OptiVox ICT Solution

OptiVox ICT Solution OptiVox ICT Solution is a trusted provider of innovative IT services, delivering tailored solutions to support business growth and digital transformation.

.com⁠ နဲ့ အီးမေးလ် ပို့နေတုန်းပဲလား? သင့်လုပ်ငန်းရဲ့ ယုံကြည်စိတ်ချရမှုကို Custom Business Email နဲ့ မြှင့်တင်လိုက်ပါ! 📧💼...
23/09/2026

.com⁠ နဲ့ အီးမေးလ် ပို့နေတုန်းပဲလား? သင့်လုပ်ငန်းရဲ့ ယုံကြည်စိတ်ချရမှုကို Custom Business Email နဲ့ မြှင့်တင်လိုက်ပါ! 📧💼

Customer တွေ၊ Partner တွေဆီ အရေးကြီးတဲ့ quotation တွေ၊ Proposal တွေ ပို့တဲ့အခါ သာမန် Free Email (⁠[email protected]⁠) ကို သုံးနေတုန်းပဲဆိုရင် သင့်လုပ်ငန်းရဲ့ ယုံကြည်ရမှု (Brand Credibility) ကို အားနည်းစေနိုင်ပါတယ်။

ခေတ်မီဆန်းသစ်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုမှာ ကိုယ်ပိုင် Domain နာမည်ပါတဲ့ အီးမေးလ် (⁠ဥပမာအနေနဲ့ [email protected]) ရှိထားခြင်းက လုပ်ငန်းရဲ့ Professional ပုံရိပ်ကို ချက်ချင်း တည်ဆောက်ပေးနိုင်ပါတယ်။

OptiVox ICT Solutions ရဲ့ Business Email Service က သင့်လုပ်ငန်းအတွက် ဒီလို အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်မှာပါ -

✅ Professional Brand Image: Customer တွေရဲ့ ယုံကြည်မှုကို ချက်ချင်း ရရှိစေပြီး သင့်လုပ်ငန်းကို ပိုမို ခိုင်မာလေးနက် စေခြင်း။

✅ Complete Data Security & Control: ဝန်ထမ်း အပြောင်းအလဲရှိလျှင်ပင် အဖွဲ့အစည်းတွင်း အချက်အလက်များ မပေါက်ကြားစေရန် စနစ်တကျ ထိန်းချုပ်/စီမံနိုင်ခြင်း။

✅ High Deliverability & Spam Protection: မိမိ ပို့လိုက်သော အီးမေးလ်များ Spam Folder ထဲ မရောက်ဘဲ Customer ရဲ့ Inbox ထဲ အတိအကျ ရောက်ရှိစေခြင်း။

✅ Cloud Storage & Sync: ဖုန်း၊ Laptop၊ Tablet မည်သည့် Device တွင်မဆို စနစ်တကျ Cloud Sync လုပ်ပြီး အလွယ်တကူ အသုံးပြုနိုင်ခြင်း။

အီးမေးလ် Setup လုပ်ခြင်း၊ Setup Domain ပြင်ဆင်ခြင်းမှစ၍ နည်းပညာဆိုင်ရာ အခက်အခဲများကို OptiVox ၏ ကျွမ်းကျင် အဖွဲ့သားများက အစအဆုံး တာဝန်ယူ စီစဉ်ပေးသွားမှာပါ။

သင့်လုပ်ငန်းရဲ့ ပုံရိပ်ကို အဆင့်မြှင့်တင်ဖို့ အခုပဲ အသေးစိတ် အခမဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ! 📥💬

Contact Us
OptiVox ICT Solutions
📱 Phone | (+95) 9 753788354
📧 Email | [email protected]
🌐 Website | www.optivox.info
🔹 Telegram | t.me/optivoxictsolution
🔹 Instagram | goo.su/7zydT
🔹 TikTok | goo.su/og4XXo

21/09/2026

အွန်လိုင်း Meeting တွေမှာ မရှိမဖြစ် သုံးသင့်တဲ့ အသုံးအများဆုံး Meeting Apps (၃) ခု 💻🎯
1️⃣ Zoom 2️⃣ Meet 3️⃣ Teams

အွန်လိုင်း Meeting တွေမှာ မရှိမဖြစ် သုံးသင့်တဲ့ အသုံးအများဆုံး Meeting Apps (၃) ခု 💻🎯ယနေ့ခေတ် Remote Working နဲ့ အွန်လို...
21/09/2026

အွန်လိုင်း Meeting တွေမှာ မရှိမဖြစ် သုံးသင့်တဲ့ အသုံးအများဆုံး Meeting Apps (၃) ခု 💻🎯

