Avocado Tech.Hpa-an

Avocado Tech.Hpa-an Sharing trusted knowledge and selling quality laptops in Hpa-an (ဘားအံ)

Laptop တစ်လုံးဝယ်ဖိုစဥ်းစားနေပြီးလား? Laptop အသစ် တစ်လုံးရဲ့ စျေးကိုကြည့်ပြီးသွေးတက်နေပြီးလား?အဲ့တာဆိုရင်တော့ Second-han...
08/08/2025

Laptop တစ်လုံးဝယ်ဖိုစဥ်းစားနေပြီးလား?
Laptop အသစ် တစ်လုံးရဲ့ စျေးကိုကြည့်ပြီးသွေးတက်နေပြီးလား?
အဲ့တာဆိုရင်တော့ Second-hand ထဲကမှ သုံးထားမကြာသေးတာတွေ Production date ကြာနေပြီးဖြစ်ပေမဲ့လည်း Quality ကောင်းကောင်းနဲ့ သုံးလို့အဆင်ပြေသေးတဲ့ Laptop တွေကို ရောင်းပေးပါမယ်ဗျ။

1️⃣ Lenovo Thinkpad T450
Intel Core i5-5300U 2.3 Ghz
Intel HD graphics 5500
RAM 4 GB DDR3L/1600 Mhz
HDD 500 GB sata
Display 14” (1600x900) Led backlit Anti-glare
Lan,wireless,usb,we**am,card reader
warranty 3-month
💲စျေးနှုန်း - 800,000 ( 8 သိန်း အတိ )
Laptop ထည့်တဲ့အိတ်ရယ် wireless mouse ရယ်ပါပါမယ်
T450 ကတော့ Standard use, ကျောင်းသုံး၊ Office သုံး၊ ရိုးရိုး internet browsing သုံးတဲ့သူတွေနဲ့ ပေါပေါ့ ပါးပါး Game တွေကစားမဲ့သူတွေအတွက်အကောင်းဆုံးရွေးချယ်မှု့ဖြစ်ပါလိမ်မယ် ။

2️⃣ Lenovo Thinkpad T480
Intel Core i5-8250U 1.6 Ghz
Intel UHD graphics 620
RAM 8 GB DDR4/2666 Mhz
SSD M.2 256 GB
Display 14 ” HD (1366x768) Anti-glare
Lan, wireless, USB, we**am, FingerPrint
👉 2 batteries ပါ တာကြောင့် 3 hours လောက်ဆက်တိုက်သုံးလို့ရပါမယ်
warranty 3-month
💲စျေးနှုန်း - 1,150,000 ( 11 သိန်း 5 သောင်းအတိ )
Laptop ထည့်တဲ့အိတ်ရယ် wireless mouse ရယ်ပါပါမယ်
T480 က CPU ရော Storage မှာ SSD သုံးထားတာဖြစ်တဲ့ အတွက် တော်‌တော်‌လေးမြန်မြန်ဆန်ဆန်သုံးလို့ရပါမယ်။ ဒါအပြင် GPU ကလည်း Ultra High Graphics ဖြစ်တဲ့အတွက် Game , Video editing , အသုံးပြုရတာလေးလံတဲ့ Software တွေကိုလည်း မြန်ဆန်စွားသုံးလို့ရနိုင်မှာပါ ။ T480 က Mid-range လောက်သွားတဲ့ Laptop တစ်လုံးဖြစ်ပါတယ်။ ကိုက ပိုက်ဆံအရမ်းကြီးမတတ်နိုင်ဘူး ဒါပေမဲ့ Performences ကောင်းကောင်းလေးကိုလည်းလိုချင်တယ်ဆိုရင် T480 ကရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။

