MMP ICT Solutions

MMP ICT Solutions Computer Repair Services, CCTV Installation & Network Solution

31/12/2020

💙 2021 နှစ်သစ်မှာ ကျန်းမာ‌ ‌ပျော်ရွှင် ကြပါစေ...
ICT Solution

🎯ကဲ ကျတော်တို့ MMP ICT Solutionမှာလဲ Computer ဆက်စပ်ပစ္စည်းများကို ဝယ်ယူအားပေးနိုင်ပါပြီ ခင်ဗျာ.... 🎯Computer Services &...
02/12/2020

🎯ကဲ ကျတော်တို့ MMP ICT Solutionမှာလဲ Computer ဆက်စပ်ပစ္စည်းများကို ဝယ်ယူအားပေးနိုင်ပါပြီ ခင်ဗျာ....

🎯Computer Services & Network Solution &CCTV Installation & ရုံးပိုင်း IT Maintenanceပိုင်းများကို ဈေးနှုန်းချိုသာစွာ ဆောင်ရွက်ပေးနေပါပြီခင်ဗျာ......

✓MMP ICT Solutions
📱09452000250
✓Thanks

🎯လေးစားရပါ‌သော Customerများခင်ဗျာ😍😍အစ်ကိုတို့အစ်မတို့ အသုံးပြုနေတဲ့ Computerမှာ Window Crack Version တွေသုံးနေတုန်းပဲလား...
23/11/2020

🎯လေးစားရပါ‌သော Customerများခင်ဗျာ😍😍
အစ်ကိုတို့အစ်မတို့ အသုံးပြုနေတဲ့ Computerမှာ Window Crack Version တွေသုံးနေတုန်းပဲလား 😏
License Versionကိုပြောင်းသုံးကြည့်ပါ

🎯Windows 10 Pro keysကိုမှ ဈေးလေးက 20000MMKပဲကျသင့်မှာပါခင်ဗျာ

🎯Computer ကိုSmart ကျကျအသုံးပြုဖို့ License Keyလေးဝယ်သုံးစို့ 🎯

ကဲ SSDလေးတွေ ဝယ်ယူအားပေးလို့ရပါပြီခင်ဗျ😍😍🎯512GB SSD SATA Prices 70000MMK🎯240GB SSD SATA Prices 45000MMK🎯120GB SSD SATA P...
22/11/2020

ကဲ SSDလေးတွေ ဝယ်ယူအားပေးလို့ရပါပြီခင်ဗျ😍😍
🎯512GB SSD SATA Prices 70000MMK

🎯240GB SSD SATA Prices 45000MMK

🎯120GB SSD SATA Prices 27000MMK

ရန်ကုန် Delivery ဖြင့်ပို့ပေးပါတယ်နော်
နယ်မြို့များလဲ ငွေကြိုလွှဲရုံဖြင့် အရောက်ပို့ပေးပါတယ်ခင်ဗျာ......
ကျေးဇူးတင်ပါသည်

🎯အားလုံးပဲ မဂ်လာပါခင်ဗျာ...✍️ ဒီနေ့မှာတော့ Topology နှစ်မျိုးမှာမှ Physical Topology ရဲ့ Type တွေကိုမျှဝေပေးသွားမှာပဲဖြစ...
01/11/2020

🎯အားလုံးပဲ မဂ်လာပါခင်ဗျာ...

✍️ ဒီနေ့မှာတော့ Topology နှစ်မျိုးမှာမှ Physical Topology ရဲ့ Type တွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျ....
📌Topology နှစ်မျိုး အကြောင်းကို အရင်ပိုစ့်တစ်ခုမှာ ပြောပြပေးထားတော့ Topologyဟာဘာတွေလဲ ဘယ်လိုပုံစံ လဲဆိုတာသိရှိပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်ဗျ....
🎯ကဲ...ဒီတော့ Physical Topology Typeတွေကိုဖော်ပြပြီးတော့ ဘယ်လိုပုံစံအလုပ်လုပ်လဲဆိုတာာ စလိုက်ကြမယ်...
📌Physical Topology Type
✓ Bus Topology
✓ Ring Topology
✓ Star Topology
✓ Mesh Topology
✓ Hybric Topology ဆိုပြီးရှိကြပါတယ်....

🎯Bus Topology

Bus Topologyဆိုတာ Network Cable အရှည်တတစ်ချောင်း ထဲမှာပဲ Devices အားလုံးကလာရောက်ချိတ်ဆက်ကြတာပါ(Cable အဆုံးမှာတော့ Termination လုပ်ထားပါတယ်).....ဒါပေမယ့် အဲ့ဒီ Cable ပြတ်တောက်မှုတစ်စုံတစ်ရာဖြစ်ခဲ့ရင်တော့ Network တစ်ခုလုံး Down သွားမှာပါဗျ.....