ယနေ့ခေတ် Remote Working နဲ့ အွန်လိုင်းစီးပွားရေးမှာ အဖွဲ့အစည်းနဲ့ဖြစ်စေ၊ Customer တွေနဲ့ဖြစ်စေ အစည်းအဝေးထိုင်ဖို့ဆိုရင် လျင်မြန်ပြီး လုံခြုံ စိတ်ချရတဲ့ Meeting Platform တစ်ခု အသုံးပြုဖို့ လိုအပ်ပါတယ်။
လုပ်ငန်းရှင်တွေ၊ SME တွေနဲ့ အဖွဲ့အစည်းတွေကြားမှာ အသုံးအများဆုံးနဲ့ လုပ်ငန်းစဉ်တွေကို အထောက်အကူပြုနိုင်မယ့် အဓိက Meeting Apps (၃) ခုအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

🔹 ၁။ Zoom Meetings

➡️ အဓိက အားသာချက် အနေနဲ့ အသုံးပြုရ အလွန်လွယ်ကူပြီး မျက်နှာပြင် Share တာ၊ Recording ရိုက်တာနဲ့ Breakout Rooms ခွဲတာတွေမှာ ကောင်းမွန်ပါတယ်။

➡️Online Training များ၊ Webinars များနဲ့ လူအများအပြား ပါဝင်တဲ့ အစည်းအဝေးများ ပြုလုပ်မယ့် လုပ်ငန်းများအတွက်အသင့်တော်ဆုံးဖြစ်ပါတယ်။

🔹 ၂။ Google Meet

➡️အဓိက အားသာချက် အနေနဲ့ Google Account တစ်ခုရှိရုံနဲ့ လွယ်ကူစွာ သုံးနိုင်ပြီး Software ထပ်မံ Install လုပ်စရာမလိုဘဲ Browser ထဲကနေ တိုက်ရိုက် အသုံးပြုနိုင်ပါတယ်။

➡️ Google Workspace သုံးစွဲနေတဲ့ လုပ်ငန်းများနဲ့ လျင်မြန်စွာ Meeting Link ပို့ပြီး အစည်းအဝေး တက်ရောက်ချင်တဲ့ Online Shop များ၊ Solopreneurs များအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

🔹 ၃။ Microsoft Teams
➡️အဓိက အားသာချက် အနေနဲ့ Word, Excel, PowerPoint စတဲ့ Microsoft 365 ဖိုင်တွေကို အစည်းအဝေး လုပ်နေရင်း တိုက်ရိုက် တည်းဖြတ်နိုင်ပြီး Data လုံခြုံရေး ပိုမိုမြင့်မားပါတယ်။

➡️စာရွက်စာတမ်း ပူးပေါင်းလုပ်ဆောင်မှု အများကြီး လိုအပ်တဲ့ Company ကြီးများနဲ့ Organization များအတွက်အသင့်တော်ဆုံးဖြစ်ပါတယ်။

✨ သင့်လုပ်ငန်းအတွက် အဆင်ပြေဆုံး Meeting App နဲ့ လုံခြုံစိတ်ချရတဲ့ Email, Cloud စနစ်တွေကို စနစ်တကျ တပ်ဆင် ချိတ်ဆက်ချင်တယ်ဆိုရင် OptiVox ICT Solutions က အစဉ်သင့် ရှိနေပါပြီ။

အသေးစိတ် တိုင်ပင်ဆွေးနွေးချင်ပါက အခုပဲ ဆက်သွယ်လိုက်ပါ! 📥
Contact Us
OptiVox ICT Solutions
📱 Phone | (+95) 9 753788354
📧 Email | [email protected]
🌐 Website | www.optivox.info
🔹 Telegram | t.me/optivoxictsolution
🔹 Instagram | goo.su/7zydT
🔹 TikTok | goo.su/og4XXo

တစ်နေ့တာ လုပ်ငန်းခွင်မှာ အမေးရဆုံးနဲ့ သုံးရအကောင်းဆုံး AI App ဆိုရင် ဘာကို ပထမဆုံး ရွေးမလဲ? 🤖✨အခုနောက်ပိုင်း စီးပွားရေးန...
19/09/2026

တစ်နေ့တာ လုပ်ငန်းခွင်မှာ အမေးရဆုံးနဲ့ သုံးရအကောင်းဆုံး AI App ဆိုရင် ဘာကို ပထမဆုံး ရွေးမလဲ? 🤖✨

အခုနောက်ပိုင်း စီးပွားရေးနဲ့ နည်းပညာလောကမှာ AI Tools တွေက မရှိမဖြစ် နေရာယူလာပါပြီ။ မတူညီတဲ့ AI App တွေမှာလည်း တစ်ခုနဲ့တစ်ခု မတူတဲ့ စွမ်းဆောင်ရည်ကိုယ်စီ ရှိကြပါတယ်။

OptiVox ရဲ့ Page ကို လာရောက်မေးမြန်းကြတဲ့အထဲမှာရော၊ ကိုယ်တိုင်နေ့စဉ် အသုံးများနေတဲ့ အထဲမှာရော...

