို Right Click\Manage\
Disk Management ထဲကိုနှိပ်ဝင်ပြီး ခွဲချင်သည့် Partition အပေါ်
Right Click\Shrink Volume\ ပိုင်းချင်သလောက် Size ထည့်ပေး၊
Next နှိပ်၊ Drive နာမည်ပေးပြီး ပိုင်းနိုင်ပါတယ်။

Partition ပိုင်းတာကို Super User,Advanced User အနေဖြင့်
ပိုင်းချင်တယ်ဆိုရင် Run Box မှာ Cmd ကိုရိုက်ထည့်ပြီးCmd ကို
Admin Right နဲ့ဖွင့်ဖို့ OK ကိုမနှိပ်သေးပဲ Ctrl+Shift+Enter ကို
တွဲနှိပ်လိုက်ပါ။ သို့မဟုတ် Search box မှာ cmd ကို ရိုက်ရှာ၊
Right Click\Run As Admin ကို နှိပ်ဖွင့်ပါ။ ကွန်ပျူတာမှာ Drive,
Partition ဘယ်နှစ်ခုရှိလဲကြည့်ဖို့၊စစ်ဆေးဖို့ Cmd Prompt မှာ
diskpart ကို ရိုက်ထည့်ပါ။ ပြီးရင် list volume ကို ရိုက်ထည့်ပါ။
External HDD ကို ပိုင်းချင်တယ်ဆိုရင် list volume ကို မရိုက်
ထည့်သေးပဲ list disk ကို အရင်ထည့်ကြည့်ပါ။ Internal &
External HDD နှစ်ခု တွေ့ရပါမယ်။ ဒီနေရာမှာ စဉ်းစားစရာ
တစ်ခုရှိတာက HDD တစ်ခုလုံးထဲကနေ ပိုင်းမှာလား၊ HDD မှာ
ရှိပြီးသား နေရာလွတ်များတဲ့နေတဲ့ Partition ကနေပြန်ပိုင်းမှာလား။

HDD တစ်ခုလုံးထဲကနေ ပိုင်းမယ်ဆိုရင် ပိုင်းချင်တဲ့ HDD ကိုရွေးရမယ်။
အဲ့ဒါကြောင့် list disk ကိုရိုက်ထည့်ပြီး ပိုင်းချင်တဲ့ disk နံပါတ်ကို မှတ်ထားပါ။
နောက်တစ်ကြောင်းမှာ select disk 1 ကို ရိုက်ထည့်ပါ။ (1) နေရာမှာ ပိုင်း
ချင်တဲ့ disk နံပါတ်ကိုထည့်ပါ။ များသောအားဖြင့် HDD နှစ်ခု စက်မှာ တပ်
ထားတယ်ဆိုရင် Disk 0, Disk 1 လို့ပြပါတယ်။ ပိုင်းချင်တဲ့ disk ကို
ရွေးပြီးပြီဆိုရင် အောက်ပါ command ကို ရိုက်ထည့်ပါ။

create partition primary size=51300

1GB မှာ 1024 MB ရှိတာတော့ သိထားရမယ်။ အပေါ်မှာ ပြထားတဲ
51300 MB ဆိုရင် 50 GB ကျော်ဖြစ်သွားပါမယ်။ 50 GB ဆိုရင် 51200 MB
တိတိပါ။ ဒါပေမယ့် တကယ်တမ်း Partition ပိုင်းပြီးသွားတဲ့အခါမှာ 49.78 GB
လောက်ပဲ ထွက်လာပါမယ်။ အဲ့ဒါကြောင့် 50GB အတိကျ ပိုင်းချင်တယ်၊ဖြစ်ချင်တယ်
ဆိုရင် 100 MB ပိုထည့်ရမယ်။ ကိုယ်ပိုင်းချင်သလောက် MB Size ကိုရွေးထည့်ပါ။
ပိုင်းချင်တဲ့ GB Size ကို 1024 MB နဲ့ မြှောက်ပါ။ Partition ပိုင်းပြီးသွားပြီဆိုရင်
Drive Letter ပေးဖို့လိုပါတယ်။ Drive Letter မပေးခဲ့ရင် Unallocated ဖြစ်နေပြီး
Partition အနေနဲ့ Explorer မှာ ပေါ်လာမှာမဟုတ်ပါ။ နောက်ပြီးတော့ Drive Letter
ပေးထားရုံးတင်မဟုတ်သေးဘူး။ File System,Format Type တစ်မျိုးကို ရွေးချယ်
အသုံးပြုရမယ်။ အဲ့ဒါကြောင့် Drive Letter အရင်ပေးဖို့ အောက်ပါ Command ကို
ရိုက်ထည့်ပါ။ assign letter F (F)နေရာမှာ ပေးချင်တဲ့ Letter ပေးပါ။ Successfully
ဖြစ်သွားရင် နောက်တစ်ကြောင်းမှာ FORMAT FS=NTFS QUICK ကိုရိုက်ထည့်ပါ။
100% Completed Successfully ဖြစ်သွားရင် 50GB ကို F နာမည်နဲ့ပိုင်းပြီးသွားပါပြီ။

