TZL

TZL TzlYm

သူငယ်ချင်းတစ်ယောက်ပြောလို့ သုံးကြည့်တာ အဆင်ပြေလို့ လာရှယ်ပေးတာ ပြည်ပကနေ မြန်မာပြည်ထဲ တိုက်ရိုက်ဖုန်းခေါ်လို့ရမယ် Data Ro...
05/02/2024

သူငယ်ချင်းတစ်ယောက်ပြောလို့ သုံးကြည့်တာ အဆင်ပြေလို့ လာရှယ်ပေးတာ ပြည်ပကနေ မြန်မာပြည်ထဲ တိုက်ရိုက်ဖုန်းခေါ်လို့ရမယ် Data Roaming ထပ်စျေးသက်သာတာလေးဖြစ်မယ် ၁၀ မိနစ် အခမဲ့ စမ်းလို့ရမယ် တစ်မိနစ်ကိုမှ ၂၉၉ ကျပ်ပဲ ကျသင့်မယ်နော် စမ်းသုံးချင်ရင် telegram link မှာ သွားတောင့်ကြည့်ကြ ညီအကိုတို့ ကျွန်တော်ကတော့ အိမ်မှာ ကျန်ခဲ့တဲ့ မိန်းမ အွန်လိုင်းမတတ်နေလဲ ဖုန်းခေါ်ပီး တတ်ခိုင်းလို့ရနေပီ

07/01/2021
25/12/2020

Microtik Router မွာ
Load Balancing တစ်ခုတည်ဆောက်ခြင်း

Load Balancing ဆိုတာ
ကိုယ့်မှာရှိတဲ့အင်တာနက်လိုင်းတွေကို
ပေါင်းပြီး လိုင်းတစ်ခုတည်းအနေနဲ့ပြန်သုံးတာပေါ့။

သူ့ရဲ့ကောင်းကျိုးတွေကတော့
အင်တာနက်လိုင်းနှစ်လိုင်းထဲက
တစ်လိုင်းကလိုင်းကျသွားရင်
ကျန်တဲ့တစ်လိုင်းနဲ့အင်တာနက်ဆက်ပြီးအသုံးပြုလို့ရတယ်။
အင်တာနက်နှစ်လိုင်းကိုတစ်လိုင်းတည်းအဖြစ်
ပေါင်းပြီးအသုံးပြုလို့ရတဲ့အတွက်
လိုင်းပိုကောင်းတယ်။
ဥပမာ ။ ။ သင့်မှာ 10MB အင်တာနက်လိုင်း
နှစ်ခုယူထားတယ်ဆိုပါတော့။
အဲ့ဒီ 10MB လိုင်းနှစ်ခုကိုပေါင်းပြီး
20MB အင်တာနက်အဖြစ်သုံးလို့ရတယ်။
အဲ့ဒါကတော့ Load Balancing ရဲ့ကောင်းကျိုးတွေပေါ့ဗျာ။

နေရာတိုင်းမှာကောင်းကျိုးရှိသလို
ဆိုးကျိုးလဲရှိပါတယ်။
ဆိုးကျိုးကတော့ ပိုက်ဆံပိုကုန်တာပေါ့။😁

ကဲအဲ့ဒါဆို Load Balancing လုပ်ဖို့
သင့်မှာ Switch တစ်လုံးရှိရမယ်
ISP နှစ်ခုရဲ့ အင်တာနက်လိုင်း၂လိုင်းရှိရမယ်။
နောက်ဆုံးတစ်ခုအနေနဲ့ Microtik Router တစ်လုံးရှိရမယ်။

အထက်ပါdevicesတွေရှိပြီဆိုရင်
Load Balancing ကို Microtik Router မှာ
Configuration လုပ်လိုက်ကြရအောင်။