3️⃣ Lenovo Thinkpad L14 / 2021
Intel Core i5-1135G7 2.4 Ghz 4 core 8 Thread
Intel Iris Xe graphics Support 3D
RAM 8 GB DDR4/3200 Mhz 8 x 2
SSD Nvme M.2 512 GB
Display 14.0” HD (1920x1080) TN Anti-glare
Lan, Wi-Fi 6 AX200 2x2AX+BT2 x USB 3.1, 2 x USB-C Thunderbolt, HDMI, RGB Keyboard
👉Battery ကတော့ 4 hours လောက်ဆက်တိုက်သုံးလို့ရပါမယ်
warranty 3-month (95% condition)
💲စျေးနှုန်း - 1,150,000 ( 11 သိန်း 5 သောင်းအတိ )
Laptop ထည့်တဲ့အိတ်ရယ် wireless mouse ရယ်ပါပါမယ်
Thinkpad L14 က 2021 ဖြစ်တာကြောင့် Production date အရမကြာသေးဘူးလို့ပြောလို့ရပါတယ်။ ပြီးတော့ ဒီတစ်လုံးက အသစ်တိုင်းနီးပါရှိပါသေးတယ်။ CPU နဲ့ Storage ကတော့ High-end လို့တောင်ပြောလို့ရပါတယ်၊ တော််တော်မြန်မြန်ဆန်ဆန်သုံးလို့ရမှာပါ။ Iris Xe GPU ကလည်းနောက်ဆုံးပေါ် GPU နည်းပညာတွေသုံးထားတဲ့ GPU လို့ပြောလို့ရပါတယ်၊ အဲ့တာကြောင့် Game, Heavy software တွေကိုအေးဆေး သုံးလို့ရမှာပါ။ Gamer, progrommer, professional worker ပြီးတော့ ကို့ personal laptop အဖြစ်နဲ့ ရေရှည်သုံးမယ်ဆိုရင် Thinkpad L14 ကိုရွေးချယ်သင့်ပါတယ်

စိတ်ဝင်စားလို့မှာယူချင်တယ်ဆိုရင်တော့ ကျတော့် Page ကိုအချိန်မရွှေးဆက်သွယ်နိုင်ပြီးတော့ ဖုန်းနံပတ် - 09685212987 ကိုလည်းအချိန်မ‌ရွှေးဆက်သွယ်နိုင်ပါတယ်ဗျ

08/08/2025

ကို့ Laptop Type ကိုသိပြီးလား?

31/07/2025

သင့် PC အတွက် SSD ဘယ်လိုရွှေးချယ်ရမလဲ? SSD ဘယ်နှစ်မျိုးရှိလည်း?

အစရှိတာတွေကိုဒီနေ့ video မှာရှင်းပြပေးထားပါတယ်။ ဒီ Video ကိုကြည့်ပြီးတော့ SSD အကြောင်းကိုပိုမိုနားလည်သွားမယ်လို့မျှော်လင့်ပါတယ်

အကောင်းဆုံး laptop တွေထဲက laptop တစ်လုံး - Hp Pro book 440 G5 ( 8250u )Hp brand လား? အဲ့တာတွေကမကောင်းဘူးမလား? 2017 🤔 Old...
21/07/2025

အကောင်းဆုံး laptop တွေထဲက laptop တစ်လုံး - Hp Pro book 440 G5 ( 8250u )

Hp brand လား? အဲ့တာတွေကမကောင်းဘူးမလား? 2017 🤔 Old model ကြီးမလား ? နိုး နိုး နိုး 🙅‍♀️

ဘာဖြစ်လို့အကာင်းဆုံးလို့ပြောတာလည်း ဆိုရင် laptop ကိုအခုမှစပြီး first time ဝယ်မဲ့သူတွေ budget သမားတွေရေရည်သုံးမယ့်သူတွေအတွက် အကောင်းဆုံး laptop လို့ပြောချင်တာပါ

အဲ့တော့ ဒီ laptop ရဲ့ Spec လေးတွေကြည့်လိုက်ရ‌အာင်

HP ProBook 440 G5
CPU: Intel i5-8th Gen (8250U) — up to 3.4 GHz
GPU: Intel UHD Graphics 620
SSD: 256GB
Screen: 14" LED HD
RAM: 8 GB
Storage: 256 GB SSD
Battery: 4 to 6 hours
Price - 7*0,000 ကျပ်( သုံးလုံးသာကျန်တော့မဲ့အဖိုးတန် piece လေးပါ။ မြန်မြန်မဥရင်တော့နောင်တရသွားမှာနော် 😛 )

