အနန္တမေတ္တာ အေးကမ္ဘာဆေးစတိုး

  • Home
  • Myanmar
  • Hpa-an
  • အနန္တမေတ္တာ အေးကမ္ဘာဆေးစတိုး

အနန္တမေတ္တာ အေးကမ္ဘာဆေးစတိုး Healthy&Beauty and Electronic

03/01/2025
Baby လေးတို့အတွက်ရက်100ပြည့်နာမည်ပေးကင်ပွန်းတပ်မွေးနေ့ပွဲအတွက် Babimild လက်ဆောင်အလှအိတ်ကလေးတွေနဲ့ လက်ဆောင်ပေးဖို့အတွက် မ...
05/12/2024

Baby လေးတို့အတွက်

ရက်100ပြည့်
နာမည်ပေးကင်ပွန်းတပ်
မွေးနေ့ပွဲအတွက်
Babimild လက်ဆောင်အလှအိတ်ကလေးတွေနဲ့ လက်ဆောင်ပေးဖို့အတွက် မှာယူလို့ရပါပြီရှင့်
09428164807သို့လဲ ဆက်သွယ်မှာယူနိုင်သလို
Cbကနေလဲမှာယူအားပေးနိုင်ပါပြီရှင့်

Wow 🎅 3 ဗူးဝယ် တစ်ထည် လက်ဆောင်ဒိုင်ဘာလောင်ခြင်း- သက်သာပျောက်ကင်းမို့-မဖြစ်အောင် ကာကွယ်မို့ - ပွန်းခြင်း လျော့နည်းစေမို့ ...
05/12/2024

Wow 🎅 3 ဗူးဝယ် တစ်ထည် လက်ဆောင်

ဒိုင်ဘာလောင်ခြင်း
- သက်သာပျောက်ကင်းမို့
-မဖြစ်အောင် ကာကွယ်မို့
- ပွန်းခြင်း လျော့နည်းစေမို့

Bepanthen ရှိဖို့ လိုမယ်နော်

05/12/2024

အနွေးဦးထုပ်ဆောင်းရင်လည်း ပူတဲ့ဆောင်းရာသီမှာ သားသားမီးမီးလေးတွေ အတွက် သက်သောက်သက်သာ ဖြစ်မဲ့ ဦးထုပ်လေးတွေ ရပြီဗျို့ 😝

လိုအပ်ပါကHello လို့ရပါသည်
04/12/2024

လိုအပ်ပါက
Hello လို့ရပါသည်

04/12/2024

Hello
🥰🥰🥰

03/11/2024

Sunday မြို့ပါတ်

မိုးရာသီ Diaper တိုဖြင့်ပေါ့
10/07/2024

မိုးရာသီ
Diaper တိုဖြင့်ပေါ့

11/01/2024

Happy Karen New Year
နှစ်သစ်မှာပျော်ရွှင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါသည်ရှင့်🙏🏼🙏🏼🙏🏼🙏🏼🙏🏼
#ကရင်နှစ်သစ်ကူး
New Year
Karen New Year.

31/12/2023

Happy New year 2024.
အမြဲကြိုးစားလျှက်ပါ

https://www.facebook.com/100058278781320/posts/745759677376652/?sfnsn=mo&mibextid=6aamW6
30/10/2023

https://www.facebook.com/100058278781320/posts/745759677376652/?sfnsn=mo&mibextid=6aamW6

#ဆီးချိုတွေကျနေတယ်
#အထိုင်အထ_ခဏခဏ_မူးလဲတယ်
#လူကအားလုံးဝ_မရှိသလိုပဲ

#စပ်ဆေး_အန္တရာယ်


လူက ဝ ဝ
သွေးတိုး၊ ဆီးချို အကုန်ရှိတယ်
အဆစ်တွေကိုက်တဲ့ရောဂါလည်းရှိတယ်။

ခဏခဏမူးလဲနေတာ အခုက မူးလဲပြီး ပေါင်ရိုးကျိုးသွားလို့ ဆေးရုံရောက်နေတာ။

👉👉👉
အသက်က (၄၀) အမျိုးသမီး၊
လက်လုပ်လက်စားစျေးရောင်းတာ
တစ်နေကုန်စျေးရောင်းတော့ ညောင်းကိုက်ပြီး ကိုယ်တွေလက်တွေ ကိုက်ခဲတာ ဆေးဆိုင်က အကြောပြေအကိုက်ခဲပျောက်ဆေး (၃) ခွက်စာဝယ်ပြီး သောက်လိုက်ရင် နာရီဝက်လောက်ဆို
လူကနေလို့ကောင်းသွားတယ်
စားလို့သောက်လို့ဝင်တယ်
လန်းလည်းလန်းတယ်လေ
(ဆေးကလည်း တစ်ခွက်မှာ ၂၀၀ သုံးခွက် ၅၀၀ လေ)
အဲ့လောက်ကောင်းတဲ့ဆေး ၅၀၀ နဲ့ရတာ (၃) ကြိမ်သောက်လို့ရတယ်။
မနက်နိုးလို့ စျေးရောင်းခါနီးတစ်ခွက်သောက်သွားမယ်၊ စျေးကောင်းကောင်းရောင်းနိုင်အောင်