👉 "တစ်နေ့တာမှာ အမေးရဆုံးနဲ့ သုံးရအကောင်းဆုံး AI App" ဆိုရင် အစ်ကို/အစ်မတို့အတွက် ဘာဖြစ်မလဲ?

1️⃣ ChatGPT - မေးသမျှအကုန်ဖြေပြီး စာရေး/ကုဒ်ရေးဖို့ လူသုံးအများဆုံး

2️⃣ Gemini - Real-time Data ရှာရတာမြန်ပြီး Google Ecosystem နားလည်သူများအတွက်

3️⃣ DeepSeek - Logic / Coding နက်နဲပြီး Reasoning ပိုင်း အားကောင်းကောင်းသုံးချင်သူများအတွက်

4️⃣ Claude - စာအမြောက်အမြားကို သဘာဝကျကျနဲ့ တိတိကျကျ ရေးသားဖတ်ရှုပေးနိုင်သူ

5️⃣ Qwen - Multilingual နဲ့ Open-source ပိုင်း စွမ်းဆောင်ရည်မြင့်မားတဲ့ AI

အလုပ်ခွင်နဲ့ အိမ်မှာ အသုံးအများဆုံးဖြစ်နေတဲ့ မိမိရဲ့ Favorite AI App လေးကို Comment မှာ နံပါတ်လေးတွေနဲ့ အပြန်အလှန် မျှဝေသွားကြရအောင်ပါ! 👇

Contact Us
OptiVox ICT Solutions
📱 Phone | (+95) 9 753788354
📧 Email | [email protected]
🌐 Website | www.optivox.info
🔹 Telegram | t.me/optivoxictsolution
🔹 Instagram | goo.su/7zydT
🔹 TikTok | goo.su/og4XXo

💳 အွန်လိုင်းငွေပေးချေမှု (Online Payment) ပြုလုပ်ရာတွင် အဓိက သတိထားရမည့် (၅) ချက်  ယနေ့ခေတ် Mobile Banking နဲ့ Digital W...
18/09/2026

💳 အွန်လိုင်းငွေပေးချေမှု (Online Payment) ပြုလုပ်ရာတွင် အဓိက သတိထားရမည့် (၅) ချက်

ယနေ့ခေတ် Mobile Banking နဲ့ Digital Wallet တွေ ခေတ်စားလာတာနဲ့အမျှ အွန်လိုင်း ငွေလွှဲ/ငွေပေးချေမှုတွေမှာ လိမ်လည်လှည့်ဖြားမှု (Scams) တွေပါ ပိုမိုများပြားလာပါတယ်။ မြန်မာနိုင်ငံက Online Shop တွေ၊ လုပ်ငန်းရှင်တွေနဲ့ သုံးစွဲသူများ ငွေကြေးဆုံးရှုံးမှုမရှိစေဖို့ အဓိက သတိထားရမည့် အချက်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

📌 ၁။ OTP နှင့် PIN နံပါတ်များကို မည်သူ့ကိုမျှ မမျှဝေပါနှင့်

မည်သည့် Bank သို့မဟုတ် Digital Wallet ဝန်ဆောင်မှုအဖွဲ့အစည်းကမျှ သုံးစွဲသူ၏ OTP code သို့မဟုတ် Password/PIN ကို တောင်းခံမည်မဟုတ်ပါ။
"ဝန်ဆောင်မှုမသမာမှု စစ်ဆေးရန်" သို့မဟုတ် "ဆုကြေးပေါက်၍" ဟုဆိုကာ OTP တောင်းခံပါက လုံးဝမပေးပါနှင့်။

📌 ၂။ မသင်္ကာဖွယ် Link များမှ APK ဒေါင်းလုဒ်ဆွဲခြင်း နှင့် Screen Sharing ရှောင်ကြဉ်ပါ

SMS၊ Messenger သို့မဟုတ် Telegram မှတစ်ဆင့် ပေးပို့လာသော မသိရှိသည့် Link များကို မနှိပ်ပါနှင့်။
AnyDesk၊ TeamViewer ကဲ့သို့ Screen Sharing App များ သို့မဟုတ် ပြင်ပ APK များ ထည့်သွင်းခိုင်းပါက လုံးဝ ငြင်းပယ်ပါ။