✅ ပေါ့ပေါ့ပါးပါး သယ်သွားလို့ရမယ်, SSD သုံးထားတာဖြစ်တဲ့အတွက် Tasks တွေကို လျင်လျင်မြန်မြန်လုပ်‌ဆောင်နိုင်မယ် Battery ကြာရှည်ခံမယ်, ကျောင်းသားတွေအတွက်အလိုက်ဖက်ဆုံး။ Office, Business အတွက်သုံးလို့အဆင်ပြေမယ်။ GPU ပါတာကြောင့် Game ဆော့တာနဲ့ Coding ပိုင်းတွေကိုပါ ထိထိရောက်ရောက်အသုံးပြုလို့ရမယ်။ ဒီ laptop တစ်လုံးလောက်ရှိနေပြီးဆိုရင်တော့ နောက်ထပ် 5 or 10 year+ လောက်အေးဆေးကြာရှည်သုံးသွားလို့ရပါတယ်။

အခု Laptop လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ page မှာလာရောက်ဆက်သွယ်မေးမြန်းနိုင်ပြီး

ဖုန်းနံပတ် -09685212987 ကိုလည်းဆက်ပြီးအချိန်မရွှေးမေးမြန်နိုင်ပါတယ်ဗျ

PC သုံးနေရင်း လေးပြီးရပ်သွားတာတွေဘာမှနိပ့်မရဘဲ ပိတ်သွားတာမျိုးတွေကြုံဖူးလား?  😴အဲ့တာမျိုးတွေက အကြောင်းအမျိုးမျိုးကြောင့်...
19/07/2025

PC သုံးနေရင်း လေးပြီးရပ်သွားတာတွေဘာမှနိပ့်မရဘဲ ပိတ်သွားတာမျိုးတွေကြုံဖူးလား? 😴

အဲ့တာမျိုးတွေက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အဲ့တာတွေရဲ့ အများအားဖြင့် အဓိကတရားခံကတော့ Ram ကြောင့်ဖြစ်နိုင်ပါတယ်
PC က Ram 8,16 လောက်ဘဲရှိပြီး Browser မှာ tab တွေအများကြီးဖွင့်မိတာ, Video editing, photoshop သုံးရင်း ရပ်သွားတာတွေဆိုရင် သေချာတယ် Ram ကြောင့်ဖြစ်ဖို့များပါတယ်။ အဲ့တာဆို RAM ဆိုတာဘာလည်း? RAM (Random Access Memory) ဆိုတာ App run တာ, game ဆော့တာ, Browsing tabs တွေအများကြီးကိုသုံးနေတာတွေ PC ကို smooth ဖြစ်ဖြစ် သုံးနိုင်အောင်လုပ်ပေးဖို့ အဓိကလုပ်ဆောင်ပါတယ်

ဒီနေ့မှာတော့ Ram တွေရဲ့ Generation အလိုက်ပြောင်းလဲမှု့တွေမှာဘာတွေ Improvement ပြောင်းလဲတိုးတက်လာလည်းဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

Ram တွေမှာ Generation 5 - DDR1 ကနေပြီးတော့ DDR5 ဆိုပြီးတော့ရှိပါတယ်

🔹 DDR (DDR1)
🗓️ Year: 2000 ခုနှစ်ဝန်းကျင်ကနေစပြီးထုတ်လုပ်ခဲ့တယ်
⚡ Speed: 200–400 MT/s
🔌 Power: 2.5V ( အဲ့အချိန်တုန်းကတော့ တော်တော်များတဲ့ Power စာသုံးမှု့လို့ပြောလို့ရပါတယ် 🤔)
💡 Ram တွေရဲ့ ပထမဆုံးသော gen . အခုချိန်နဲ့တွက်ရင် တော်တော်နှေးပြီး၊ အသုံးပြုမှု့ power လည်းများပါတယ်

🔹 DDR2
🗓️ Year: 2003
⚡ Speed: 400–1066 MT/s
🔌 Power: 1.8V ( နည်းနည်းချင်းစီစပြီး Power အသုံးပြုမှု့နည်းလာပြီး)
💡 DDR1 နဲ့ဆိုရင် နှစ်ဆလောက်မြန်ပြီးတော့ Power စားသက်သာ