အဲ့ဒီ စပ်ဆေး ကို နှစ်ချီပြီး သောက်နေခဲ့ပါတယ်။

👉👉👉
ဘာတွေဖြစ်လာလဲ

- လူက ဝ ဝ လာတာ ဗိုက်ကြီးပူ၊ ဂုတ်သားတွေတက်၊ မေးစေ့လည်း ဘယ်နထပ်တောင်ဖြစ်နေလဲမသိပဲ လည်ပင်းပါပျောက်နေပါပြီ
- အထိုင်အထ လည်းအရမ်းခက်တာပဲ လူတစ်ယောက်ဆွဲထူမှကိုထနိုင်တာ၊ ပစ္စည်းတွေလည်းမ မ နိုင်တော့ဘူး
- ခေါင်းကလည်း နေ့တိုင်းနီးပါးကိုကိုက်တာ (ဆေးပြတ်တာနဲ့ကိုကိုက်တာ)
- အဆစ်ကိုက်တာတွေကလည်း မသက်သာပါဘူး
- ဗိုက်ကြောတွေလဲ တော်တော်ပြတ်တယ်
- ဆေးခန်းပြလိုက်တော့ သွေးတိုးရော၊ ဆီးချိုရောရှိနေတယ် (သွေးကျဆေးရော၊ဆီးချိုကျဆေးရော သောက်ရတယ်)
- ချူချာလာတယ် ခဏခဏဖျားလို့ ဆေးသွားသွားထိုးရတယ်

အသိဆရာတစ်ယောက်က စကားစပ်မိလို့ ဘာဆေးတွေသောက်နေလဲ ဆိုလို့ သွေးကျဆေး၊ ဆီးချိုဆေးနဲ့ အဆစ်တွေကိုက်လို့ စပ်ဆေးသောက်တယ်လို့ပြောလိုက်တာ၊ စပ်ဆေးတွေက အစာအိမ်သွေးကြောပေါက်တတ်တယ်၊ ကျောက်ကပ်ပျက်တယ် ပြောတာနဲ့ကြောက်ပြီး စပ်ဆေးတွေရပ်လိုက်ပါတယ်။

ဆေးရပ်ပြီး တစ်လဝန်းကျင်လောက်စပြီး
- ပျို့/အန်တယ်
- ဗိုက်အောင့်တယ်
- အထိုင်အထမူးပြီး ခဏခဏလဲတယ်
- သွေးပေါင်တွေရော၊ ဆီးချိုရော ကျကျနေလို့ ဆေးတွေ မသောက်တော့ဘူး
- အဆစ်တွေကတော့တော်တော်နာတာ အခုမူးလဲပြီး အရိုးကျိုးသွားတာ

👉👉👉👉👉
ပြောစရာက (၂) ပိုင်းပါ
၁။ စပ်ဆေးတွေ သောက်ပြီး ဘာလို့ ဝ လာရတာလဲ
၂။ စပ်ဆေးရပ်လိုက်ပြီး ဘာလို့ မူးလဲရတာလဲ

-------
(၁)။ စပ်ဆေးတွေ သောက်ပြီး ဘာလို့ ဝ လာရတာလဲ

အခြေခံလေးပြောပြပါမယ်။
ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးက Stress
- Physical - အလုပ်ပင်ပန်းတာ၊ နေမကောင်းတာ၊ ထိခိုက်ဒဏ်ရာရတာ
- Mental - စိတ်ပူတာ၊ စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းတာ
တွေခံနိုင်ရည်ရှိအောင် မနက်ဆို Stress Hormone တွေထုတ်ပါတယ်။
အဲ့ထဲမှာ ခန္ဓာကိုယ်အတွက် သက်စောင့်ဓာတ်လို့ပြောလို့ရတဲ့ Cortisol ဆိုတဲ့ Hormone လည်းပါပါတယ်။
သူက
- ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တိုင်းမှာပါတယ်
- တခြား Hormone တွေ အပေါ်မှာလည်း အာဏာရှိတယ်
- သွေးပေါင်ထိန်းညှိတဲ့နေရာမှာလဲပါတယ်
- ရေနဲ့ဓာတ်ဆားတွေ ထိန်းညှိတဲ့နေရာမှာလဲပါတယ်
- ကိုယ်ခံအားထိန်းညှိတဲ့နေရာမှာလဲပါတယ်
- သက်စောင့်ဓာတ်လို့ခေါ်တဲ့အတွက် သူမရှိရင် ***သေနိုင်ပါတယ်