📌 ၃။ Fake Slip (ငွေလွှဲပြေစာအတု) နှင့် QR Code များကို စနစ်တကျ စစ်ဆေးပါ

Online Shop များအနေဖြင့် ငွေလွှဲပြေစာ (Slip) တစ်ခုတည်းကို မယုံကြည်ဘဲ မိမိ၏ Banking App ထဲတွင် ငွေအမှန်တကယ် ဝင်/မဝင် ပုံမှန် စစ်ဆေးပါ။
Merchant QR Scan ဖတ်၍ ငွေပေးချေရာတွင် လက်ခံမည့် အကောင့်အမည် (Account Name) မှန်ကန်ကြောင်း အမြဲ အတည်ပြုပါ။

📌 ၄။ အများသုံး Public Wi-Fi များတွင် ငွေပေးချေမှု မပြုလုပ်ပါနှင့်

ကာကွယ်မှုမရှိသော အများသုံး Wi-Fi Network များကို အသုံးပြု၍ Banking Apps များ ပုံမှန်မသုံးသင့်ပါ။
အရေးကြီး ငွေလွှဲမှုများပြုလုပ်ပါက မိမိ၏ Mobile Data သို့မဟုတ် လုံခြုံသော Network ကိုသာ အသုံးပြုပါ။

📌 ၅။ Account Alert နှင့် Transaction History များကို အမြဲ စောင့်ကြည့်ပါ

Banking App များတွင် SMS/Notification Alert စနစ်များကို ဖွင့်ထားပါ။
မသင်္ကာဖွယ် ငွေထုတ်ယူမှု သို့မဟုတ် လှုပ်ရှားမှုတွေ့ရှိပါက သက်ဆိုင်ရာ ဘဏ်/Wallet စင်တာသို့ ချက်ချင်း ဆက်သွယ်၍ အကောင့် ခေတ္တ ပိတ်ခိုင်းပါ။

သင့်လုပ်ငန်း၏ Cyber Security နှင့် IT Infrastructure ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရမှုများအတွက် OptiVox ICT Solutions မှ အစဉ်အမြဲ တိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ 🔐🚀

Contact Us
OptiVox ICT Solutions
📱 Phone | (+95) 9 753788354
📧 Email | [email protected]
🌐 Website | www.optivox.info
🔹 Telegram | t.me/optivoxictsolution
🔹 Instagram | goo.su/7zydT
🔹 TikTok | goo.su/og4XXo

17/09/2026

🤖💡AI ကိုမေးလိုက်တိုင်းတစ်လွဲတွေပဲထွက်နေတာဘာကြောင့်လဲ
အမှန်ထွက်အောင်ဘယ်လိုခိုင်းကြမလဲ

AI ဆီက လိုချင်တဲ့ အဖြေအတိအကျ ရရှိဖို့ Prompt ကို ဘယ်လိုစနစ်တကျ ပေးမလဲ? 🤖💡AI ကို မေးခွန်းမေးသည့်အခါ လိုချင်သည့် အဖြေအတိအက...
17/09/2026

AI ဆီက လိုချင်တဲ့ အဖြေအတိအကျ ရရှိဖို့ Prompt ကို ဘယ်လိုစနစ်တကျ ပေးမလဲ? 🤖💡

AI ကို မေးခွန်းမေးသည့်အခါ လိုချင်သည့် အဖြေအတိအကျ မရရှိခြင်းမှာ Prompt မပြည့်စုံခြင်းကြောင့် ဖြစ်လေ့ရှိပါသည်။ "မကောင်းသော Prompt" နှင့် "စနစ်ကျသော Prompt" ၏ ကွာခြားချက်များကို အောက်ပါ ဥပမာများတွင် နှိုင်းယှဉ်လေ့လာနိုင်ပါသည်။

🧠 Prompt ရေးရာတွင် ပါဝင်ရမည့် အဓိက အချက် (၅) ချက်

1. Role (ရာထူး/စရိုက် သတ်မှတ်ပါ): AI ကို ဘယ်သူ့နေရာကနေ စဉ်းစားရမလဲ ပြောပြပါ။ (ဥပမာ - Senior Marketer, IT Specialist)

2. Task (အဓိက အလုပ်): ဘာလုပ်ခိုင်းချင်တာလဲ တိကျစွာ ခိုင်းစေပါ။ (ဥပမာ - Write 3 headlines, Summarize this article)

3. Context (နောက်ခံ အချက်အလက်): ဘယ်သူ့အတွက်လဲ၊ ဘာအကြောင်းလဲ ရှင်းပြပါ။ (ဥပမာ - Target audience, Product details)

4. Constraints (ကန့်သတ်ချက်များ): စာလုံးရေ၊ အရေအတွက်၊ အသုံးအနှုန်း (Tone) သတ်မှတ်ပါ။ (ဥပမာ - Under 100 words, Professional tone)