🔹 DDR3
🗓️ Year: 2007
⚡ Speed: 800–2133 MT/s
🔌 Power: 1.5V (1.35V for DDR3L)
💡 ဒါဆိုရင်လည်း DDR2 ထက်ကိုနှစ်ဆလောက်မြန်ပြီး၊ Power စားလည်းနည်းလာပြီး

🔹 DDR4
🗓️ Year: 2014
⚡ Speed: 2133–3200+ MT/s
🔌 Power: 1.2V
💡DDR4 ဆိုရင် အခုဒီနေ့အချိန်ထိသုံးနေတုန်းဘဲဖြစ်ပါတယ်၊ DDR3 ထက်ပိုမြန် ပို Power စားသက်သာ

🔹 DDR5
🗓️ Year: 2020
⚡ Speed: 4800–8400+ MT/s
🔌 Power: 1.1V
💡 DDR5 တွေကတော့ နောက်ဆုံးထွက် Model တွေပါ။ Gaming, editing ပိုင်းနဲ့ Heavy tasks ပိုင်းတွေမှာသုံးဖို့ အသင့်တော်ဆုံးပါ

အကျဥ်းချုပ်အနေနဲ့ကတော့ Ram တွေက Model မြင့်လေလေကောင်းလေလေပါဘဲ။ PC ထဲမှာလည်းများလေကောင်းလေပါဘဲ ( 16GB လောက်ဆိုရင် အေးဆေးသုံးလို့ရပြီး၊ 32 GB လောက်ဆိုရင် ပြည့်စုံနေပြီးလို့ပြောလို့ရပါတယ် )။ ဒါပေမဲ့ တစ်ခုသတိထားရမှာက RAM တွေကို့ PC မှာထပ်တိုးတော့မယ်ဆိုရင် ကို့ PC ရဲ့ motherboard နဲ့ CPU ကလက်ခံလား သုံးလို့ရလားဆိုတာ အရင်စစ်ဆေးပြီးမှထပ်ပြီးတိုးရပါမယ်၊ ဥပမာ ကို့ motherboard က DDR4 ဘဲလက်ခံတာကို DDR5 RAM စိုက်လိုက်မယ်ဆိုရင် Motherboard ဒါမှမဟုတ် စိုက်လိုက်တဲ့ Ram က Damage ပျက်တာမျိုးတွေကြုံနိုင်ပါတယ်။

စာကိုအဆုံးထိဖတ်ပေးတဲ့ အတွက်ကျေးဇူတင်ပါတယ်။ PCကြီးနှေးနေလို့ RAM အသစ်စိုက်တဲ့ အချိန် Motherboard ကလက်မခံဘဲ မှားတဲ့ DDR model မစိုက်မိပါစေနဲ့ ဆုတောင်းပေးပါတယ်ဗျ 🤣

16/07/2025

အကောင်းဆုံး Laptop List ထဲက ထိပ်ဆုံးနေရာကို Thinkpad ဘယ်လိုရောက်ခဲ့လဲ?

ဒီ Video ထဲမှာတော့ Thinkpad ရဲ့ကောင်းတဲ့အချက်တွေကိုပြောပြပေးထားပါတယ် 😉❤️

Laptop သုံးရတာ အဆင်မပြေပါဘူး သုံးတာကြာလာတာနဲ့နှေးလာတာဘဲLaptop တွေ Desktop တွေ သုံးလာတာ အချိန်ကြာလာတာနဲ့အမျှနှေးနေပြီးလား...
09/07/2025

Laptop သုံးရတာ အဆင်မပြေပါဘူး သုံးတာကြာလာတာနဲ့နှေးလာတာဘဲ
Laptop တွေ Desktop တွေ သုံးလာတာ အချိန်ကြာလာတာနဲ့အမျှနှေးနေပြီးလား? စိတ်မပူပါနဲ့ ဒီနေ့မှာတော့ ကို့ရဲ့ PC ကို အချိန်ခနလေးပေးပြီး ဘယ်လိုမြန်ဆန်အောင်လုပ်ရမလဲဆိုတာပြောပြပေးသွားမှာပါရှင့်။