🎯Ring Topology

Ring Topology ဟာလဲ Cable တစ်ချောင်းကိုပဲ Device အားလုံးကလာရောက်ချိတ်ဆက်တာပဲဖြစ်ပါတယ်.(Bus Topologyနဲ့မတူညီတာက Ring Topologyမှာ နောက်ဆုံး Device နှစ်ခုကို Ring ပုံစံနဲ့ချိတ်ဆက်လိုက်တာပါ).....အဲ့ဒီ Cableပျက်သွားရင် Network ဟာလည်း Downသွားမှာပါခင်ဗျ ဒါပေမယ့် Redundancyကို ရချင်ရင်တော့ Dual Ringဖြစ်အောင် နောက်ထပ်Cableတစ်ချောင်း ထပ်ထည့်ပြီး ချိတ်ဆက်ရပါမယ်.......

🎯 Star Topology

Star Topology မှာဆိုရင် End Devices တွေက Central Deviceအဖြစ် ထားရှိမယ့် Device (e.g Switch) ဆီကိုNetwork Cable အသုံးပြုပြီး Star ပုံစံ လာရောက်ချိတ်ဆက်ကြမှာပဲဖြစ်ပါတယ်.....
အဲ့ဒီSwitchသာ Down ခဲ့ရင်တော့ ချိတ်ဆက်ထားတဲ့Userတွေ ပါNetwork Connection Downသွားမှာပါခင်ဗျ....ဒါပေမယ့် အဲ့ဒီSwitchရဲ့ portတခုပဲDownတာဆိုရင်တော့ အဲ့ဒီ portကို ချိတ်ဆက်ထားတဲ့ Computerပဲ Connection Downမှာပါ ကျန်တဲ့ Computerတွေတေတာ့ Connectionရနေမှာပါ...
ကိုလိုချင်တဲ့ Networkက ကြီးရင်တေတာ့Switch အရေအတွက်များလာမှာာပါ....

🎯Mesh Topology

Mesh Topologyမှာတော့....Full Meshနဲ့ Partial Mesh ဆိုပြီး နှစ်မျိုးရှိပါတယ်...
👉Full Mesh ဆိုတာကတော့ Down Time လုံးဝရှိလို့မရတဲ့ Network ပဲဖြစ်ပါတယ်..သူမှာတော့ Device တွေအားလုံး ပတ်ချိတ်ပေးရပါတယ်.....
👉Partial Mesh ကတော့ Deviceအားလုံးပတ်မချိတ်တော့ဘဲ လိုအပ်တာကိုပဲပတ်ချိတ်တာကိုဆိုလိုတာပါ.......

🎯Hybric Topology

Hybric Topology ဆိုတာကတော့ Topology
နှစ်ခု ဒါမှမဟုတ် နှစ်ခုအထက်ပိုချိတ်ဆက်ထားတာကိုဆိုလိုတာပါ...(e.g Star and Mesh နှစ်ခုချိတ်ဆက်တာမျိုးကိုဆိုလိုတာပါ)

ပုံတွေကိုတော့ အောက်မှာ👇👇👇ပြပေးထားပါတယ်...
ဒီလောက်ဆိုရင် Physical Topology Typeအတွေရဲ့ အလုပ်လုပ်ပုံကိုနားလည်လိမ့်မယ်လို့ထထင်ပါတယ်....
နောက်ပို့စ်တွေမှာ တွေ့ကြမယ်နော်

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ....

✓ MMP ICT Solution
📱09452000250

🎯 အားလုံးပဲ မဂ်လာပါခင်ဗျာ.....✍️ဒီနေ့မှာတော့ Network အကြောင်း အခြေခံနဲ့ Network Topologyတွေ ကဘာတွေ ဘယ်လိုပုံစံအလုပ်လုပ်သ...
31/10/2020

🎯 အားလုံးပဲ မဂ်လာပါခင်ဗျာ.....

✍️ဒီနေ့မှာတော့ Network အကြောင်း အခြေခံနဲ့ Network Topologyတွေ ကဘာတွေ ဘယ်လိုပုံစံအလုပ်လုပ်သလဲဆိုတာ မျှဝေပေးပါမယ်......