Switch အတွက် IP ကို
192.168.0.1
လို့ပေးပါမယ်။

WAN 1 အတွက် IP ကိုတော့
192.168.1.1 လို့ပေးပါမယ်။

WAN 2 အတွက် IP ကိုတော့
192.168.2.1 လို့ပေးပါမယ်။

အထက်ပါ IP Address တွေကို
မိမိစိတ်ကြိုက်ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
သတိပြုရမှာက ISP ကပေးတဲ့ IP Address တွေကို
အခုနမူနာပြထားတဲ့ IP Address တွေ​နေရာမှာ
အစားထိုးအသုံးပြုလို့ရပါတယ်။

အရင်ဆုံး Microtik Router ရဲ့ Port နံပါတ်(၁) မှာ
LAN ကြိုးနဲ့ Switch နဲ့ချိတ်ဆက်ပါ။

Port နံပါတ်(၂) မှာ ISP ကလာတဲ့ Router ရဲ့ Network
Cable ဖြင့်ချိတ်ဆက်ပါ။

Port နံပါတ်(၃) မှာ နောက်ထပ် ISP ကလာတဲ့ Router ရဲ့
Network ကြိုးကိုထပ်ချိတ်ပါ။

Router ထဲသို့ဝင်ရောက်ခြင်း

Computer မှာ Winbox Software ဖွင့်ပြီး
Microtik Router ဖြင့်ချိတ်ဆက်ပြီးဝင်ရောက်ပါ။
Winbox Software မရှိသေးပါက Microtik Official Web Site မှာ ကိုယ့် ကွန်ပျူတာနဲ့ကိုက်ညီမယ့်
Winbox Software ကို download လုပ်ဆွဲပြီး
Install လုပ်ပါ။

#နာမည်များပေးခြင်း

Router ထဲကိုရောက်သွားရင်
ဘယ်ဘက်ခြမ်းက Contents​တွေထဲမှာ
Interface ကို Clickတစ်ချက်နှိပ်ပါ။
Box တစ်ခုတက်လာရင် အဲ့ဒီ Box ထဲမှာရှိတဲ့
Ethernet 1 လို့ရေးထားတဲ့စာကို Double Click နှိပ်ပါ။
General Tab ကိုသွားပါ။ Name နေရာမှာ Ethernet 1 လို့ရေးထားတဲ့စာကို LAN လို့ပြောင်းပြီး Apply နှိပ်၊
OK ထပ်နှိပ်။

Ethernet 2 ကိုလဲ Double Click နှိပ်၊ General Tab
ထဲက Name နေရာမှာ WAN1 လို့ နာမည်ပေး
Apply/Ok နှိပ်။

Ethernet 3 > Double Click > General Tab
Name နေရာမှာ WAN 2 လို့နာမည်ထပ်ပြောင်း
Apply/Ok

Address များသတ်မှက်ခြင်း

ဘယ်ဘက်ခြမ်းမှာရှိတဲ့ Contents တွေထဲက
IP ကို Click > Address ကိုထပ်နှိပ်
New Address Box ဆိုတာကျလာရင်
အဲ့ဒီ Box ထဲက Address နေရာမှာ
LAN အတွက် IP Address စပေးမှာပါ။