🔹 1. Startup Programs တွေကိုပိတ်ကြမယ်
- Window setting > "Startup apps" ဆိုပြီး Search bar မှာရှာပေးပါ > ပြီးရင်တော့ ကို့ပိတ်ချင်တဲ့ App တွေကို Off လိုက်ရင်ရပါပြီးရှင့်
- PC ဖွင့်လိုက်တာနဲ့ အချို့ app တွေက Auto run နေတာမျိုးရှိတတ်ပါတယ်။ အဲ့လိုမျိုး Auto run နေတဲ့ app တွေများလာပြီးဆိုရင် PC ကသုံးလိုက်တိုင်းဖွင့်လိုက်တိုင်းလေးနေတတ်ပါတယ်။ အဲ့တာလေးကိုပိတ်လိုက်ပြီးဆိုရင် ကို့ရဲ့ PC ကသိသိသာသာလေး အသုံးပြုရတာမြန်ဆန်သွားမှာဖြစ်ပါတယ်ရှင့်

🔹2. Temp & Cache Files တွေရှင်းခြင်း
📌 Win key ဖိထားပြီး R ကိုနိပ့်ပါ > ပြီးရင် %temp% ဆိုပြီးရိုက် ထည့်ပါ > Enter နိပ့်ပါ > ပြီးရင် Ctrl + A နိပ်ပြီး ဖျက်လိုက်ပါ ။ ဒီဖိုင်တွေက ယာယီဖိုင်တွေဖြစ်တဲ့အတွက် စိတ်ချစွာဖျက်နိုင်ပါတယ်

အဲ့လိုအလားတူပုံစံအတိုင်း -
Win+R > %temp% > Enter > Ctrl+A > Delete
Win+R > temp > Enter > Ctrl+A > Delete
Win+R > prefetch > Enter > Ctrl+A > Delete
ဆိုပြီးမတူညီတဲ့ ယာယီဖိုင်တွေကိုရှင်းလင်းနိုင်ပါတယ်ရှင့်

ဒီအဆင့်နှစ်ဆင့်ပြုလုပ်ပြီးပြီးဆိုရင်တော့ လူကြီးမင်းတို့ရဲ့ PC ကအသုံးပြုရတာပုံမှန်ထက်မြန်ဆန်လာမှာဖြစ်ပါတယ်ရှင့် 😉

ကျောင်းသားတွေ Gamer တွေနဲ့ ဘယ်သူသုံးသုံးအလိုက်ဖက်ဆုံး Laptop ရှိလား?ဒီ Post ကအရောင်း Post မဟုတ်သလို Laptop Brand တွေကို ...
08/07/2025

ကျောင်းသားတွေ Gamer တွေနဲ့ ဘယ်သူသုံးသုံးအလိုက်ဖက်ဆုံး Laptop ရှိလား?

ဒီ Post ကအရောင်း Post မဟုတ်သလို Laptop Brand တွေကို Blame တဲ့ post လည်းမဟုတ်ပါဘူး။ ဒီနှစ်တွေမှာအကောင်းဆုံး ဘယ်နယ်ပယ်ကသူဘဲဖြစ်ဖြစ်သုံးရတာအဆင်ပြေတဲ့ Laptop ရှိပါတယ်၊ အဲ့တာကတော့ Macbook M-series တွေပါ။ M1 series ကစလို့ နောက်ပိုင်းတွေက အရမ်းသုံးရတာအဆင်ပြေပါတယ် - လျှင်မြန်တယ်၊ Battery 10 နာရီနဲ့အထက် တောက်လျောက်သုံးပြီးကြာရှည်ခံတယ်။ အရမ်းကောင်းပါတယ် ဒါပေမဲ့ မြန်မာနိုင်ငံ မှာ Macbook M-series ဝယ်ယူတော့မယ်ဆိုရင် အသုံးပြုပြီးသား Second- hand တောင်မှ 2,500,000 ( နှစ်ဆယ့်ငါးသိန်း ) ဝန်းကျင်ကိုကပ်နေတာပါ ။