🎯ဒီတော့ Network ဆိုတာ ဘယ်လိုမျိုးကို ခေါ်တာလဲ......
👉 Network ဆိုတာ Computer အချင်းချင်း၊ Switch တွေ ၊Routerတွေ ၊ Phone စတာတွေပေါ့ဗျာ
သူတို့တွေ ချိတ်ဆက် ဆက်သွယ်ဖို့ တည်ဆောက် ထားတဲ့ ကွန်ယက်တခုပဲ ဖြစ်ပါတယ်........
👉ဘာ ကြောင့် Networkကို အသုံးပြုကြတာလဲ....
ရှင်းပါတယ် Network ကို အသုံးပြုပြီးတော့ Computer အချင်းချင်း Fileတွေ Shareလို့ရမယ်၊ Data တွေပို့လို့ လက်ခံလို့ရမယ်၊ Mail ၊ Facebook ၊Viber စတာတွေပေါ့ဗျာ။ နောက်ထပ်ပြီးတော့ Network Printer တွေတို့ NASလိုပြောကြတဲ့ Network Attach Storage တွေ VOIP တွေပါသုံးလို့ရပါမယ်.... ဒီလို အသုံးပြုလို့ ရတာတွေဟာ Network အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။
ဒီလောက်ဆို Networkရဲ့ အရေးပါပုံကို သိရှ်ိလောက်ပြီထင်ပါတယ်.......

🎯 Network တစ်ခုကို ဘယ်လိုမျိုး တည်ဆောက်ကြမလဲဆိုတာလဲ အရေးကြီးပါတယ်

👉 Network တစ်ခု တည်ဆောက်မယ်ဆိုရင်တော့
အဲ့ဒီ Network ပေါ်မှာ ကိုဘာတွေသုံးမှာလဲ ကို့လိုအပ်ချက်အပေါ် မူတည်ပြီး စဉ်းစားရပါလိမ့်မယ်။ Real time Apps တွေဖြစ်တဲ့ VOIP တို့ Vedio Conferencing တို့သုံးမယ်ဆိုရင် Delay Time အရမ်းနည်းနေအောင် လုပ်ရပါမယ် Bandwidth များဖို့ လဲ လိုအပ်ပါတယ်.... ။Database Serverတို့လို့ အသုံးပြုထားရင်လဲ Delay timeနည်းနိုင်သမျှ နည်း ဖို့ လိုအပ်ပါမယ်......
🎯ခု ဆို Network အကြောင်း မျက်စိထဲ မြင်ကြလိမ့်မယ်လို့ထင်ပါတယ်ဗျ ....Network Topology အကြောင်း ဆက်ပြီး ‌ပြောပြပေးပါမယ်
👉Network Topology မှာဆိုရင် Physical Topologyနဲ့ Logical Topologyဆိုပြီး ရှိကြတယ်ပေါ့ဗျာ။ Physical Topology ဆိုတာကတော့ Network Cableတွေနဲ့ Device တွေရဲ့ ချိတ်ဆက်ပုံကို သိနိုင်ဖို့အတွက်ဖြစ်ပြီး၊ Logical Topologyဆိုတာကတော့
Physical Topologyပေါ်မှာ Data Signal သွားနေတဲ့ လမ်းကြောင်းကို သိနိုင်မှာပဲ ဖြစ်ပါတယ်ဗျ....
ခုဆိုရင် Topology အကြောင်းလဲ overviewလေးသိသွားလောက်ပြီလို့ထင်ပါတယ်....
📌Physical Topology Type တွေကိုတော့ နောက်တကြိမ်မှာ မျှဝေ ပေးသွားပါမယ်ခင်ဗျာ....

✓အားလုံးကို ကျေးဇူးတင်ပါတယ်.....
✓MMP ICT Solution
📱 09 452000250

🎯အားလုံးပဲ မဂ်လာပါ ခင်ဗျာ..... 👉ဒီနေ့မှာတော့ OSI Model ဖြစ်တဲ့ OSI 7Layerအကြောင်းမျှဝေပေးပါမယ်....📌ဒီအကြောင်းဟာဆိုရင် ဖတ...
30/10/2020

🎯အားလုံးပဲ မဂ်လာပါ ခင်ဗျာ.....

👉ဒီနေ့မှာတော့ OSI Model ဖြစ်တဲ့ OSI 7Layerအကြောင်းမျှဝေပေးပါမယ်....

📌ဒီအကြောင်းဟာဆိုရင် ဖတ်ရှုသူတိုင်းအတွက်
အကျိုးရှိစေမှာပါ...ဘယ်လိုအကျိုးပြုစေမ လဲဆိုရင် Internet ကို အသုံးပြုပြီး တစ်ယောက်နဲ့ တစ်ယောက်fileတွေပို့ကြတယ် ပို့ကြတဲ့ အခါ ဒီ OSI 7layer ပေါ်မှာပဲ အခြေခံပြီး အလုပ်လုပ်ပါတယ်....
ကိုယ်ပို့တဲ့ Data ဒီလိုသွားတာပါလားဆိုတာကို သိရအောင် အချိန် အနည်းငယ်ပေးပြီးဖတ်စေလိုပါတယ်ခင်ဗျ......