Address - 192.168.0.1/24

Network - 192.168.0.1

Interface - LAN

Apply/Ok

အပေါ်ဆုံးက(+) Plus Sign ကိုနှိပ်ပါ။
WAN 1 အတွက် IP Address ကို

Address - 192.168.1.4/24

Network - 192.168.1.4

Interface - WAN 1

Apply/Ok

(+) Plus Sign ကိုနှိပ်ပါ။
WAN 2 အတွက် IP Address ကို

Address - 192.168.3.4/24

Network - 192.168.2.4

Interface - WAN 2

Apply/Ok

ကို Configuration လုပ်ခြင်း

Content List ထဲက IP ကို Click နှိပ်ပါ။

Firewall ကိုရွေးပြီး Click

(+) Plus Sign ကိုနှိပ်ပါ။

Chain ဆိုတဲ့စာသားဘေးက Box ကို Click နှိပ်ပြီး
Input ကိုရွေးပါ။

In Interface ဆိုတဲ့စာသားဘေးက Box မှာ
WAN 1 လို့ရွေးပါ။

အပေါ်ဆုံးမှာရှိတဲ့ Action ဆိုတဲ့ Tab ကိုနှိပ်ပါ။

Action ဆိုတဲ့စာသားဘေးက Box မှာ
Mark Connection ကိုရွေးပါ။

အောက်ဆုံးက New Connection Mark ဆိုတဲ့
စာသားဘေးက Box မှာ အောက်ပါအတိုင်းရေးပါ။

WAN1_Con

Apply/Ok

WAN2 Connection အတွက်လဲ

WAN1 ကိုလုပ်ခဲ့တဲ့အတိုင်းလုပ်ပေးရပါမယ်။

မှတ်ချက် ။ ။ WAN2 အတွက် New Connection Mark
ဆိုတဲ့စာသားဘေးက Box မှာတော့
WAN2_Con ဆိုပြီးရေးပေးဖို့မမေ့နဲ့နော်။

အတွက် Setting များသတ်မှက်ခြင်း

Firewall ထဲဝင်လိုက်ပါဦး။

(+) Plus Sign ကိုနှိပ်ပါ။

Chain ဆိုတဲ့စာသားဘေးက Box ကို Click နှိပ်ပြီး
Output ကိုရွေးပါ။

Connection Mark စာသားဘေးက Box ကို
Click နှိပ် WAN1_Con ကိုရွေးပါ။

အပေါ်ဆုံးက Action Tab ကိုနှိပ်ပြီး
Action စာသားပါတဲ့ Box ဘေးမှာ
Mark Routing ကိုရွေးပါ။
အောက်ဆုံးမှာရှိတဲ့ New Routing Mark ဆိုတဲ့
စာသားပါတဲ့ Box မှာ
to WAN1 လို့ရေးပါ။

WAN2 အတွက်လဲအထက်ပါအတိုင်းလုပ်ပေးရမှာပါ။

ပြုလုပ်ခြင်း

Firewall >(+)Plus Sign >General Tab > Chain
Chain ဆိုတဲ့စာသားဘေးက Box မှာ Prerouting
ကိုရွေးပါ။

Dst Address Box မှာ 192.168.2.0/24

In Interface Box မှာ LAN ကိုရွေးပါ။

အပေါ်ဆုံးက Action Tab ကို Click

Action ဆိုတဲ့စာသားပါတဲ့ Box ဘေးမှာ
Accept ကိုရွေးပါ။
Apply/Ok

Firewall >(+)Plus Sign >General Tab > Chain
Chain ဆိုတဲ့စာသားဘေးက Box မှာ Prerouting
ကိုရွေးပါ။

In Interface Box မှာ LAN ကိုရွေးပါ။

အပေါ်ဆုံးက Action Tab ကို Click

Per Connection Classifier စာသားပါတဲ့ Box မှာ
both address and Ports ကိုရွေးပါ။

သူ့ဘေးနားမှာရှိတဲ့ 1 ကို 2 ပြောင်းပါ။

အပေါ်ဆုံးမှာရှိတဲ့ Extra Tab ကို Click

Dst Address Type အောက်က Invert ဆိုတဲ့
Box လေးကိုအမှန်ခြစ်ပေးလိုက်ပါ။

အပေါ်ဆုံးက Action Tab ကို Click

Action ဆိုတဲ့စာသားပါတဲ့ Box မှာ
Mark Connection ကိုရွေးပေးပါ။

အောက်ဆုံးက New Connection Mark Box မှာ
WAN1_Con လို့ရွေးပါ။

Apply/Copy Click

General Tab>Chainဘေးကbox မှာ
Pre Routing

In Interface Box မှာ LAN ကိုရွေး

အပေါ်ဆုံးက Advance Tab ကို Click

Per Connection Classifier Box မှာ
both address and Ports
သူ့ဘေးက box အသေးလေးမှာ 2
ကပ်လျက် Box အသေးလေးမှာ 0 ကို 1 ပြောင်း