ပိုင်းပြီးသား Parition ကို ပြန်ဖျက်ချင်ရင် အောက်ပါ Command ကိုရိုက်ထည့်ပါ။
delete partition
ဒါဆိုရင်တော့ 50GB K ကို ဖျက်ပြီးသွားပါပြီ။

HDD မှာရှိပြီးသား နေရာလွတ်များတဲ့နေတဲ့ Partition ကနေ Extend Patition
ပိုင်းချင်တယ်ဆိုရင် Cmd Prompt မှာ diskpart ကိုရိုက်ထည့်ပါ။ ပြီးရင် list volume ကို
ရိုက်ထည့်ပါ။ အဲ့ဒီမှာ ဘယ် Partition,Drive တစ်ခုကို ထပ်ပိုင်းချင်သလဲ၊ ပိုင်းချင်တဲ့
Volume နံပါတ်ကိုမှတ်ထားပါ။ နောက်တစ်ကြောင်းမှာ select volume 3 ကိုရိုက်ထည့်ပါ။
(3) မှာ ပိုင်းချင်တဲ့ Volume No ကိုထည့်ပါ။ ပြီးရင် အောက်ပါ Command ကိုရိုက်ထည့်ပါ။
extend size=25700
50GB ထဲကနေ 25GB ထပ်ခွဲလိုက်တာပါ။ ပြီးသွားရင် list volume ကိုရိုက်ထည့်ကြည့်ပါ။
ပြီးသွားရင် ပိုင်းလိုက်တဲ့ အပိုင်းကို Select မှတ်၊ Drive Letter ပေးလိုက်ပါ။ Cmd ကနေ
Disk Managemet ဆိုင်ရာတွေ ဒီထက်မက များစွာကျန်ပါသေးတယ်။

တစ်ခြားသူတွေလည်း လေ့လာရန် လိုအပ်နိူင်တာကြောင့် Shareလုပ်ခြင်းဖြင့် လက်ဆင့်ကမ်း မျှဝေပေးကြပါ။



အားလုံးဘဲ နည်းပညာကို အခက်အခဲမရှိအသုံးပြုနိုင်ကြပါစေ။
🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏🙏🙏🙏
* * * * * * * * * * * * * * * * * * * ** * * * * * * * * * * * *

💻ကွန်ပျူတာပညာရပ်ကို စိတ်ပါ၀င်စားသောလူငယ်များနှင့် ဝါသနာရှင်များအတွက်-------->
(၁) သင်တန်းတက်ရောက်ဖို့ အချိန်မပေးနိုင်ဘူး
(၂) ငွေရေးကြေးရေး အဆင်မပြေဘူး
(၃) သင်တန်းသွားတက်ဖို့ အရမ်းဝေးလွန်းတယ်
(၄) ငါက ဌာနမှာ ရာထူးကြီးနေပြီး အပြင်မှာ လူငယ်တွေနဲ့ အတူမသင်ချင်တော့ဘူး
(၅) မှတ်ညဏ်မကောင်းတော့ တစ်ခါသင်ရုံနဲ့ မရလို့ မတက်ချင်တော့ဘူး ဆိုသူတွေအတွက်
💡..🖥32GB Memory Stick တစ်ချောင်းကို 25000ကျပ်နဲ့ ၀ယ်လိုက်တာနဲ့ မြန်မာ ဘာသာဖြင့်ရှင်းလင်းပြသထားသော 🎬🎬video Tutorials နဲ့မြန်မာဘာသာနဲ့ရေးသားထားတဲ့ 📖📖📖Ebooks တို့တစ်သက်သာ အာမခံ နဲ့ရယူနိုင်ပါပြီ...