👉ကဲ.... ပထမဆုံး အနေနဲ့ OSI Layerတွေက ဘာတွေလဲဆိုတာ ပြောပြပေးပါမယ်ဗျ.....

📌Layer 7 >Application Layer
📌Layer 6 >Presentation Layer
📌Layer 5 > Session Layer
📌Layer 4 > Transport Layer
📌Layer 3 > Network Layer
📌Layer 2 > Data Link Layer
📌Layer 1 > Physical Layer
ဆိုပြီး Layer အသီးသီးရှိပါတယ်ခင်ဗျ.....
👉ဒီ OSI Layerတွေကို အတိုနည်း အလွယ်တကူ မှတ်မိဖို့ မှတ်နည်းလေးကိုပြောပြပါမယ်.....
📌All People Seem To Need Data Processing
ဆိုပြီးတော့ Layer 7 to 1မှတ်လို့ရပါတယ်...
📌Layer 1 to 7 အစဉ်လိုက်မှတ်ချင်သူတွေကတော့
Please Do Not Throw Sausage Pizza Away ပဲဖြစ်ပါတယ်ခင်ဗျ.....

🎯OSI Layer တွေက ဘာတွေလဲ ဆိုတာခုဆိုသိပြီးကြပြီ ထင်ပါတယ်....ကျတော်က ဆက်ပြီး Layer1 to 7မှာ Layerတခုချင်းစီရဲ့ အလုပ်လုပ်ပုံကို ပြောပြပေးပါမယ်ခင်ဗျ.......

🎯Layer 1 (Physical Layer)

👉Physical Layer မှာ ဆိုရင် သူ့ရဲ့ အလုပ်က
Binary Transmission လုပ်ပေးရပါတယ်။(Binary ဆိုတာက 0&1 ကိုဆိုလိုတာပါ)
👉Physical Layer Deviceတွေကတော့ Cable , Wiring , Media , Repeator ,Transceiver, NIC စသဖြင့် ပါဝင်ကြပါတယ်......

🎯 Layer 2 (Data Link Layer)

👉Data Link Layerမှာဆိုရင် Switching နဲ့ MAC (Media Access Control) တို့ပါဝင်ပါတယ်
MAC မှာဆိုရင်bit အရေအတွက် 48 bit(6 Bytes)ရှိပြီး Device တခုနဲ့တခု MACမတူအောင်ထုတ်လုပ်ထားပါတယ်.....Physical Address လို့လဲ ခေါ်ပါတယ်....သူရဲ့တာဝန်ဟာ Transmission လုပ်ဖို့
Data Format တွေ Physical Media တွေ ကို control လုပ်ပေးတာပါ....
ဆိုလိုတာက Networkတခုထဲ မှာ Hostတွေ အများရှိမယ် Data Sharingလုပ်တဲ့အခါ ဘယ် host ကိုတော့ ဒီချိန် ပို့ ဘယ်hostကိုတော့ ဒီချိန်မပို့နဲ့ဆိုပြီးထိန်းချုပ်တဲ့သဘောတရားပါ။ ခုနောက်ပိုင်းမှာတော့ Full Duplex Switchတွေပေါ်လာတော့ အရင်ကလိုစောင့်ဆိုင်းစရာမလို့ပဲ ပို့လို့ရနေပါပြီ.....
👉Layer 2 Deviceတွေက Switch တွေ Bridges တွေ Wireless Access Pointတွေဖြစ်ပါတယ်.....
Protolcol အနေနဲ့ကတော့ P2P , Ethernetတို့ဖြစ်ပါတယ်ဗျ......

🎯 Layer 3(Network Layer)

👉Network Layer မှာတော့ Host တွေအချင်းချင်း ချိတ်ဆက်ဖို့ မတူညီတဲ့ network တွေဖြစ်နေတဲ့ အခါ Host တွေ ချိတ်ဆက်လို့ရအောင် connectivity ရရှိအောင် လုပ်ဆောင်ပေးပါတယ်။ ယနေ့ခေတ် အသုံးပြုနေတဲ့ facebook, Email စတာတွေကို internet ပေါ်ကအသုံးပြုတဲ့အခါConnectivity & Select Path (Routing) နဲ့ logical address ဖြစ်တဲ့ IP ကို Network layer ကအသုံးပြုတာပဲဖြစ်တယ်။
👉 Network Layer မှာတော့ အဓိကအားဖြင့် IPv4 protocol ,IPv6 protocol ,Router တို့ဖြစ်ပါတယ်။