ဒါကြောင့်ကျတော်ကဒီနေ့မှာ Macbook မဟုတ်ဘဲ ရေရှည်သုံးမယ် ဘက်စုံသုံးလို့ အဆင်ပြေတယ်၊ စျေးကလည်း ဘယ်သူမဆိုတတ်နိုင်တယ့် ဝန်းကျင်က laptop လေးတွေကို List ထုတ်ပေးလိုက်ပါတယ်

1. Dell Latitude 5490
CPU: Intel i5-8th Gen (8250U) — up to 3.4 GHz

GPU: Intel UHD Graphics 620

RAM: 8 GB DDR4

Storage: 512 GB M.2 SSD

Display: 14″ FHD

Battery: 6–8 hours (with good battery health)

Price: ~850,000 ကနေ 1,00,000 MMK ဝန်းကျင်

2. Lenovo ThinkPad T470
CPU: Intel i5-6th Gen (6300U) — up to 3.0 GHz

GPU: Intel HD Graphics 520

RAM: 8 GB DDR4

Storage: 256 GB SSD

Display: 14″ FHD

Battery: 7–9 hours

Price: ~700,000 ကနေ 850,000 MMK ဝန်းကျင်

3. HP ProBook 440 G5
CPU: Intel i5-8th Gen (8250U) — up to 3.4 GHz

GPU: Intel UHD Graphics 620

RAM: 8 GB

Storage: 256 GB SSD

Battery: 6–8 hours

Price: ~700,000 ကနေ 850,000 MMK ဝန်းကျင်

✅ Office, Business အတွက်သုံးလို့အဆင်ပြေမယ်, GPU ပါတာကြောင့် Game ဆော့တာနဲ့ Coding ပိုင်းတွေကိုပါ ထိထိရောက်ရောက်အသုံးပြုလို့ရမယ်။ ဒီထဲကတစ်လုံးလောက်သင့်မှာရှိနေပြီးဆိုရင်တော့ နောက်ထပ် 5 or 10 year+ လောက်အေးဆေးကြာရှည်သုံးသွားလို့ရပါတယ်။

စာကိုအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူတင်ပါတယ်ဗျ။ Laptop ပိုင်းဆိုင်ရာ Knowledge sharing ပိုင်းတွေကိုနေ့စဥ်တင်ပေးနေတာဖြစ်တဲ့အတွက် မိတ်ဆွေတို့အတွက်အကျိုးရှိခဲ့ရင် Page ကို Follow ထားပြီး နောက်ပိုင်း Post တွေကိုလည်းဆက်လက်ဖတ်ရှုနိုင်ပါတယ်ဗျ ။

ကောင်းမွန်တဲ့ Laptop ဆိုတာ ဘယ်လိုလဲ?အဲ့မေးခွန်းကတော့ သင် Laptop ကိုဘယ်နေရာမှာသုံးချင်လည်း ဆိုတဲ့အပေါ်မူတည်ပြီးအရေးကြီးပါ...
07/07/2025