အပေါ်ဆုံးက Action Tab ကို Click

Action ဆိုတဲ့စာသားပါတဲ့ Box ဘေးမှာ
Mark Connection ကိုရွေး။

အောက်ဆုံးက New Connection Mark ဆိုတဲ့
Box မှာ WAN2_Con ကိုရွေး
Apply/Ok

Firewall>(+)Sign Plus Sign > General Tab>
Chain Box မှာ Pre Routing ကိုရွေးပါ။

In Interface box မှာ LAN ကိုရွေး။

Connection Mark မှာ WAN1_Con ကိုရွေးပါ။

Action Tab ထဲက Action Box မှာ
Mark Routing ကိုရွေး။

New Routing Mark မှာ to_WAN1ကိုရွေးပါ။

WAN2 အတွက်လဲအထကိပါအတိုင်းပြုလုပ်ပါ။

Setting များသတ်မှက်ခြင်း

Firewall > NAT ကို Click နှိပ်ပါ။
(+) Plus Sign ကို Click

New NAT ဆိုတဲ့ Box တစ်ခုကျလာရင်
General Tab ထဲက Chain Box မှာ
Srcnat ကိုရွေးပါ။

Out Interface မှာ WAN1 ကိုရွေးပါ။

Action Tab ကိုသွားပါ။

Action Box ကို Click နှိပ်ပြီး
Masquerade ကိုရွေးပါ။

Apply/Ok

(WAN2 အတွက်ကိုလဲအထက်ပါအတိုင်းပြုလုပ်ပြီး
Out Interace မှာ WAN2 ကိုရွေးပေးဖို့မမေ့ပါနဲ့။)

များထည့်သွင်းခြင်း

Content List ထဲက IP ကို Click

IP>DNS ထဲမှာ

Server - 8.8.8.8

Sever box ဘေးက down arrow ကို click

အဲ့ဒီမှာတော့ 8.8.4.4

ပြီးရင် Allow Remote Request
ဆိုတဲ့ box ကိုအမှန်ခြစ်ပေးခဲ့ပါ။

Apply/Ok



IP > Route >(+) Plus sign > New Route ဆိုတဲ့
Box ပေါ်လာရင် General Tab Click

Gateway - 192.168.1.1

Check Gateway - Ping

Type - Unicast

Distance - 1

Scope - 255

Target Scope - 10

Routin Mark - to_WAN1

Apply/Ok

WAN2 အတွက်လဲအထက်ပါအတိုင်းပြုလုပ်ပါ။

မှတ်ချက် ။ ။ WAN2 အတွက်

Gateway - 192.168.2.1

Distance - 2
ကျန်တာအကုန်အတူတူရွေးပေးပါ။

ကဲအခုဆိုရင် Microtik Router မှာ
Load Balancing ပြုလုပ်တာပြီးပါပြီ။

စာလေးဖက်လိုက် ကိုယ်တိုင် Router မှာလိုက်စမ်း
လုပ်ကြည့်ရင်ပိုကောင်းပါတယ်။
လက်တွေ့မလုပ်ရင်တော့စာဖတ်ရတာပျင်းစရာကောင်းပါတယ်။

#အောင်လင်း
24.Dec.2020

01/12/2020

အခန်း(၁၁) "Dispersion ဆိုတာဘာလဲ?" [Part-3]
************************************************

✍အခု Part-3 အ​နေနဲ့ Dispersion ​အ​ကြောင်း​လေးဆက်​ပြောရ​အောင်ဗျာ

💡(DWDM link ​တွေမှာ dispersion အ​ကြောင်း​ပြောတဲ့အခါ နားလည်သွား​အောင် ​ကြိုပြီး ရှင်းပြတာပါ ၊ ဒီ​ခေါင်းစဥ်က ခု​လောက် စာရှည်လာမယ် မထင်မိဘူး ၊ စ​ရေးမိပြီဆို​တော့... ဆုံးတဲ့အထိ ဆက်သွားကြတာ​ပေါ့ 😅)