🎯 Layer 4 (Transport Layer)

👉Transport Layer မှာ ဆိုရင် TCP/UDP
တို့က အဓိကလုပ်ဆောင်မှာပါ .....
Host တစ်ခုက နေ နောက် Hostတစ်ခု Data ပို့လွှတ်မယ်...အဲ့အချိန်မှာ TCP/UDPကိုအသုံးပြုရပါမယ်.... Transport Layer ဟာဆိုရင် Communication Servicesကိုတည်ဆောက်ပေးရပါတယ်.....ချိတ်ဆက်မယ့် hostနှစ်ခုကို Connection ရအောင်တည်ဆောက်ပေးမယ် ၊ အဲ့Hostနှစ်ခု Connection ပျက်တောက်မသွားအောင် ထိန်းသိမ်းပေးမယ်၊ Data ပို့ပြီးရင် Connectionကို အဆုံးသတ်ပေးမှာပဲဖြစ်ပါတယ်.....
📌TCPဟာဆိုရင် Connection Oriented အနေနဲ့ အလုပ်လုပ်ပေးပါတယ်......ဆိုလိုတာက Connection ချိတ်ဆက်ပြီး Data ပို့လွှတ်တဲ့အခါ Senderပို့တဲ့ Dataကို Receiverက လက်ခံရရှိကြောင်း (Acknowledgement)အကြောင်းမပြန်မချင်ပို့ပေးနေမှာပါ.....
📌UDPက တော့ Connectionlessအလုပ်လုပ်ပါတယ်
Sender Receiver Data ပို့တဲ့ အခါ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ ပို့စရာရှိတာပို့ပြီး connectionကို ဖျက်တောက်လိုက်မှာပါ....
ဒါကတော့ TCP/UDP အကြောင်း Overviewပြောပြပေးတာပါခင်ဗျ...

🎯 Layer 5 (Session Layer)

👉Session Layerဟာဆိုရင်Dataပေးပို့နေတယ် host တွေကြား session တစ်ခု
တည်ဆောက်ပေးလိုက်တာပါ......ထိန်းသိမ်းပေးတာ အဆုံးသတ်ပေးတာလဲပါတယ်။
ဆိုလိုတာက Web Service တစ်ခုကို ကျတော်တို့တွေက Deviceမျိုးစံုနဲ့ တပြိုင်ထဲAccess ဝိုင်းလုပ်ကြတယ်..... Session layer က Host Aကတော့ ဘယ်ကသွားပါ Host B ကတော့ ဟိုဘက်သွားပါဆိုတာမျိုးကို Session layer ကလုပ်ဆောင်ပေးတာပါ။

🎯Layer 6 (Presentation Layer)

👉Presentation Layerဟာ Host 1နဲ့ Host 2ပေးပို့တဲ့ အချက်အလက်တွေရဲ့Format က တစ်လုံးနဲ့ တစ်လုံး မတူဘူးဆိုပေမယ့် လက်ခံမယ့် Host ဘက်က Reformat ပြန်လုပ်ပေးရပါတယ်။ အဲ့လိုအချိန်မှာ Presentation Layer နှစ်ဖက်စလုံးနားလည်အောင် Common Format ပြန်လုပ်ပေးရပါတယ်။ နောက်ထပ် Application Layer နဲ့လည်း Data Transfer အတွက် Encryption ကိုပါလုပ်ပေးပါတယ်........

🎯 Layer 7 (Application Layer)

👉Application Layerဟာဆိုရင် ယနေ့ခေတ် ကျတော်တို့ အသုံးပြုနေတဲ့ Facebook, Email, Viber ,File Transfer , web service တွေပဲဖြစ်ပါတယ်......ဒါတွေဟာဆိုရင် Network Service နဲ့ တိုက်ရိုက်ထိတွေ့အသံုးပြုကတဲ့အပိုင်းဖြစ်ပါတယ်။

🎯ဒီလောက်ဆိုရင်တော့ စာဖတ်သူတို့ တော်တော်လေးနားလည်သွားလိမ့်မယ်လို့ယုံကြည့်ပါတယ်....

🎯နောက်ပိုင်းမှာလဲ ဗဟုသုတ ရအောင် ထပ်ပြီးမျှဝေပေးပါမယ် ခင်ဗျ.....
အားလုံးကိုကျေးဇူးတင်ပါတယ်...

