PCC- Plus 4 Computer Centre

PCC- Plus 4 Computer Centre ဟိုပန်မြို့၊ ကွန်ပျူတာသင်တန်းနှင့် ကွန်ပျူတာပြုပြင်ရောင်းဝယ်ရေး ဝန်ဆောင်မှု

💻 ကွန်ပျူတာအခြေခံ လက်တွေ့သင်ယူချင်သူများအတွက် သတင်းကောင်း! 💻✨➖➖➖➖➖➖➖📌 ဟိုပန်မြို့၊ စျေးရပ်ကွက်💰 သင်တန်းကြေး : တစ်လ ၂၀၀,၀...
06/01/2026

💻 ကွန်ပျူတာအခြေခံ လက်တွေ့သင်ယူချင်သူများအတွက် သတင်းကောင်း! 💻✨
➖➖➖➖➖➖➖
📌 ဟိုပန်မြို့၊ စျေးရပ်ကွက်

💰 သင်တန်းကြေး : တစ်လ ၂၀၀,၀၀၀ ကျပ်သာ! (စုစုပေါင်း ၂ လပဲရှိပါတယ်)

⏰ သင်တန်းကာလ : ၂ လတာ အပြည့်အဝလက်တွေ့သင်ယူနိုင်မယ်!

👩‍💻👨‍💻 သင်ကြားပုံစံ : စက်တစ်ယောက်တစ်လုံးနှုန်း! ဆရာ/ဆရာမများ အနီးကပ် စောင့်ကြည့်ပြီး တစ်ဦးချင်း လမ်းညွှန်ပေးမှာမို့ မရှုပ်ထွေးပါဘူး။ အခြေခံကနေ ယုံကြည်မှုရှိရှိ ကျွမ်းကျင်လာမယ်! 🔥

🕒 သင်တန်းချိန် : သင်အဆင်ပြေရင် ညှိနှိုင်းနိုင်ပါသည်။ (အလုပ်လုပ်ရင်းသင်ချင်သူတွေ အဆင်ပြေစေဖို့ပါ)

🎯 အထူးသီးသန့်အတန်း : ရုံးဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် စာရင်းဇယား (Excel) ပိုင်းကျွမ်းကျင်ချင်သူများအတွက် သီးသန့်အတန်းလေးလည်း ဖွင့်ထားပါတယ်။ 📊💼

🔰 အခုပဲ မဆုံးရှုံးပါနဲ့! ကွန်ပျူတာကျွမ်းကျင်မှုက သင့်အလုပ်အကိုင်အခွင့်အလမ်းတွေကို ပိုမိုဖွင့်ပေးမှာပါ။ 🚀

📩 စိတ်ဝင်စားရင် Inbox လေး ပို့ပေးပါ သို့မဟုတ် ဖုန်းဆက်လိုက်ပါနော်။ နေရာကန့်သတ်ထားပါတယ်!

Hotline:09 662 074 353
Viber :09 662 074 035

#ကွန်ပျူတာသင်တန်း #ဟိုပန်မြို့ #အခြေခံကွန်ပျူတာ ျွမ်းကျင်

17/12/2025
💻 Computer Services➖➖➖➖➖➖➖✅Laptop Window Service✅China Vpn Service✅Software Install✅ကွန်ပျူတာသင်တန်း✅ကွန်ပျူတာ အပိုပစ်စည...
22/11/2025

💻 Computer Services
➖➖➖➖➖➖➖
✅Laptop Window Service
✅China Vpn Service
✅Software Install
✅ကွန်ပျူတာသင်တန်း
✅ကွန်ပျူတာ အပိုပစ်စည်း
✅Software Hardware
ဆိုင်လိပ်စာ:ဟိုပန်မြို့စျေးရပ်ကွက်၊ဝတောင်တန်း ဧည့်ရိပ်မွန်အနီး။
Hotline:09 662 074 353
Viber. :09 662 074 353

#ကွန်ပျူတာသင်တန်း




Microsoft Word မှာ မြန်မာစာမမှန်ရင် ဒီ ၆ ချက်နဲ့ ဖြေရှင်းလိုက်ပါ+++++++++++++++++++++++++++++++Microsoft Word မှာ မြန်မာ...
20/10/2025