✍MMF မှာ Inter-modal dispersion ဆိုတာဖြစ်တယ်ဆိုတာ Part-2 မှာသိခဲ့ပြီး ဖြစ်ပါတယ်

✍ဆို​တော့ DWDM ရဲ့ အဓိက အသက်​သွေး​ကြော SMF (Single Mode Fiber) မှာဆိုရင်​ရော? ...
.. ဟုတ်ကဲ့ 😁(ဘယ်သူ့မှ မ​မေးဘဲ ​ဖြေ​နေတာ😅) SMF မှာ ဖြစ်တဲ့ Dispersion ကိုကျ​တော့ "Intra-modal Dispersion" လို့​ခေါ်ပါတယ်ဗျ

✍သူရဲ့ အဓိပ္ပါယ်က - SMF ထဲမှာသွားမဲ့ အမျိုးမျိူး​သော မတူညီတဲ့ Wavlength ​တွေ (တနည်း) မတူညီတဲ့ ​ရောင်စဥ်အလင်း​တွေ ဟာ မတူညီတဲ့ speed နဲ့သွားတဲ့သ​ဘောကို ဆိုလိုပါတယ် ၊
(Different wavelength/ colors travel at different speed)

💡[ MMF မှာဖြစ်တဲ့ Inter-modal မှာက (different light paths , differeent modes travel at different speed) ဖြစ်ပါတယ် ]

✍တကယ်​တော့ အဲ့ SMF မှာဖြစ်တဲ့ Intra-modal dispersion ကို "Chromatic Dispersion" လို့ အများဆုံး​ခေါ်ကြပါတယ် ၊ scientific name ကကျ​တော့ "GVD: Group Velocity Dispersion" လို့ သုံးနှုန်းပါတယ်

(တချို့ Dispersion နဲ့ပက်သက်လို့ Detail ကျန်တာလေး​တွေ​တော့ ကြုံတဲ့အခါမှ ဆက်​​ပြောပြပါအုံးမယ်)

✍အနှစ်ချုပ်မယ်ဆိုရင် Dispersion ဆိုတာ fiber မှာ မလွဲမ​သွေ ကြုံတဲ့ ရူပ​ဗေဒ သ​ဘောတရားဖြစ်တယ် ၊ Dispersion ဖြစ်ရင် Pulse spreading ဖြစ်မယ် ၊ Pulse spreading (Time Domain နဲ့​ပြောမယ်ဆိုရင် ps (pico second) နဲ့ပြတယ်) ဖြစ်ရင် ISI (Intersymbol Interference) ဖြစ်မယ် (တစ်နည်းဆိုရရင်) Bit Error ဖြစ်​စေပါတယ် ၊ Bit Error ဖြစ်​တော့ ကျွန်​တော်တို့ရဲ့ Optical Communication Link ကြီးမှာ Data ​တွေ loss ဖြစ်တာ​ပေါ့ဗျာ

✍ဆို​တော့ ဟုတ်ပီ Dispersion က​တော့ ဖြစ်မှာဘဲ ၊ ဘယ်နည်းလဲသုံးပြီး ​အဲ့ Data Rate, Link Distance ကို ကန့်သတ်မှုဖြစ်​​စေတဲ့ ဒီ "Dispersion" ကို ဘယ်နည်းလဲ သုံးပြီး ​ဖြေရှင်းကြလဲဆိုတာ...?

ခရီးဆက်ပါအုံးမယ်ဗျာ...