5. Format (အထွက် ပုံစံ): ဘယ်လို ပုံစံမျိုးနဲ့ အဖြေထုတ်ပေးရမလဲ သတ်မှတ်ပါ။ (ဥပမာ - Bullet points, Markdown Table)

📌 ဥပမာ တစ်ခုအနေနဲ့ Facebook Ad Content ရေးခိုင်းတဲ့အခါ

❌ ဒီလိုရေးပြီးမခိုင်းပါနဲ့ : "Coffee Shop အတွက် Facebook စာသား ရေးပေးပါ။"

✅ ဒီလိုရေးပြီးခိုင်းပါ : You are an expert Senior Digital Marketer (Role). Write 3 engaging Facebook ad headlines (Task) for a premium coffee shop targeting young working professionals in Yangon (Context). Use short bullet points, keep each headline under 10 words, and use an energetic modern tone (Format & Constraints)

AI ကို မှန်ကန်စွာ ခိုင်းစေသုံးစွဲနိုင်ခြင်းက လုပ်ငန်းခွင် အမြန်နှုန်းကို တိုးတက်စေပါသည်။ သင့်လုပ်ငန်းတွင် AI နည်းပညာများ စနစ်တကျ ပေါင်းစပ်အသုံးပြုနိုင်ရန် OptiVox ICT Solutions မှ အစဉ်အမြဲ အကူအညီပေးလျက်ရှိပါသည်။

Contact Us
OptiVox ICT Solutions
📱 Phone | (+95) 9 753788354
📧 Email | [email protected]
🌐 Website | www.optivox.info
🔹 Telegram | t.me/optivoxictsolution
🔹 Instagram | goo.su/7zydT
🔹 TikTok | goo.su/og4XXo

"ခေတ်မီနည်းပညာလောကတွင် ရှေ့ဆောင်လမ်းပြနေကြသော၊ စိတ်ကူးသစ်များဖြင့် လုပ်ငန်းခွင်ကို အသက်ဝင်စေသော၊ စွမ်းရည်ထက်မြက်သည့် မြန...
03/07/2026

"ခေတ်မီနည်းပညာလောကတွင် ရှေ့ဆောင်လမ်းပြနေကြသော၊ စိတ်ကူးသစ်များဖြင့် လုပ်ငန်းခွင်ကို အသက်ဝင်စေသော၊ စွမ်းရည်ထက်မြက်သည့် မြန်မာအမျိုးသမီးတိုင်းကို OptiVox ICT Solutions မှ လေးစားဂုဏ်ပြုအပ်ပါသည်။"

ခေတ်ကာလများ ပြောင်းလဲလာသည်နှင့်အမျှ စီးပွားရေး၊ နည်းပညာ၊ လူမှုရေးကဏ္ဍပေါင်းစုံတွင် ဦးဆောင်နေကြသော အမျိုးသမီးများ၏ အခန်းကဏ္ဍသည် ပိုမိုထင်ရှားလာပါသည်။ လုပ်ငန်းခွင်တွင် တီထွင်ဖန်တီးမှုများ၊ ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် တည်ဆောက်နေကြသော အမျိုးသမီးများအားလုံးသည် ကျွန်ုပ်တို့၏ အောင်မြင်မှုအတွက် အရေးပါသော ခွန်အားများ ဖြစ်ကြပါသည်။
ဒီနေ့လို ထူးခြားတဲ့နေ့မှာ -

✨ စိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေကြတဲ့ အမျိုးသမီးများ၊
✨ လုပ်ငန်းခွင်မှာ ကြိုးစားအားထုတ်နေကြတဲ့ အမျိုးသမီးများ၊
✨ မိမိဝါသနာကို အသက်မွေးဝမ်းကျောင်းအဖြစ် ပြောင်းလဲနေကြတဲ့ အမျိုးသမီးများ အားလုံးအတွက် OptiVox က အမြဲအသင့်ရှိနေပါတယ်။
သင်၏ စွမ်းဆောင်ရည်တွေကို ဒစ်ဂျစ်တယ်ကမ္ဘာမှာ ပိုမိုထင်ရှားအောင် ပံ့ပိုးပေးဖို့ OptiVox က အမြဲ အဆင်သင့်ရှိနေပါတယ်ခင်ဗျာ။

မြန်မာအမျိုးသမီးများနေ့တွင် အမျိုးသမီးတိုင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 💐

"တပ်ဆင်တာကအစ၊ ရုံးခန်းပြောင်းလို့ နေရာရွှေ့တာနဲ့ Maintenance လုပ်တာအဆုံး... CCTV နဲ့ပတ်သက်ရင် OptiVox ကိုပဲ ယုံကြည်စိတ်ခ...
27/06/2026

"တပ်ဆင်တာကအစ၊ ရုံးခန်းပြောင်းလို့ နေရာရွှေ့တာနဲ့ Maintenance လုပ်တာအဆုံး... CCTV နဲ့ပတ်သက်ရင် OptiVox ကိုပဲ ယုံကြည်စိတ်ချနိုင်ပါပြီ🛠️🔒

"စက်ရုံ၊ ဆိုင်ခန်းမှာ ဝန်ထမ်းတွေ သေသေချာချာ အလုပ်လုပ်ရဲ့လား..."
"ရုံးပိတ်ရက်တွေ၊ ခရီးသွားနေတဲ့အချိန်တွေမှာကော ပစ္စည်းတွေ စိတ်ချရရဲ့လား..."

