15/10/2026
Transformer Maintenance ပြုလုပ်ရာမှာ အဓိက သတိထားရမယ့် အချက် ၅ ချက်
Transformer တွေကို ရေရှည်တည်ငြိမ်စွာ အသုံးပြုနိုင်ဖို့အတွက် ပြဿနာ ဖြစ်လာမှ ပြင်ဆင်တာထက် ပုံမှန် စစ်ဆေးထိန်းသိမ်းပြီး Operating Condition ကို အမြဲမပြတ် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။
စက်ရုံနဲ့ အဆောက်အအုံတွေမှာ Transformer Maintenance ပြုလုပ်တဲ့အခါ အဓိက ဂရုပြုရမယ့် အချက် ၅ ချက်ကို မျှဝေပေးလိုက်ပါတယ်။
၁။ Safety Procedure (ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံးလုပ်နည်းများ)
High Voltage Transformer တွေကို Inspection သို့မဟုတ် Maintenance ပြုလုပ်တဲ့အခါ တင်းကျပ်တဲ့ Safety Procedures များကို လိုက်နာပြီး Qualified Personnel (ကျွမ်းကျင်ပညာရှင်များ) ဖြင့်သာ ဆောင်ရွက်သင့်ပါတယ်။ လိုအပ်တဲ့ Isolation၊ Lockout/Tagout (LOTO) နဲ့ Electrical Safety Controls များကို သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း ဆောင်ရွက်ရပါမယ်။
၂။ Regular Inspection (ပုံမှန် စစ်ဆေးခြင်း)
Oil Level၊ Operating Temperature၊ Oil Leakage အပြင် Gauges နဲ့ Indicators တွေကို ပုံမှန် စစ်ဆေးပေးရပါမယ်။ ပုံမှန်မဟုတ်တဲ့ အသံများ ထွက်ပေါ်လာခြင်း၊ အပူချိန် လွန်ကဲခြင်း သို့မဟုတ် အပြင်ပိုင်း Damage ရှိ/မရှိကိုလည်း သေချာစွာ သတိပြု စောင့်ကြည့်ဖို့ လိုပါတယ်။
၃။ Insulating Oil Condition (Insulating Oil အခြေအနေ စစ်ဆေးခြင်း)
Oil-Immersed Transformer များအတွက် Insulating Oil ရဲ့ Condition နဲ့ Dielectric Strength တွေကို သတ်မှတ်ထားတဲ့ Maintenance Schedule၊ Manufacturer Recommendation နဲ့ Technical Requirements များအတိုင်း စနစ်တကျ စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
၄။ Cooling System Check (အအေးပေးစနစ် စစ်ဆေးခြင်း)
Radiator၊ Cooling Fan၊ Pump စတဲ့ အအေးပေးစနစ် သက်ဆိုင်ရာ Components များ ပုံမှန် ကောင်းမွန်စွာ အလုပ်လုပ်နေခြင်း ရှိ/မရှိ စစ်ဆေးပြီး လိုအပ်သလို သန့်ရှင်း ထိန်းသိမ်းပေးရပါမယ်။
၅။ Load & Temperature Monitoring (Load နဲ့ အပူချိန်ကို စောင့်ကြည့်ခြင်း)
Transformer ရဲ့ Load စွဲအားနဲ့ Operating Temperature တွေကို ပုံမှန် တိုင်းတာ စောင့်ကြည့်ပြီး သတ်မှတ်ထားတဲ့ Operating Limits အတွင်းမှာ ရှိနေရဲ့လားဆိုတာ ယှဉ်တွဲ စစ်ဆေးရပါမယ်။
ပုံမှန် စစ်ဆေးမှုနဲ့ စနစ်တကျ Maintenance ပြုလုပ်ခြင်းဟာ Transformer ရဲ့ Operating Condition ကို အချိန်မီ သိရှိနိုင်စေပြီး လုပ်ငန်းလည်ပတ်မှုကို ပိုမို အဆင်ပြေ ချောမွေ့ စိတ်ချရစေပါတယ်။
Asia General Holding Co.,Ltd. တွင် Transformer Maintenance ဆိုင်ရာ ဝန်ဆောင်မှုများနဲ့ After-Sales Services များကို လူကြီးမင်းတို့ရဲ့ လုပ်ငန်း လိုအပ်ချက်များအတိုင်း ဆွေးနွေး တိုင်ပင် ပံ့ပိုးပေးလျက် ရှိပါတယ်။
𝗞𝗲𝘆 𝗧𝗼 𝗦𝗺𝗮𝗿𝘁 𝗣𝗼𝘄𝗲𝗿
📞 Contact for Inquiry
Sales Hotline: 09 5506709, 09 5506710
Yangon Service: 09 425751702, 09 425751808
Mandalay Service: 09 457116688, 09 457116699
🌐 Connect with Us
Website: www.agholding.com
LinkedIn: https://www.linkedin.com/company/asia-general-group-of-companies
Office Map: https://maps.app.goo.gl/Xnzfu6Lf4rqCexAs8