သင်ခန်းစာများကတော့ ⬇

🔽Computer Basic သင်ခန်းစာများ
🔽Typing Collection ( Myan / Eng)
🔽Office ( word / Excel / Powerpoint)
🔽Pagemaker 7.0
🔽A Plus
🔽Windows Installation
🔽Back Up & Restore
🔽Advance A plus
🔽Photoshop - Cs3 / Cs5 / Cs6 / CC
🔽Adobe Illustrator
🔽Adobe Indesign
🔽Video Editing
🔽Auto cad 2 D / 3 D
🔽3Ds Max
🔽Revit Architech
🔽3 D design
🔽Networking
🔽Server
🔽Hacking
🔽Linux
🔽Java
🔽Programming
🔽Web Design Lessons
🔽WordPress စသည့်သင်ခန်းစာများ

👉 English 4 Skill သင်ခန်းစာများ
🔽Basic Conversation
🔽 Grammer
🔽Story
🔽Bussiness English
🔽Lestining Skill
🔽Effortless English
🔽IELTS
🔽TOFEL
🔽Learn Real English
🔽Business English Vocabulary
🔽Study English Anywhere
🔽5 Minutes Expert
🔽Cambridge English Training
🔽Job Interview
🔽E book Pdf စာအုပ်များစုံလင်စွာ
မှာယူရရှနိုင်ပါပြီခင်ဗျာ

JB Data Shop ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ …

Ph no - ☎ 09966663461
- ☎ 09692327972






#တွံတေး

💁Computer နှင့် IT ဆိုတာ လူတိုင်း တတ်ထားသင့်တဲ့ ပညာရပ်ပါ။ Computer နှင့် IT တတ်တဲ့သူက Computer နှင့် IT မတတ်တဲ့သူထက် အလု...
12/05/2022

💁Computer နှင့် IT ဆိုတာ လူတိုင်း တတ်ထားသင့်တဲ့
ပညာရပ်ပါ။ Computer နှင့် IT တတ်တဲ့သူက
Computer နှင့် IT မတတ်တဲ့သူထက် အလုပ်ရဖို့
အခွင့်အလမ်း ပိုများပါတယ်။
ဈေးနှုန်းကလည်း တစ်သောင်းတည်းမို့ shopping
တစ်ခါထွက်စာတောင် မရှိပါဘူးနော် 💁

💁2022 ခုနှစ်ရဲ့ တိုးတက်လာတဲ့ နည်းပညာအပေါ် အမှီပြုပြီး အသက်မွေးဝမ်းကျောင်း ရှာဖွေနေကြတဲ့ သူများ များပြားလာပါတယ်။ ဒီလို နည်းပညာရဲ့ တိုးတက်မှုတွေနဲ့ အခြေခံပြီး အသက်မွေးဝမ်းကျောင်း ပြုလိုသူများ၊ အိမ်ကနေပဲ့ Self Study လေ့လာလိုသူတွေအတွက် အသုံးဝင်တဲ့ Computer စာအုပ်တွေ ဖြစ်ပါတယ်။

📖Programming, Graphic Design, Office အစရှိသည့် မြန်မာဘာသာဖြင့် ရှင်းလင်းထားသော Computer နည်းပညာစာအုပ် တွေကို အိမ်တိုင်ရာအရောက် မှာယူနိုင်ပါတယ်။

☺️ မိတ်ဆွေတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို မြှင့်တင့်ဖို့
အရည်အသွေးမြင့်တဲ့ Computer နှင့် IT ကွန်ပျူတာ
နည်းပညာတွေ စာအုပ်တွေကြောင့်
ခေါင်းကိုက်စရာ မလို့တော့ဘူးလေ။ ☺️

Computer အကြာင်း ဘာမှနားမလည်လို့
စိတ်အားငယ်နေစရာမလိုအောင်
အခြေခံကစပြီး အဆင့်မြင့်အထိ
လေ့လာသင်ယူလို့ရတဲ့ စာအုပ်တွေပါ။