ကောင်းမွန်တဲ့ Laptop ဆိုတာ ဘယ်လိုလဲ?
အဲ့မေးခွန်းကတော့ သင် Laptop ကိုဘယ်နေရာမှာသုံးချင်လည်း ဆိုတဲ့အပေါ်မူတည်ပြီးအရေးကြီးပါတယ်။
လူတိုင်းက “ကောင်းတဲ့ laptop တစ်လုံးလိုတယ်” လို့ပြောကြမယ်။ ကောင်းမွန်တဲ့ Laptop ဆိုတာစျေးကြီးရမယ် အသစ်ဖြစ်ရမယ်စသဖြင့် . . .
ဒါပေမဲ့ အမှန်တကယ်တော့ – သင်ဘာလုပ်ချင်လဲ သင် Laptop ကိုဘယ်နေရာမှာသုံးချင်လည်း ဆိုတဲ့အပေါ်မူတည်ပြီး အရေးကြီးပါတယ်။
💼 1. Office နဲ့ ကျောင်းသုံး Normal သုံး
📌 Word, Excel, Zoom, YouTube, basic tasks…
✅ Processor: Intel i3 / Ryzen 3
✅ RAM: 8GB
✅ Storage: SSD
✅ Display: Full HD (preferably IPS panel)
✅ Battery: 4–6 hours
📣 ဒီလောက် Requirement ဆိုရင် ဈေးနှုန်းသက်သာမယ် Battery သာကောင်းမယ်ဆိုရင်ကြာရှည်စွာ ပေါ့ပေါ့ပါးပါး သုံးလို့ရပါမယ်
🕹️ 2. For Gaming
🎮 Smooth gameplay and performance အတွက်ဆိုရင်တေ့
✅ Processor: Intel i5 / Ryzen 5+
✅ RAM: 16GB
✅ Storage: NVMe SSD (at least 512GB)
✅ Graphics: NVIDIA GTX/RTX or AMD Radeon
✅ Display: 120Hz+ Refresh Rate
📣 Gaming အတွက်ဆိုရင်တော့ Graphic card ကောင်းကောင်းတစ်ခုကတော့မပါမဖြစ်ပါရပါမယ် အဲ့တာမှ Game ဆော့ရင် Smooth ဖြစ်မှာပါ ( ဒီနေရာမှာတစ်ခုပြောချင်တာက Game အတွက်ဆိုရင် NVIDIA ရွေးရင် နောက်ပိုင်း 30 series ထဲက GTX/RTX တွေ‌ရွေးသင့်ပါတယ်။ ဒါမှလည်းနောက်ပိုင်း Heavy game တွေထွက်လာရင်တောင်အေးဆေး ကစား Chill လို့ရမှာပါ)
🎬 3. For Video Editing / Content Creation
🎥 ကိုက videos, photos, or create content တာတွေအတွက်ဆိုရင်
✅ Processor: Intel i7 / Ryzen 7
✅ RAM: 16GB ~ 32GB
✅ Storage: NVMe SSD
✅ Graphics: Dedicated GPU
✅ Display: IPS screen with color accuracy (sRGB / AdobeRGB)
📣 Editing အတွက် RAM, GPU နဲ့ အရောင်တိကျတဲ့ မျက်နှာပြင်က အဓိကပါ။ Ram များများနဲ့ GPU average လောက်ဆိုရင်က Editing အတွက်အဆင်ပြေပါပြီး
👨‍💻 4. For Coding / Development
💻 Write code, build software, or run servers…
✅ Processor: i5/i7 or Ryzen 5/7
✅ RAM: 16GB
✅ Storage: SSD (NVMe if possible) မြန်ဆန်စွာ လုပ်ဆောင်နိုင်ဖို့ ကောင်းမွန်တဲ့ SSD ကလိုအပ်တာပါ
✅ Graphics: Average GPU / ကောင်းမွန်စွာမြန်ဆန်စွာ Run ချင်တယ် Game development ပိုင်းတွေလို Graphic Rendering တွေလိုအပ်တယ်ဆိုရင် GPU ကောင်းကောင်းပါရင်အကောင်းဆုံးပါ
📌 အနှစ်ချုပ်အနေနဲ့ကတော့ ကောင်းမွန်တဲ့ Laptop ပြီးပြည့်စုံတဲ့ Laptop ဆိုတာတော့မရှိပါဘူး။ ကိုက Office လောက်ဘဲသုံးလို့ရတဲ့ Laptop ပေါ်မှာ Game ဆော့မယ် / Game average လောက်ဘဲဆော့လို့ရတဲ့ Laptop ပေါ်မှာ Editing, game dev, 3D Rendering ပိုင်းတွေသုံးမယ်ဆိုလည်းအဆင်ပြေမှာမဟုတ်ပါဘူး
အဲ့တာကြောင့် Laptop တစ်လုံးဝယ်ဖိုစဉ်းစားနေရင် ကိုဘယ်နေရာမှာသုံးမှာလည်း ဘာကြောင့်သုံးမှာလည်းဆိုပြီး ရေရည်စဉ်းစားပြီးဝယ်ယူဖို့ Knowledge sharing လေးလုပ်ပေးလိုက်ပါတယ်

Address

Hpa-an

Website

Alerts

Be the first to know and let us send you an email when Avocado Tech.Hpa-an posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share