ရုပ်ရှင်တွေထဲမှာ သေခါနီးလူနာကို "အသက်ကယ်ဆေးထိုးပေးလိုက်ပါဆရာမ" ဆိုပြီး လူနာသက်တောင့်သက်သာ ဘဝ ​ပြောင်းရအောင် ထိုးပေးတယ် ဆိုတာလည်း Cortisol ပါပဲ

#တန်ဆေး_လွန်ဘေး ဆိုတဲ့ အတိုင်း

အဲ့ဒီသက်စောင့်ဓာတ်ကို ဆေးအနေနဲ့ ထုတ်လိုက်ကြပါတယ်။
အပေါ်က ပြောထားသလို
- သေခါနီးလူနာကို လူနာသက်တောင့်သက်သာ ဘဝ ​ပြောင်းရအောင် ထိုးပေးတယ်
- ​ဓာတ်မတည့်မှုကြောင့် Shock ရနေတဲ့လူနာတွေမှာ ထိုးပေးတယ်
- ပန်းနာရင်ကြပ်ဝေဒနာရှင်တွေ သေလောက်အောင်ကြပ်နေတဲ့ အချိန် ထိုးပေးတယ်
- ဦးနှောက်ရောင်တဲ့ရောဂါတွေ လူနာအကြီးအကျယ်ခံစားနေရတဲ့ အချိန်ထိုးပေးတယ်
- ကင်ဆာဝေဒနာရှင်တွေ ကင်ဆာဆေးရဲ့ ဒဏ်ခံစားရသက်သာအောင် ထိုးပေးတယ်
- ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအစားထိုးထားတဲ့သူတွေကိုပေးပါတယ်
အဲ့လောက်ကို တန်ဖိုးရှိတဲ့၊ အသုံးဝင်တဲ့ဆေး က စျေးအရမ်းသက်သာတယ်(ပေါလွန်းတယ်ပေါ့)
ဆေးစွမ်းကလည်းအရမ်းထက်တယ်လေ
အဲ့လောက်ကောင်းတဲ့ဆေး စျေးပေါပေါနဲ့ရတော့ စပ်ရောင်းကြတာပေါ့ (တရုတ်ဖြစ်တွေဆို)တစ်ကဒ် (၁၀) လုံးမှ ၅၀ လောက်ရှိတာ၊ တစ်လုံး (၅) ကျပ်ပဲရှိတယ်၊ => သောက်သောက်လဲမြတ်တာပေါ့
လူတွေကလည်း ၂၀၀ ကျပ် နဲ့ နာကျင်ကိုက်ခဲ ချက်ချင်းပျောက်တယ်လေ သောက်ကြတာပေါ့
👉👉👉
Stress Hormone တွေအပြင်ကနေ Dose အများကြီးတရားလွန် ဝင်လာတော့
၁။ ဇီဝဖြစ်စဉ်တွေ ကမောက်ကမဖြစ်တဲ့အတွက်
- Central obesity လူကြီးက ဗိုက်ကြီးပူ၊ဂုတ်သားတတ်၊ မေးစေ့ (၃-၄)ထပ်ဖြစ်သွားပါတယ်
- ကြွက်သားတွေကိုဖျက်ဆီးတဲ့အတွက် ပေါင်တွေ၊ လက်တွေလှီပြီး အထိုင်၊ အထ ခက်ပါတယ် (Proximal myopathy)
- မျက်နှာက ဇကောကြီးလို ပြဲကွဲထွက်နေပါတယ် (Moon face)
- အရိုးတွေပွပါတယ် (osteoporosis)
၂။ ရေနဲ့ဓာတ်ဆားတွေ တရားလွန်ကိုယ်ထဲပုံလာတဲ့အတွက် သွေးပေါင်တွေတတ်လာပါတယ် (High blood pressure )