အ​ရည်အ​သွေးမြင့် နည်းပညာစာအုပ်​တွေက
ဆရာ​ကောင်းတစ်​ယောက်
အိမ်မှာ​ခေါ်သင်ရသလို ဖြစ်​စေမှာပါ။

Computer နှင့် IT ဆိုတာ လူတိုင်း တတ်ထားသင့်တဲ့
ပညာရပ်ပါ။ Computer နှင့် IT တတ်တဲ့သူက
Computer နှင့် IT မတတ်တဲ့သူထက် အလုပ်ရဖို့
အခွင့်အလမ်း ပိုများပါတယ်။

♦️IT နည်းပညာ ပညာရေး မှာ ခေတ်မမှီဖူးထင်လို့
အားငယ်စိတ်နဲ့ ခေါင်းကိုက်နေလား?
♦️နည်းပညာခေတ်မှာ သူများတွေနဲ့ယှဉ်လိုက်တိုင်း
နောက်ကောက်ကျလို့ စိတ်ညစ်နေလား?
♦️သင်တန်းတွေနဲ့ ဝေးတဲ့နယ်ကဖြစ်လို့
သင်တန်းမတက်နိုင်တာကြောင့် ခေါင်းစားနေလား?
♦️computer နည်းပညာတွေ လေ့လာသလောက်
ခရီးမရောက်ဖြစ်လို့ စိတ်ပျက်နေလား?

ဒီလို စိတ်ပျက် ၊ စိတ်ညစ် ၊ ခေါင်းကိုက်တာတွေ ကို
IT Computer Training Center ကနေဖြေရှင်းပေးနိုင်ပါတယ်။
အဆင့်မြင့် Computer နဲ့ IT နည်းပညာစာအုပ်တွေနဲ့ဆို
သင်တန်းတက်စရာမလိုပဲ ကျွမ်းကျွမ်းကျင်ကျင်
တက်မြောက်နိုင်ပြီလေ။

နည်းပညာစာအုပ်တွေက Online မှာသင်တဲ့
သင်တန်းတွေထက်လဲ internet ဖိုး၊ သွားလာစရိတ်၊
သင်တန်းဖိုး စရိတ်တွေ ပိုသက်သာပြီး
Self-Study လေ့လာ သင်ယူလို့ရပါတယ်။

👉စာအုပ်တစ်အုပ်ချင်းစီတိုင်းမှာ မြန်မာလို
အသေးစိတ်ရှင်းပြချက်တွေပါဝင်ပါတယ်။
စာအုပ် + Video + Exercise Files + Software ပါပါတယ်။
မြန်မာလိုရှင်းပြထားတဲ့ စာအုပ်တွေပါ။ စာအုပ်တိုင်း DVD 2 ချပ်
ပါဝင်ပါတယ်။ သင်တန်း မတက်ဘဲ Self Study
လေ့လာနိုင်အောင် စီစဉ်ထုတ်ဝေထားတဲ့ စာအုပ်တွေပါ။

စာအုပ်တွေနဲ့ ဘာတွေသင်ကြားနိုင်လဲ?

♦️Computer နဲ့ Design ပုံဆွဲနည်းတွေ
♦️Computer နဲ့ ကျွမ်းကျင်စွာ စာရိုက်နည်းတွေ
♦️Computer နဲ့ စာရင်းအင်းလုပ်နည်းတွေ
♦️Online Shop ဈေးရောင်းကောင်းအောင်ကြော်ငြာနည်းတွေ
♦️Computer နဲ့ Video ဖန်တီးနည်းတွေ
♦️Computer နဲ့ ဓါတ်ပုံပြင်နည်းတွေ အပြင်
♦️Computer နဲ့ Programming ဘာသာရပ်ကို စတင်လေ့လာနည်းတွေ
♦️Computer နဲ့ Engineering ဘာသာရပ်ကို စတင်လေ့လာနည်း
♦️Computer နဲ့ Computer Science ဘာသာရပ်ကို
စတင်လေ့လာလိုသူတွေ
♦️နယ်ကမို့ သင်တန်းမရှိလို့ စိတ်ညစ်နေစရာမလိုပဲ
အခုသင်ရင် အခုတက်မြောက်နိုင်တယ်။
♦️ဈေးနှုန်းကလဲ အပြင်သင်တန်းတွေထက်
၁၀ဆ သက်သာတယ်။
♦️လမ်းစရိတ် လဲသက်သာမယ်။ (အပြင်သင်တန်းထက်)
♦️internet ဖိုးလဲသက်သာမယ်။ (Online သင်တန်းထက်)
♦️အမြန်တက်ချင်သူတွေလဲ အမြန်လေ့လာလို့ရမယ်။
♦️ဖြေးဖြေးနဲ့မှန်မှန် သင်ကြားလိုသူတွေလဲ
စာမလိုက်နိုင်မှာ ပူစရာမလိုတော့ဖူးလေ။
IT နှင့် Computer နည်းပညာပေါင်း များစွာကို
စာအုပ် + DVD နဲ့လေ့လာလို့ရနိုင်ပါပြီ။
အဆင့်မြင့် IT ကွန်ပျူတာစာအုပ်တွေက
ဆရာကောင်းတစ်ယောက်
အိမ်မှာခေါ်သင်ရသလို ဖြစ်စေမှာပါ။
ဒီလို IT နဲ့ Computer နည်းပညာ ဆိုင်ရာ
စာအုပ်ပေါင်း ၈၀ ကျော်ကို IT Computer Training
Center ကနေ စုံလင်စွာမှာယူလို့ရပြီ ပဲဖြစ်ပါတယ်။