🤔(တကယ်​တော့ Optical Communication ဆိုတာကြီးက ရူပ​ဗေဒနဲ့ သချာ်ကို အ​ခြေခံပြီး တွက်ချက်မှု​တွေလုပ် ၊ ပြသနာ​တွေ​​ဖြေရှင်း ၊ ​ကောင်းသထက်​ကောင်း​အောင် တွက်ထုတ်ယူ စမ်းသပ် စသဖြင့် အမ်မတန်မှ နက်နဲ ရှုပ်​ထွေးပါတယ်၊ ကျွန်​တော် နားလည်သ​လောက်ဆိုတာ user level ဘဲရှိပါတယ် ၊ physic နဲ့ maths ကို တကယ့်ကိုကျွမ်းကျင်တဲ့သူ​တွေဆို စိတ်ဝင်စားတယ်ဆိုရင် ခုထက်မက အဆများစွာ ​ပိုပြီးနက်နက်နဲနဲလေ့လာလို့ ကောင်းပါလိမ့်မယ်၊ ခုထက်မကလည်း ရှင်းပြ​ပေးနိုင်ပါလိမ့်မယ်)
(အဲ့​လောက်ထိ​တော့ ကျွန်​တော်​တော့ ဥာဏ်မမှီ​ပါဘူး 😅😅)

# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
​ကျွန်​တော်​ရေးထားပြီးခဲ့သမျှ အခန်း​တွေကို ရှာရလွယ်​အောင် စုထားတဲ့ link
👉https://m.facebook.com/story.php?story_fbid=154910459401054&id=107334584158642
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

အဆင်​ပြေရင် ​ပြေသလို ခရီးဆက်ပါအုံးမယ်ဗျာ🙏

အဆုံးထိဖတ်ပေး ၊ လေ့လာပေးသည့်အတွက် ကျေးဇူးပါဗျာ ၊ COVID-19 ကဲ့သို့ ​ရောဂါကပ်ဆိုးမှလည်း ကင်း​​ဝေးနိုင်ကြပါ​စေ 🙏🙏🙏 ☺

( cmt ပေး၍ အကြံဉာဏ်ပေးနိုင် ၊ မေးနိုင် ၊ ဝေဖန်ထောက်ပြနိုင်ပါတယ် ခင်ဗျာ)

- From Internet

Long Learning👴👵
Knowledge is Power🌊
is perfect

Kaung San Hein

Dec1 ,2020

26/11/2020

အခန်း (၁၁) "Dispersion ဆိုတာဘာလဲ?" [Part-2]
************************************************
✍Part-1 မှာ Dispersion ဆိုတာဘာလဲဆိုတာ ​ပြောပြခဲ့ပါတယ် ၊ အခု Part-2 အ​နေနဲ့ နည်းနည်းထပ်ပြီး ​လေ့လာကြရ​အောင်ပါဗျ

✍"Dispersion" မှာမှ အ​ခေါ်​အ​ဝါ်​တွေ အများကြီး ရှိပါ​သေးတယ်

✍Fiber မှာ Mode အားဖြင့် ခွဲ​ပြောမယ်ဆိုရင် MMF (Multimode fiber) နဲ့ SMF(Single Mode fiber) ဆိုပြီးရှိတာ ကျွန်​တော်တို့သိခဲ့ပြီး ဖြစ်ပါတယ် ၊ အဲ့မတူညီတဲ့ Fiber နှစ်ခု​ပေါ်မူတည်ပြီး သူတို့ တစ်ခုချင်းစီမှာ ဖြစ်​လေ့ရှိတဲ့ Dispersion ကို ​ခေါင်းစဥ်တတ်တဲ့ နာမည်​တွေကလည်း မတူညီကြပြန်ပါဘူး

(Dispersion ဆိုတာနဲ့​တော့ ဘယ်လို​ခေါင်းစဥ်ဖြစ်ဖြစ် အ​ခြေခံသ​ဘောတရားနဲ့ ဆိုးကျိုးက​တော့ အခန်း (၁၁) Part-1 အ​နေနဲ့ ​​ဆွေး​နွေးခဲ့သလိုပါဘဲ)💡