✓MMP ICT Solution
📱09 452000250

✏️အားလုံးပဲ မဂ်လာပါခင်ဗျဒီနေ့မှာတော့ OSI Model တွေ ဘယ်လိုပေါ်ပေါက်လာသလဲ ဆိုတာ မျှဝေ ပေးသွားမှာပါ......OSI Modelတွေ အကြော...
28/10/2020

✏️အားလုံးပဲ မဂ်လာပါခင်ဗျ
ဒီနေ့မှာတော့ OSI Model တွေ ဘယ်လိုပေါ်ပေါက်လာသလဲ ဆိုတာ မျှဝေ ပေးသွားမှာပါ......
OSI Modelတွေ အကြောင်းဟာဆိုရင် Network ပိုင်းကို စတင်လေ့လာသူတွေ နဲ့ Interviewတွေမှာပါ အသုံးဝင်စေမှာပါဗျ.......နောက်တချက်က စာဖတ်သူ‌တို့အတွက်ပါ ဗဟုသုတ ရရှိစေမှာဖြစ်ပါတယ်....

👉OSI Model ဘာကြောင့်သတ်မှတ်ခဲ့ကြသလဲဆိုတာစလိုက်ရအောင်ဗျာ.....

👉 ကျတော်တို့ OSI Modelတွေ စပြီးမသတ်မှတ်ခင်က Network Device ‌တွေ ထုတ်လုပ်တဲ့ vendorတွေက ကိုယ်ပိုင် Solution၊ ကိုယ်ပိုင်မူတွေနဲ့ ထုတ်လုပ်ခဲ့ကြတယ်ပေါ့....အဲ့ဒီတော့ Vendor မတူ တဲ့Device တွေ ချိတ်ဆက်ကြတယ့်အခါ ပြသနာစလာပါတယ်။
📌ဒါကြောင့် Vendor မတူနဲ့ Network Deviceတွေချိတ်ဆက်ဖို့ အခက်အခဲတွေဖြစ်လာကြတယ်။
📌ဒီအခက်အခဲပြသနာတွေဖြေရှင်းဖို့အတွက် ISO ကနေ OSI Modelကို 1984 ခုနှစ်မှာ စဉ်းမျဉ်းတစ်ခု
စံစနစ် တခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
Hardware ထုတ်လုပ်မယ့် Vendorတွေအတွက်ရော Softwareထုတ်လုပ်မယ့် Developer အတွက်ပါ လိုက်နာရမယ့် စံတစ်ခုအနေနဲ့ Layerတွေခွဲပြီး OSI 7 Layer ကို သတ်မှတ်ခဲ့ကြပါတယ်။
👉ဒီလိုသတ်မှတ်ခဲ့လို့ ယနေ့ခေတ်မှာ Vendor မတူနဲ့ Deviceတွေ အတူတူ အလုပ်လုပ်နိုင်တာဖြစ်ပါတယ်.....
OSI 7 Layerရဲ့ Layer‌ေတွ‌ေကြာင့်တခြားသူတွေကို Networkအကြောင်းရှင်းပြတဲ့ အခါ လွယ်ကူစေရုံသာမက Troubleshootလုပ်တဲ့အခါမှာလည်း လွယ်ကူစေပါတယ်....
📌နောက်ပိုင်းမှာတော့ OSI Modelတွေလိုပဲ Public Networking Model တခုကို Department Of Defense (DoD)ကနေ TCP/IP ဆိုတာကို publishလုပ်ခဲ့ပါတယ်။ TCP/IPကိုတော့ ယနေ့ခေတ် Computerမှာ မြင်တွေ့ရမှာပါ....
ဒါကတော့OSI Model ပေါ်ပေါက်လာပုံပဲဖြစ်ပါတယ်ခင်ဗျ.....
📌ဒီတော့ OSI 7Layer အကြောင်းကို တော့ နောက်ပို့စ်မှာ စောင့်မျှော်ဖတ်ရှုပေးကြပါခင်ဗျ.......

✓အားလုံးကို ကျေးဇူးတင်ပါတယ်...
✓MMP ICT Solution
📱09 452000250

အားလုံးပဲ မဂ်လာပါ✏️ဒီနေ့ ကျတော် မျှဝေပေးမယ့် အကြောင်းအရာကတော့ Computer တစ်လုံးကို ဘယ်လိုထိန်းသိမ်းရမယ်ဘယ်လို အသုံးပြုရမယ...
26/10/2020

အားလုံးပဲ မဂ်လာပါ
✏️ဒီနေ့ ကျတော် မျှဝေပေးမယ့် အကြောင်းအရာကတော့ Computer တစ်လုံးကို ဘယ်လိုထိန်းသိမ်းရမယ်ဘယ်လို အသုံးပြုရမယ် ဆိုတာကိုပြောပြပေးမှာပဲ ဖြစ်ပါတယ်.....