Microsoft Word မှာ မြန်မာစာမမှန်ရင် ဒီ ၆ ချက်နဲ့ ဖြေရှင်းလိုက်ပါ
+++++++++++++++++++++++++++++++

Microsoft Word မှာ မြန်မာစာရိုက်တဲ့အခါ စာလုံးတွေ ကပ်နေတာ၊ ပြောင်းပြန်ဖြစ်နေတာ၊ အတုံးတုံးပြနေတာ၊ Font ပြောင်းသွားတာ စတဲ့ ပြဿနာတွေ ကြုံဖူးကြမှာပါ။

ဒီ Post မှာ Word မှာ မြန်မာစာမမှန်တဲ့ပြဿနာကို အဆင့်ဆင့်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှင်းပြပေးသွားမှာမို့ ဆက်ကြည့်လိုက်ရအောင်။

Word မှာ မြန်မာစာပြဿနာ ဖြေရှင်းနည်းများ

1 Proofing Language ပြင်ဆင်ခြင်း

Word ဖိုင်ဖွင့်ပါ
Review Tab > Language > Set Proofing Language ကိုနှိပ်ပါ
"Detect language automatically" ကို ဖြုတ်ပါ
Language List ထဲက "Myanmar (Myanmar)" ကိုရွေးပါ
"Set As Default" ကိုနှိပ်ပါ
OK ကိုနှိပ်ပါ

2 Font ပြောင်းလဲခြင်း

မြန်မာစာရိုက်ချင်တဲ့ Text ကိုရွေးပါ
Home Tab က Font Section မှာ Pyidaungsu, Myanmar Text စတဲ့ Unicode Font တစ်ခုခုကိုရွေးပါ
Zawgyi Font မသုံးပါနဲ့ - Word မှာ Zawgyi Font နဲ့ ပြဿနာရှိတတ်ပါတယ်

3 Word Options ထဲက Settings ပြင်ဆင်ခြင်း

File > Options > Advanced ကိုဝင်ပါ
"Show document content" Section မှာ:
"Use draft font in Draft and Outline views" - ဖြုတ်ပါ
"Font Substitution" - နှိပ်ပြီး Font အားလုံးကို Unicode Font ဖြစ်အောင်ပြင်ပါ

4 Compatibility Mode ပြင်ဆင်ခြင်း

Word File က .doc (Word 97-2003) Format ဖြစ်နေရင် ပြဿနာရှိတတ်ပါတယ်
File > Info > Convert ကိုနှိပ်ပြီး .docx Format အသစ်ကိုပြောင်းပါ

5 Keyboard Layout စစ်ဆေးခြင်း

Windows Taskbar မှာ ENG လို့ပြနေရင် Windows + Spacebar နှိပ်ပြီး မြန်မာ (Myanmar) Keyboard ကိုပြောင်းပါ
Keymagic Keyboard သုံးနေရင် Ctrl + Space နှိပ်ပြီး မြန်မာစာကိုဖွင့်ပါ

6 Template ပြင်ဆင်ခြင်း

File > Options > Add-ins ကိုဝင်ပါ
Manage: Templates > Go ကိုနှိပ်ပါ
"Attach" ကိုနှိပ်ပြီး Normal.dotm Template ကို Reset လုပ်ပါ

အထူးသတိထားရန်

Zawgyi-One Font ရှောင်ပါ: Zawgyi Font ကို Word မှာအသုံးပြုရင် စာလုံးကပ်၊ ပြောင်းပြန်ဖြစ်တဲ့ပြဿနာများတယ်
Unicode Font သုံးပါ: Pyidaungsu, Myanmar Text, Masterpiece Uni Sans စတဲ့ Unicode Font တွေသုံးပါ
မြန်မာ Keyboard ဖွင့်ပါ: မြန်မာစာရိုက်တော့မယ်ဆိုရင် Windows + Spacebar နှိပ်ပြီး မြန်မာKeyboardပြောင်းပါ

နောက်ထပ်လုပ်ဆောင်နိုင်သည်များ

Word Update: Word Version အဟောင်းတွေမှာ ပြဿနာပိုရှိတတ်လို့ Update လုပ်ပါ
Windows Language Pack: Windows ထဲမှာ Myanmar Language Pack ထည့်သွင်းထားပါ
Font Embedding: Word File ကိုအခြားသူပို့မယ်ဆိုရင် File > Options > Save > "Embed fonts in the file" ခြစ်ပါ။