ဒီလို စိုးရိမ်စိတ်တွေအားလုံးကို အပြီးတိုင် မောင်းထုတ်ပစ်ဖို့ ဖုန်းလေးတစ်လုံးရှိရုံနဲ့ (၂၄) နာရီပတ်လုံး အလင်း/အမှောင်မရွေး စောင့်ကြည့်ကာကွယ်နိုင်မယ့် OptiVox ICT Solutions ရဲ့ အလုံးစုံအပြီးအစီး CCTV 3-in-1 Services နဲ့ မိတ်ဆက်ပေးပါရစေ။ 👇✨

🛠️ OptiVox ရဲ့ CCTV ဝန်ဆောင်မှု (၃) မျိုး
၁။ CCTV Installation Service (အသစ်စက်စက် တပ်ဆင်ခြင်း) 👁️

အိုင်တီကျွမ်းကျင် အင်ဂျင်နီယာများကိုယ်တိုင် Blind Spots (မျက်ကွယ်နေရာ) မရှိစေဘဲ ကင်မရာထောင့် (Angles) များကို စနစ်တကျ တွက်ချက်ပြီး ရုပ်ထွက်ကြည်လင်ပြတ်သားတဲ့ HD & Night Vision ကင်မရာများကို အိမ်/ရုံးခန်း အလှမပျက်စေဘဲ သပ်သပ်ရပ်ရပ် တပ်ဆင်ပေးပါတယ်။

ကမ္ဘာ့ဘယ်နေရာကနေမဆို ဖုန်းထဲကနေ Live လှမ်းကြည့်နိုင်အောင် Smart AI Remote Viewing System ကိုပါ တစ်ပါတည်း Setup လုပ်ပေးမှာဖြစ်လို့ ရာနှုန်းပြည့် စိတ်ချရပါတယ်။

၂။ CCTV Relocation Service (နေရာရွှေ့ပြောင်း တပ်ဆင်ခြင်း) 🚚

ရုံးခန်းနေရာပြောင်းလို့ပဲဖြစ်ဖြစ်၊ ဆိုင်ခန်းအသစ် ရွှေ့လို့ပဲဖြစ်ဖြစ် ရှိပြီးသား CCTV စနစ်ဟောင်းတွေကို စက်ပစ္စည်းတွေ ထိခိုက်ပျက်စီးမှုမရှိစေဘဲ စနစ်တကျ ဖြုတ်သိမ်းပေးပြီး နေရာအသစ်မှာ Network ကြိုးလိုင်းများအပါအဝင် အစမှအဆုံး သပ်သပ်ရပ်ရပ် ပြန်လည်ရွှေ့ပြောင်း တပ်ဆင်ပေးပါတယ်။

၃။ CCTV Maintenance Service (ပုံမှန်စစ်ဆေး ပြုပြင်ထိန်းသိမ်းခြင်း) 🔧

"CCTV တော့ တပ်ထားတယ်... တကယ်အရေးကြုံလို့ လှမ်းကြည့်တော့မှ လိုင်းကျနေတယ်၊ Record မဝင်ထားဘူး" ဆိုတဲ့ ပြဿနာမျိုး မဖြစ်ရအောင် လက်ရှိတပ်ဆင်ထားတဲ့ ကင်မရာဟောင်းတွေကို Error ကင်းစင်စေဖို့ ကြိုးလိုင်းစစ်ဆေးခြင်း၊ Storage (HDD) စစ်ဆေးခြင်းနှင့် ဆော့ဖ်ဝဲလ် Update ပြုလုပ်ပေးခြင်းတို့ကို အသေးစိတ် ပြုပြင်ထိန်းသိမ်းပေးပါတယ်။

CCTV ဆိုတာ ဝယ်ပြီး တပ်လိုက်ရုံရုံနဲ့ မပြီးပါဘူး။ နည်းပညာပိုင်းအရ Network ချိတ်ဆက်မှု မှန်ကန်ဖို့နဲ့ ရေရှည်မှာ စိတ်ချရဖို့က ပိုအရေးကြီးပါတယ်။ OptiVox က တပ်ဆင်၊ ရွှေ့ပြောင်း၊ ပြုပြင်ပေးရုံတင်မကဘဲ စိတ်ချရတဲ့ After-Sales Service ကိုပါ အမြဲတာဝန်ယူပေးတာမို့လို့ ယုံကြည်မှုအပြည့်နဲ့ လက်တွဲနိုင်ပါတယ်ဗျာ။