📌ကျတော် စာစုလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ် 👉“ Computer ကို ဂရုတစိုက်ထိန်းသိမ်း အသုံးပြုလျှင်၊ Computer ကလဲ ကျတော်တို့ အသုံးပြုသူအ‌ပေါ် စိတ်ကျေနပ်မှု ပေးဆောင်ပါလိမ့်မယ်” 👈ဆိုတဲ့အတိုင်း Computer Maintenance လုပ်ပုံကို စလိုက်ရအောင်

📌ပထမဆုံး အနေနဲ့ Data သိမ်းဆည်းပုံကိုပြောပြပေးပါမယ်...

👉အရေးကြီးသော Data File တွေကို သိမ်းဆည်းတဲ့အခါ Data Partation(D:)ပေါ်တွင် သိမ်းရပါမည်။
External HDDရှိပါက Backupအဖြစ် တစ်ပတ်တစ်ခါ ပြန်လည်သိမ်းဆည်းပါ၊ Data File များကို Desktop ပေါ်တွင်(သို့မဟုတ်) (C:)Windows Partition ပေါ်တွင် Save မလုပ်သင့်ပါ ( ဆိုလိုတာက C: (Windows Partition) ဖြစ်သည့် အတွက် Windows Run နေရသည့် အပြင် Data Files များပါ သိမ်းဆည်းရသည့်အတွက် Windows တက်သည့် အချိန်ကြာသည့်အပြင် software များဖွင့်သောအခါတွင်လည်း မြန်မြန်ဆန်ဆန် တက်မလာနိုင်ပါ)

👉 Virus သည် Offline နဲ့ Online နှစ်မျိုးမှဝင်ရောက်နိုင်ပါသည်။

📌Ofline ဆိုသည်မှာ Stick တို့ External HDDတို့မှ ပါလာ၍ ဝင်ရောက်နိုင်ပါသည်။

📌 Onlineဆိုသည်မှာ Internet အသုံးပြုရာတွင် မိမိ မယုံကြည်ရ သော Website တစ်ခုကိုအလွယ်တစ်ကူ Click မလုပ်ပါနဲ့ Mail နှင့် ပတ်သတ်၍ အသုံးပြုရာတွင် မိမိ ကိုပို့သော သူ၏ Mail ကိုသာ Download လုပ်ပါ မိမိ မသိသော Mail တွင်ပါလာသည့် Attach Files များကို သေချာ စီစစ်ပြီးမှ ဖွင့်ပါ။

📌မိမိ Data များ လုံခြုံ မှုသည် မိမိ အပေါ်တွင်သာ မူတည်သော‌ကြောင့် မိမိ DATA များကို ဂရုတစိုက် သိမ်းဆည်းပါ။

👉Virus စဝင်သောအခါ Windows Partition C:/ ကို အရင်စဝင်သောကြောင့် Desktop (or) Windows Partition C:/ မှ File များကို အရင် Attack လုပ်မှာ ဖြစ်ပါတယ် ၊ ဒါ့ကြောင့် Data File ကို Data Partation (D:) တွင်သိမ်းဆည်းသင့်ပါသည်၊ External HDD ရှိပါက တစ်လတစ်ခါလောက်ဖြစ်ဖြစ် Backupလုပ်ထားသင့်ပါတယ်၊ Data File များကိုလည်း Desktop ပေါ်တွင် မထားသင့်ပါ။

👉Antivirus Software (Windows Defender Security Center for Windows 10 and Microsoft Security Essentials Windows 7 ) နဲ့ တစ်ရက်တစ်ခါ စစ်ပေးပါ ။ Data သိမ်းဆည်းရန် USB Stick များကိုလည်း မကြာခဏ စစ်ဆေးပေးပါ။

👉မိမိ အသုံးပြုနေသော Laptop/Desktop ကိုတစ်ရက်တစ်ခါ cache များကိုဖျက်ပေးရပါမယ်
Cache ဖျက်နည်းကို အောက်တွင်ပြပေးထားပါတယ်.....
📌Window Logo + R >recent> Ok > Shift + Delete

📌Window Logo + R >temp> Ok > Shift + Delete

📌Window Logo + R >%temp%> Ok > Shift + Delete

📌Window Logo + R >Prefetch> Ok > Shift + Delete

📌 Recycle bin on Desktop >Right Click> Empty recycle bin > click

📌Laptop ကို ဘယ်လို အားသွင်း အသုံးပြုသင့်သလဲ
👉Laptop အသုံးပြုသောအခါတွင် Power plug အမြဲတပ်သုံးခြင်းမှ ရှောင်ကြဉ်ရပါမယ်။
📌ဆိုလိုတာက Batterty ၏သဘာဝမှာ အားသွင်းခြင်း၊ ပြန်လည်အသုံးပြုခြင်းရှိမှသာ Battery Cell များသည် ပုံမှန်အတိုင်း အလုပ်လုပ်ပြီး ကြာရှည်ခံမှာ ဖြစ်ပါတယ်။📌