၃။ ဇီဝဖြစ်စဉ်တွေ ကမောက်ကမဖြစ်တဲ့အတွက် သကြားဓာတ်တွေ သွေးထဲများနေတော့ ဆီးချိုဖြစ်ပါတယ် (High Blood Sugar)
၄။ ကိုယ်ခံအားကျတဲ့အတွက် ရောဂါ ခဏခဏဖြစ်ပါတယ်
၅။ အရေပြားတွေပျက်စီးလာတဲ့ အတွက် ဗိုက်ကြောတွေပြတ်ပါတယ်
၆။ သွေးကြောတွေပါးစေတဲ့အတွက် သွေးချေဥတယ်၊ သွေးထွက်လွန်တာတွေဖြစ်နိုင်ပါတယ်
၇။ အမျိုးသမီးတွေမှာ အမွေးတွေထူလာပါတယ် (နှုတ်ခမ်းမွှေး၊ ရင်ပတ်၊ဗိုက် အမွေးတွေထွက်လာပါတယ်)
#သက်စောင့်ဓာတ်ကို_တလွဲသုံးတဲ့_အပြစ်တွေပါ။
အပြင်ကနေ Cortisol ကို (နှစ်ချီပြီး) နေ့တိုင်း မတရားစွတ်စွတ်သောက်နေတဲ့ အတွက် ***ခန္ဓာကိုယ်က #သူ့ဟာသူ #မထုတ်တော့ပါဘူး***
👉👉👉
(၂)။ စပ်ဆေးရပ်လိုက်ပြီး ဘာလို့ မူးလဲရတာလဲ
စကားစပ်မိလို့ ဆေး ကို တလွဲသုံးတာရဲ့ အပြစ်သိတဲ့သူနဲ့တွေ့တော့ သွေးတိုးတာ၊ ဆီးချိုတက်တာ၊ ဝလာတာ ဆေးကြောင့် အစာအိမ်သွေးကြောပေါက်မယ်၊ ကျောက်ကပ်ပျက်မယ်လည်း ဆိုရော
#ကြောက်လန့်ပြီး ဆေးရပ်လိုက်ပါတယ်။
အပြင်ကနေ Cortisol ကို (နှစ်ချီပြီး) နေ့တိုင်း မတရားစွတ်စွတ်သောက်နေတဲ့ အတွက် ***ခန္ဓာကိုယ်က #သူ့ဟာသူ #မထုတ်တော့ပါဘူး***
လူတွေ ကိုယ်ခန္ဓာကိုယ်ကို ပေါက်ကရလုပ်တာ နော် ခန္ဓာကိုယ်က သူ့အတွက် သက်စောင့်ဓာတ်ကို တောင် မထုတ်နိုင်တော့ဘူး။
အဲ့ဒါနဲ့
- သွေးပေါင်တွေ ထိုးကျပါပြီ
- ဆီးချိုတွေထိုးကျပါပြီ
- ပျို့ပါမယ်၊ အန်ပါမယ်
- ဗိုက်နာပါမယ်
- နောက်ဆုံး ဘာမှန်းမသိ၊ ညာမှန်းမသိ နဲ့ အသက်ဆုံးရှုံးသွားတတ်ပါတယ်
ကျွန်တော်တွေ့ဖူးတဲ့ လူနာက မူးလဲပြီး ဆေးတွေကြောင့် အရိုးပွနေတဲ့ အတွက် ပေါင်ရိုးကျိုးပြီးဆေးရုံရောက်လို့သာ သူ့ရာဇဝင်တွေ မေးပြီး Drug induced cushing က Addison ဝင်နေတာကို မိပြီး အသက်ပါကယ်လိုက်နိုင်တာပါ။
စပ်ဆေးတွေသောက်ပြီး လူမသိ၊ သူမသိ ဘယ်လောက်များ သေပြီးခဲ့ပြီလဲ မသိပါဘူးဗျာ။
ချက်ချင်းသေတဲ့ဟာမဟုတ်တော့ ဘယ်သူမှလည်း သတိပြုမိမယ်မထင်ပါဘူး။
😢😢😢😢😢
သဘောပေါက်ကြမယ်ထင်ပါတယ်။