CCTV အသစ်တပ်ချင်တာပဲဖြစ်ဖြစ်၊ ရှိပြီးသားကို နေရာရွှေ့ချင်/ပြုပြင်ချင်တာပဲဖြစ်ဖြစ်... အခမဲ့ (Free) Site Survey ဆင်းပြီး တွက်ချက် အကြံပြုပေးစေချင်ရင် အခုပဲ Messenger မှာ "CCTV" လို့ စာပို့ပြီး လူကြီးမင်းတို့ရဲ့ လိုအပ်ချက်ကို လှမ်းပြောခဲ့လိုက်ပါဦးဗျာ! 📥💬

Contact Us
OptiVox ICT Solutions
📱Phone : (+95) 9 753788354
📧 Email : [email protected]
🔹 Telegram : t.me/optivoxictsolution
🔹 Instagram : goo.su/7zydT
🔹 TikTok : goo.su/og4XXo

"ငွေကြေးနဲ့ အရေးကြီးအချက်အလက်တွေ ခိုးယူမခံရဖို့... အခုခေတ်မှာ မဖြစ်မနေ သိထားရမည့် Digital Security လျှို့ဝှက်ချက်များ! 🔒...
25/06/2026

"ငွေကြေးနဲ့ အရေးကြီးအချက်အလက်တွေ ခိုးယူမခံရဖို့... အခုခေတ်မှာ မဖြစ်မနေ သိထားရမည့် Digital Security လျှို့ဝှက်ချက်များ! 🔒💰📱

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ Hacker တွေ၊ Hacker အတုအယောင် လိမ်လည်သူ (Scammers) တွေရဲ့ ပရိယာယ်တွေကလည်း ပိုပြီး ပါးနပ်လာကြပါတယ်။ ကိုယ့်ရဲ့ ဘဏ်အကောင့်၊ Social Media အကောင့်တစ်ခုခု ပါသွားပြီဆိုတာနဲ့ လုပ်ငန်းတစ်ခုလုံးပါ ရစရာမရှိအောင် ပျက်စီးသွားတတ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ငွေကြေးနဲ့ လုပ်ငန်းတွေကို အွန်လိုင်းဓားပြတွေရန်ကနေ ကာကွယ်ဖို့အတွက် OptiVox ICT Solutions ကနေ မဖြစ်မနေ သတိပြုရမယ့် အချက်တွေကို မျှဝေပေးလိုက်ပါတယ်ဗျာ 👇✨

❌ ၁။ OTP (One-Time Password) ကို ဘယ်သူ့ကိုမှ လုံးဝ (လုံးဝ) မပြောပါနဲ့ 📵

အဖြစ်များဆုံးအမှား

"ဘဏ်ကပါ၊ ကံစမ်းမဲပေါက်လို့ပါ၊ အကောင့် Error တက်လို့ပါ" ဆိုပြီး ဖုန်းဆက်တောင်းရင် ဖြစ်ဖြစ်၊ Chat Box ကနေ လာတောင်းရင် ဖြစ်ဖြစ် လုံးဝ မပေးပါနဲ့။

သတိပြုရန်

ဘဏ်ဝန်ထမ်းပဲဖြစ်ဖြစ်၊ ဘယ် Page ရဲ့ VIP Support ပဲဖြစ်ဖြစ် သင့်ဆီက OTP နံပါတ်ကို လုံးဝ တောင်းပိုင်ခွင့် မရှိပါဘူး။ OTP ပေးလိုက်တာနဲ့ သင့်အကောင့်ထဲက ငွေတွေ အကုန်လုံးကို သူတို့လက်ထဲ ထည့်ပေးလိုက်တာနဲ့ အတူတူပါပဲ။

💳 ၂။ ဘဏ်အကောင့် (Bank Account) နှင့် ငွေကြေးလုံခြုံရေး 🏦

လင့်ခ် (Links) တိုင်းကို လျှောက်မနှိပ်ပါနဲ့

"သင့်ဘဏ်အကောင့် ပိတ်ခံရတော့မည်၊ အောက်ကလင့်ခ်မှာ အမြန် Update လုပ်ပါ" ဆိုတဲ့ စာတို (SMS) တွေ၊ အီးမေးလ်တွေက တကယ့်ဘဏ်က ပို့တာ မဟုတ်ပါဘူး။ သူတို့ပေးတဲ့ လင့်ခ်ထဲ ဝင်ပြီး Password ရိုက်လိုက်တာနဲ့ အကောင့်ပါသွားပါလိမ့်မယ်။