👉Battery ကို အမြဲ 20% ချန်သုံးပါ။ ပြီးလျှင် အားပြန်ဖြည့်ပါ၊ 100%ပြည့်ပါက Power Plug
ကိုပြန်လည် ဖြုတ်ထားပါ။

📌 အားသွင်းသည့် အခါတွင်လည်း မှန်ကန်တဲ့ ဗို့အားတူ Power Adapter ဖြင့်သာ အသုံးပြုသင့်ပါသည်။📌

📌Laptop အသုံးပြုချိန် ဘယ်လိုထား၍အသုံးပြုသင့် သယ်ယူရာတွင် ဘယ်လိုယူဆောင် သင့်သလဲ

👉 Power ဖွင့်ထားသည့် အချိန်အတွင်း Laptop ကို ပြင်းထန်စွာ ရွှေ့လျားခြင်း ၊ ပုံသဏ္ဍာန်မမှန်စွာ ကိုင်တွယ်ခြင်း ကိုမပြုလုပ်ရပါ၊ သယ်ယူသည့်အခါတွင်လည်း Sleep mode ထား၍မသယ်ဆောင်သင့်ပါ Shutdown ချပြီးမှာ သယ်ယူ သင့်ပါသည် အဲ့ဒီလို အကြိမ်များစွာ ပြုလုပ်မိပါက Harddisk ကို အလွယ်တကူ ပျက်စီးစေပါသည်။

👉 Optical Drive များအသုံးပြုရာတွင် ညစ်ပါတ်နေသော ၊ ခြစ်ရာများနေသော CD/DVD အခွေများ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ ။

📌ဆောင်ကြဉ် ရမည့် အချက်များ

👉Laptop အသုံးပြုနေစဉ် ကော်ဖီ ၊ အရည် စသော အရာများအား Laptop ၏ အနီးနားတွင် မထားသင့်ပါ ။
ဖိတ်စဉ်မှု တစ်စုံတစ်ရာ ဖြစ်ပါက Power ဖွင့်ထား လျှင်ချက်ခြင်းပိတ်ပါ၊ ပိတ်ထားပြီးသားဆိုရင်လည်း မဖွင့်ပါနဲ့ ။Service ဆိုင် သို့မဟုတ် နားလည်တဲ့သူနှင့်ပြ ပြီး လုပ်သင့်သည်ကိုဆက်လုပ်ပါ။

📌ကျတော့်ဆီဆက်သွယ်ရင်လည်းရပါတယ်ခင်ဗျ 📌
📱09*452000250📱
👉ဒီအချက်တွေကို ဂရုတစိုက် အသုံးပြုမယ်ဆိုရင်
သင့်ရဲ့Computer ဟာ သင့်ကို စိတ်ကျေနပ်မှုတွေ ယူဆောင်လာပေးမှာပါခင်ဗျ....

✓အားလုံးကိုကျေးဇူးတင်ပါတယ်
✓MMP ICT Solution
✓Moving Together

👉Computer အသုံးပြုသူတိုင်း ပါးစပ်ဖျားမှာ ”Computerလေးနေလား SSDစိုက်လိုက်"ဆိုတဲ့စကားလုံးခုချိန်မှာ အရမ်းကို ရေဖန်းစားလာပါ...
21/10/2020

👉Computer အသုံးပြုသူတိုင်း ပါးစပ်ဖျားမှာ ”Computerလေးနေလား SSDစိုက်လိုက်"ဆိုတဲ့စကားလုံးခုချိန်မှာ အရမ်းကို ရေဖန်းစားလာပါပြီဗျ။
👉သင်လည်း နောက်ကျမကျန်ခဲ့ရအောင်အမြန်ဆုံးSSD ကို အသုံးပြုလိုက်ပါ။
👉ကျတော်တို့MMP ICT Solutions ကနေ လူကြီးမင်းတို့ Computer ပြဿနာများကို လူကြီးမင်းတို့စိတ်ကြိုက်ဖြေရှင်းပေးနေပါပြီခင်ဗျ။
👉ကိုဗစ် ကာလ WFH လုပ်ရင်းcomputerကြီး အဝိုင်းလည်နေလို့ စိတ်မညစ်ပါနဲ့တော့
MMP ICT Solutionကလူကြီးမင်းတို့အတွက် အသင့်ရှိနေပါပြီ။
👉အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ....
ICT Solution
Together
#09452000250

Address

No. 6 , PyiYeikMon Housing
Kamayut

Website

Alerts

Be the first to know and let us send you an email when MMP ICT Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share