♦️အခြေခံကစ အသေးစိတ်သင်ယူချင်သူတွေ
♦️ကျွမ်းကျွမ်းကျင်ကျင်တက်မြောက်ချင်သူတွေ
♦️ကိုယ်တိုင် Self-study လုပ်ချင်သူတွေတွေ
♦️သင်တန်းနဲ့ဝေးတဲ့ နယ်ကကျောင်းသားတွေ
♦️ပညာဒါန ပြန်လည်မျှဝေချင်သူတွေ
♦️internet စရိတ်သင်တန်းစရိတ်

သက်သာချင်သူတွေအတွက် စရိတ်နည်းနည်းနဲ့
အထိရောက်ဆုံးအကျိုးပြုစေမဲ့ စာအုပ်တွေဖြစ်တဲ့အပြင်
ဈေးနှုန်းကလည်း တစ်သောင်းဝန်းကျင်မို့ shopping
တစ်ခါထွက်စာတောင် မရှိပါဘူးနော် ☺️

☎️09403917239 ကို အခုပဲ သူများထက်
နောက်မကျအာင်မှာယူလိုက်တော့နော်။

19/12/2021

(မြန်မာလိုလေ့လာနိုင်မည့်Tech YouTubeများစုစည်းမှု)
Programming, Web Development, Android Development, Networking နှင့် အခြားနည်းပညာဘာသာရပ်များကို မြန်မာလိုအခမဲ့လေ့လာနိုင်ပါသည်
💻 Saturngod
https://m.youtube.com/playlist...
ပရိုဂရမ်ပြုလုပ်ခြင်း အခြေခံ
💻 အစီအစဉ်ဆွဲခြင်း 72 Coder
https://www.youtube.com/channel/UCj1ZB1mpD3LPmVZZBekE7zg
PHP, Node js, Angular4, Boostrap4, HTML, AndroidEclipse
💻 ဝေဖာ ခိုလာ.
https://www.youtube.com/channel/UCQTRh2PEveE1JHR0_JFDLUA
HTML5, Kotlin, Android Development, Boostrap, Python Basic, JavaSE, Javascript, PHP Basic, C Form
💻 အစီအစဉ်ဆွဲခြင်း MM
https://www.youtube.com/channel/UC63ZBuWS1lH6kQaQIwcz8Lw
စီ / စီ ++ အစီအစဉ်ရေးဆွဲခြင်း
💻 ပို ၍ တောက်ပသော မြန်မာပြည်
https://www.youtube.com/cha.../UCG2rjWL2i6_KfCtjkQ9PKKQ/feed
Kotlin, Nodejs, JavaEE, Android, PHP, HTML, CSS, Angular, Bootstrap, JavaSE, Javascript
💻 Soe Thiha Naung
https://www.youtube.com/.../UCfDwRJEsmL1deODPPn.../playlists
Flutter Collection, Vuejs 2.0, Android (Kotlin), Laravel, Javascript နှင့် အခြားသော စကားပြောများ
💻 Code with Htet Lin Maung
https://www.youtube.com/.../UCYd3z7M-8DWEFxokRynlzNg/videos
Vuejs, Laravel 7 နှင့်အတူ အနားယူနိုင်သော API ဝန်ဆောင်မှုများ, တုံ့ပြန်မှု
💻 ဒေတာ ကမ္ဘာ
https://www.youtube.com/channel/UCOxNrLqf1P2odrrWiAkszww
ဝက်ဘ်ဒီဇိုင်း ၊ ဂရပ်ဖစ်ဒီဇိုင်း ၊ ဗီဒီယို တည်းဖြတ်မှု ၊ အော်တိုကတ် ၊ ဂျာဗားနှင့် အခြားအရာများ
💻 သင်းဘရှိန်း
https://www.youtube.com/channel/UCQm58nOLArHOfC5dF9zCxHg