ဆို​တော့ Dispersion မှာ
1. Inter-modal dispersion
2. Intra-modal dispersion ဆိုပြီး ရှိပါတယ်

✍အလွယ်ဆုံးပုံစံတစ်ခုနဲ့ ကျွန်​တော်တို့ မှတ်ရမယ်ဆိုရင်
Inter-modal dispersion ဆိုတာက MMF (Multimode Fiber) မှာ ဖြစ်တဲ့ Dispersion ကို​ခေါ်တာပါ ၊ (MMF ရဲ့ fiber core က ကြီး​တော့ အလင်းရိုက်​ထောင့်​တွေ (mode) ​တွေတစ်ခုထက်မက ရှိတဲ့အတွက် အလင်းတစ်ခုချင်းဆီရဲ့ Travel speeds ​တွေ အကွာအ​ဝေးတစ်ခု ​ရောက်လာတာနဲ့ မတူ​တော့ပါဘူး ၊ ရိုက်​ထောင့် ကျယ်ရင် ​ဝေး​​​ဝေးသွားပြီး Destination ကို အရင်​​​ရောက်မယ် ၊ ရိုက်​​ထောင့်ကျဥ်းတဲ့အခါ ​နောက်ကျမှ ​​ရောက်လာမယ် စသဖြင့်​ပေါ့ ၊ ဘာဖြစ်​စေလဲဆိုရင် သိခဲ့ပြီးတဲ့အတိုင်း Bit Errors ဖြစ်​စေတာ​ပေါ့ဗျာ...

✅အနှစ်ချုပ်ရမယ်ဆို Inter-modal dispersion ဆိုတာ Fiber ရဲ့ ဖွဲ့စည်းတည်​ဆောက်ပုံ (structure of fiber: Geometrically) မူတည်ပြီး effect ဖြစ်တယ် ၊ ဘယ် fiber မှာလဲဆို MMF မှာ ၊ အတိအကျဆိုရင် MMF မှာမှ step-index MMF မှာဖြစ်တာပါ ၊ ဘာလို့ဖြစ်လဲဆို Core size ကျယ်/ကြီး လို့ ၊ အဲ့အတွက်​ကြောင့်ဘဲ MMF fiber ​တွေက short distance ​တွေမှာဘဲ အသုံးပြုလို့ အဆင်​ပြေတယ်မဟုတ်ပါလား

စာတအားရှည်သွားပြီး ပျင်း​နေမှာဆိုးလို့ ​😅
ဒီမှာဘဲ အပိုင်း (၂) အ​နေနဲ့ခဏရပ်ကြရ​အောင်ပါ

# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

အဆင်​ပြေရင် ​ပြေသလို ခရီးဆက်ပါအုံးမယ်ဗျာ🙏

အဆုံးထိဖတ်ပေး ၊ လေ့လာပေးသည့်အတွက် ကျေးဇူးပါဗျာ ၊ COVID-19 ကဲ့သို့ ​ရောဂါကပ်ဆိုးမှလည်း ကင်း​​ဝေးနိုင်ကြပါ​စေ 🙏🙏🙏 ☺

( cmt ပေး၍ အကြံဉာဏ်ပေးနိုင် ၊ မေးနိုင် ၊ ဝေဖန်ထောက်ပြနိုင်ပါတယ် ခင်ဗျာ)

- From Internet

# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
​ကျွန်​တော်​ရေးထားပြီးခဲ့သမျှ အခန်း​တွေကို ရှာရလွယ်​အောင် စုထားတဲ့ link
👉https://m.facebook.com/story.php?story_fbid=154910459401054&id=107334584158642

# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

Long Learning👴👵
Knowledge is Power🌊
is perfect

Kaung San Hein

Nov 26,2020

Address

Warkhin Taung Street
Insein
11011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959792236938

Alerts

Be the first to know and let us send you an email when TZL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TZL:

Share