1. စပ်ဆေးတွေ လုံးဝ မသောက်ကြပါနဲ့
(Steroid တွေလည်း မလိုပဲတရားလွန်မသုံးကြပါနဲ့)
2. သုံးနေတာကြာပြီ၊ သောက်နေတာကြာပြီဆိုရင်လည်း အခုရှင်းပြတာ နားလည်ရင် #ချက်ချင်းမဖြတ်လိုက်ကြပါနဲ့
Steroid/cortisol သောက်တာကြာလို့ ခန္ဓာကိုယ်က မထုတ်တော့တဲ့ အတွက်ရုတ်တရက်လုံးဝ ရပ်လိုက်ရင် သက်စောင့်ဓာတ်မရှိတော့တဲ့အတွက် အသက်အန္တရာယ်ရှိပါတယ်။
​ဆေးကိုမဖြတ်ရဘူးဆိုတော့ ဆက်သောက်ရမှာလား ဆိုတာလည်း ❌ မဟုတ်ပါဘူး
ဆရာဝန်နဲ့ပြပါ 👉 စပ်ဆေးတွေသောက်ထားပါတယ်လို့ပြောပါ။
ဆရာဝန်က ခန္ဓာကိုယ်အတွက် အန္တရာယ်မဖြစ်အောင် ဆေးတစ်မျိုးအစားပေးပြီး တဖြည်းဖြည်းဖြတ်ပေးပါလိမ့်မယ်။
👉👉👉👉👉👉👉👉👉👉👉👉👉👉👉
ဒီစာကိုဖတ်မိတဲ့ လူများ
#စပ်ဆေး_အန္တရာယ် သိလောက်ပြီထင်ပါတယ်။
ကိုယ်တိုင်လည်းမသောက်သင့်သလို အသိပညာလေးမျှဝေပေးကြပါဗျာ
🙏🙏🙏
(Original Post; Oct,2020 👉 https://www.facebook.com/104993831383029/posts/121823336366745/?mibextid=WC7FNe)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

ဂျင်းကွမ်းထန်းလျက်ပြုတ်ရည်ဆိုတာ အစွမ်းထက်မြန်မာ့တိုင်းရင်းဆေးပြုတ်ရည်အဖြစ် လူတိုင်းသိကြ သောက်သုံးကြပါတယ်ရှင်။ မီးနေသည်တွ...
29/10/2023

ဂျင်းကွမ်းထန်းလျက်ပြုတ်ရည်ဆိုတာ အစွမ်းထက်မြန်မာ့တိုင်းရင်းဆေးပြုတ်ရည်အဖြစ် လူတိုင်းသိကြ သောက်သုံးကြပါတယ်ရှင်။
မီးနေသည်တွေ သောက်ပေးရင်လည်း အခိုးပွင့်ပြီး သားအိမ်ကိုက်ခဲတာတွေပျောက်စေပါတယ်။ အကျိုးကျေးဇူးတွေက အများကြီးနော်။

မိုးအေးအေးလေးနဲ့ရောဂါကာကွယ်ဖို့ရော အခိုးပွင့်ဖို့ရော ဖျားနေချိန်သောက်ဖို့ရော သင့်တော်တဲ့

တစ်သွေးလှ
ဂျင်းထန်းလျက်ကွမ်းရွက်မှုန့်
(ဆားပုတ်ခဲအရသာလေးနည်းနည်းစွက်ထားပါတယ်)

အချိန်နေရာမရွေး အလွယ်တကူ ဂျင်းထန်းလျက်​ပြုတ်ရည်လေး သောက်သုံးနိုင်စေရန် ဂျင်းကွမ်းထန်းလျက်မှုန့်လေးကို ထုတ်လုပ်ထားပါတယ်ရှင်။ ရေနွေးပူပူလေးရှိရုံနဲ့ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ဂျင်းကွမ်းထန်းလျက်ပြုတ်ရည်လေးတစ်ခွက်ရရှိနိုင်ပါတယ်။



♥️Benefits ( ဂျင်းကွမ်းထန်းလျက်ပြုတ်ရည်ကောင်းကျိုးများ)
- အရွယ်တင်နုပျိုစေခြင်း
- သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း
- အစားအစာ ချေဖျက်မှု အားကောင်းစေခြင်း
- အဆစ်အမြစ်များ နာကျင်မှုမှ သက်သာစေခြင်း
- အမျိုးသမီးများ ဓမ္မတာလာစဉ် နာကျင်မှုများ သက်သာစေခြင်း
- အသည်းရဲ့ အဆိပ်အတောက်များဖယ်ရှားပေးသော လုပ်ငန်းများကို ပိုမိုကောင်းမွန်စေခြင်း
- အသက်ရှုလမ်းကြောင်းမှ ပိုးမွှားများကို ဖယ်ရှားပေးသောကြောင့် အအေးမိ နှာစေးခြင်းများကို သက်သာစေခြင်း

▪️အမှုန့်တွေသည် ၁နှစ်ကျော်သိမ်းဆည်းထားနိုင်ပါတယ်ရှင်၊ လေနှင့်ထိတွေ့ပါကအစိုပြန်သောကြောင့် လေလုံအောင်ထားသိုပါရှင်။

Address

Loatthar Street, 6 Qtr, Pyihtaungsu
Hpa-an

Telephone

+959428164807

Website

Alerts

Be the first to know and let us send you an email when အနန္တမေတ္တာ အေးကမ္ဘာဆေးစတိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category