Web Security, Linux Privilege Escalation နှင့် အခြား ဗီဒီယိုများ
💻 ရဲလင်းအောင် - Open Lab
https://www.youtube.com/channel/UC-rWSvp5bb0Q-4kngUKI15Q
Linux
💻 Sithu Paing
https://www.youtube.com/channel/UCvTD16yo_lMvoIb7_tl4gMQ
Java, HTML, Python, Git, MySQL, DOM Manipulation, Android Database နှင့် အခြားအရာများ
💻 အစိမ်းရောင် ဟက်ကာများ ပရိုဂရမ်မိုင်း ချန်နယ်
https://www.youtube.com/.../UCaxyVU-hrGgN9TdhV_3wNkQ/videos
Javascript
💻 Phyo Wai Lin MVP
https://www.youtube.com/user/kophyowailin2010/featured
Azure Cloud Administration, AWS, Linux, VMware နှင့် အခြားသူများ
💻 RHC နည်းပညာများ
https://www.youtube.com/channel/UCW0hWTCdvUYjXJUx_dIG7eQ
ကွန်ယက်ချိတ်ဆက်ခြင်း
💻 နစ်ခ်ကို ပေါလ် ဗလော့
https://m.youtube.com/channel/UCuDwXphjhSSN69yxW_KzVqg
HTML, CSS, Javascript, PHP, WordPress, UI / UX
💻koyee chin
https://www.youtube.com/cha.../UCn6z13QW5B5FYnUfJfY0Crw/feed
DNS, Pe*******on စမ်းသပ်ခြင်း
💻 Myanmar IT အကယ်ဒမီ
https://www.youtube.com/channel/UCBenI6XqH7OoEq5BFRCBREg
Cisco, Wordpress, VMware workstation နှင့် အခြားသော သင်ကြားမှု
မူရင်းတင်ထားသူအား credit ပေးပါသည်

Notepad နဲ့ရေးပြီး Browser မှာ Run ကြည့်ပါ။
27/11/2021

Notepad နဲ့ရေးပြီး Browser မှာ Run ကြည့်ပါ။

ကိုယ်ပိုင် Web Page တွေကို သေချာစွာဆောက်တည်နိုင်ရန် အခြေခံမှစ၍ တင်ပေးပါမည် အင်တာနက်သုံးတတ်မည်ဆိုက WebPage များကိုလည်း အခ...
23/11/2021

ကိုယ်ပိုင် Web Page တွေကို သေချာစွာဆောက်တည်နိုင်ရန် အခြေခံမှစ၍ တင်ပေးပါမည် အင်တာနက်သုံးတတ်မည်ဆိုက WebPage များကိုလည်း အခြေခံလောက်တော့ တတ်ထားသင့်သည်။



fb

FB



HTML တွင် tag 2 မျိုးရှိပါသည်။
1.Single tag(အဖွင့် tag ပဲပါသည်။ ၊အပိတ် tag မပါ။ )
-single tag ဆိုလျှင် tag name ရဲ့နေက်မှာ ထည့်ပေးရသည်။
e,g.
2.Pair tag(အဖွင့် tag နှင့် အပိတ် tag နှစ်မျိုးလုံးပါရသည်။ )
Eg

Notepad နှင့်ရေး၍ Browser တွင် Run ကြည့်ပါ။

Address

Kawthaung
140001

Alerts

Be the first to know and let us send you an email when ကွန်ပျူတာနည်းပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကွန်ပျူတာနည်းပညာ:

Shortcuts

Share