စစ်ဆေးပါ

ဘဏ် application တွေ သုံးတဲ့အခါ တရားဝင် Official App ဟုတ်မဟုတ် အမြဲစစ်ဆေးပြီး၊ အများသုံး Wi-Fi (Public Wi-Fi) တွေ ချိတ်ဆက်ထားချိန်မှာ ဘဏ် Account လော့ဂ်အင်ဝင်ခြင်း၊ ငွေလွှဲခြင်းမျိုးကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။

🔐 ၃။ Social Media အကောင့်များနှင့် Password ဗျူဟာ 📱

Two-Factor Authentication (2FA) ဖွင့်ထားပါ

ဒါက အရေးကြီးဆုံးပါ။ page ကိုင်ထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်အကောင့်ကို အပြာရောင်အမှန်ခြစ် (Blue Tick) တင်မကဘဲ Two-Factor Authentication (ခံတပ် ၂ ထပ်စနစ်) ကို မဖြစ်မနေ ဖွင့်ထားရပါမယ်။

Password ခန့်မှန်းရ ခက်ပါစေ

ကိုယ့်မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်တွေကို Password ပေးတာမျိုး လုံးဝမလုပ်ပါနဲ့။ စာလုံးကြီး၊ စာလုံးသေး၊ ဂဏန်းနဲ့ သင်္ကေတ ⁠@, #, $⁠ တွေကို ရောနှောပြီး ပေးပါ။

Digital Security မှာ အားအနည်းဆုံး ကွင်းဆက်က နည်းပညာမဟုတ်ပါဘူး၊ "လူတွေရဲ့ အမှုမဲ့အမှတ်မဲ့ ဖြစ်မှု" သာ ဖြစ်ပါတယ်။ တစ်ချက်လေး သတိလွတ်သွားတာနဲ့ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ငွေကြေးတွေ၊ Brand Trust တွေ ပျောက်ဆုံးသွားနိုင်ပါတယ်။
"ကိုယ့်ရုံးခန်းရဲ့ နည်းပညာပိုင်းတွေ၊ Data Security တွေ၊ Network စနစ်တွေကော စိတ်ချရရဲ့လား? Hacker တွေရန်ကနေ ဘယ်လို ကြိုတင်ကာကွယ်ရမလဲ..." ဆိုရင်တော့ 🛠️🛡️
OptiVox ICT Solutions က အသင့်ရှိနေပါတယ်။ ကျွန်တော်တို့က သင့်လုပ်ငန်းရဲ့ —
✅ အရေးကြီး Data များ မပျောက်ပျက်အောင် Backup စနစ်များ ပြုလုပ်ပေးခြင်း
✅ ရုံးတွင်း Network လုံခြုံရေးနှင့် Antivirus စနစ်များ စနစ်တကျ တပ်ဆင်ပေးခြင်း
✅ စိတ်ချရဆုံးဖြစ်မယ့် Corporate IT Support & Maintenance ဝန်ဆောင်မှုများဖြင့် အနီးကပ် ကာကွယ် စောင့်ရှောက်ပေးနေပါတယ်ဗျာ။ 🤝🚀

ဒီပို့စ်လေးက ကိုယ့်မိတ်ဆွေတွေ၊ လုပ်ငန်းရှင်တွေ လိမ်လည်မခံရအောင် သိထားသင့်တဲ့အချက်မို့လို့ Share ပေးပြီး အသိပေးလိုက်ပါဦးနော်။ ကိုယ့်လုပ်ငန်းရဲ့ IT Security ပိုင်းကို အဆင့်မြှင့်တင်ဖို့ အခမဲ့ တိုင်ပင်ချင်ရင်တော့ Messenger မှာ အခုပဲ လာရောက် ဆွေးနွေးနိုင်ပါပြီခင်ဗျာ! 📥💬
Contact Us
OptiVox ICT Solutions
📱Phone : (+95) 9 753788354
📧 Email : [email protected]
🔹 Telegram : t.me/optivoxictsolution
🔹 Instagram : goo.su/7zydT
🔹 TikTok : goo.su/og4XXo

⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ #လုပ်ငန်းရှင်များအတွက်⁠ ⁠ #အွန်လိုင်းလုံခြုံရေး⁠

ပေးတာမျိုး လုံးဝမလုပ်ပါနဲ့။ စာလုံးကြီး၊ စာလုံးသေး၊ ဂဏန်းနဲ့ သင်္ကေတ ⁠@, #, $⁠ တွေကို ရောနှောပြီ

Address

8B , Hledan Road , 3 Ward
Kamayut
11041

Alerts

Be the first to know and let us send you an email when OptiVox ICT Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share