အရေးပေါ်ဖြေရှင်းနည်း

အထက်ပါနည်းတွေနဲ့မှမရရင်:

1. Text အားလုံးကို Select All (Ctrl+A) လုပ်ပါ
2. Notepad ထဲကို Copy Paste လုပ်ပါ
3. Notepad ထဲမှာ Font ပြဿနာကင်းသွားပါလိမ့်မယ်
4. Word အသစ်ထပ်ဖွင့်ပြီး Notepad ကနေ Text တွေကို Paste ပြန်လုပ်ပါ

"Word မှာမြန်မာစာပြဿနာက အဖြစ်များပေမယ့် Settings လေးတွေကို မှန်မှန်ကန်ကန်ချိန်ညှိပေးလိုက်ရင် အလွယ်တကူဖြေရှင်းလို့ရပါတယ်"

Credit IT Value မှာပြန်လည်မျှဝေသည်

18/10/2025

❗Software သွင်းတဲ့အခါမဖြစ်မနေပိတ်ထားရမည့် အချက်များ။

✅ Laptop/PC/Software/Hardware အကြောင်းများ ဗဟုတုသ အနေဖြင့် မေးမြန်းနိုင်ပါပြီ။




14/10/2025
သိပြီးပြီလား⁉️အခုလာမယ့် Oct 14 ရက်နေ့ဆိုရင် Windows 10 ကို Microsoft က Security Update အပါဝင် Update တော်တော်များများကို...
12/10/2025

သိပြီးပြီလား⁉️
အခုလာမယ့် Oct 14 ရက်နေ့ဆိုရင် Windows 10 ကို Microsoft က Security Update အပါဝင် Update တော်တော်များများကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။

အခုလိုမျိုး Update မပေးရင် ဘာတွေဖြစ်လာနိင်လဲ?
1️⃣ Security Update မရတော့တာကြောင့် ကွန်ပျုတာအတွက် လုံခြုံရေးဆိုင်ရာ ပြသာနာတွေကြုံရနိင်ပါတယ်။

2️⃣ အသစ်ထွက်လာတဲ့ Software တွေ Driver တွေ မကိုက်ညီတာမျိုးတွေ ကြုံရနိင်ပါတယ်။

3️⃣ Hardware အသစ်အသုံးပြုတဲ့အခါမှာလည်း အသုံးပြုလို့မရတာမျိုးတွေ ကြုံရနိင်ပါတယ်။

ဘယ်လိုလုပ်သင့်လဲ❗
✅ဒီလိုပြောရခြင်းက ကွန်ပျုတာအသစ်ဝယ်ဖို့ ပြောတာမဟုတ်ပါဘူး။ လက်ရှိသုံးနေတဲ့ ကွန်ပျုတာမှာ Windows 11 တင်ထားသင့်ပါတယ်။

✅ကိုယ့်ရဲ့စက်က Windows 11 တင်လို့မရတဲ့ အခြေအနေဆိုရင်တော့ Anti Virus ကောင်းတာလေးတစ်ခု ဝယ်သုံးသင့်ပါတယ်.



#ကွန်ပျူတာသင်တန်း

အထူးသတိပြုသတိပြုရမဲ့ Typingဟိုပန်မြို့၊စျေးရပ်ကွက်➖➖➖➖➖➖➖➖✅လက်ထားပုံထားနည်းမှန်ကန်ရန်✅ ဗဟုသုတအနေဖြင့်မျှဝေခြင်း   #ကွန်ပ...
12/10/2025

အထူးသတိပြုသတိပြုရမဲ့ Typing
ဟိုပန်မြို့၊စျေးရပ်ကွက်
➖➖➖➖➖➖➖➖
✅လက်ထားပုံထားနည်းမှန်ကန်ရန်
✅ ဗဟုသုတအနေဖြင့်မျှဝေခြင်း

#ကွန်ပျူတာသင်တန်း


RAM Upgrade လုပ်ရင် ကြုံရတတ်တဲ့ ပြဿနာ********************************************သူ့ Laptop က ကျန်တာအားလုံး ကောင်းနေပါလျ...
12/10/2025

RAM Upgrade လုပ်ရင် ကြုံရတတ်တဲ့ ပြဿနာ
********************************************
သူ့ Laptop က ကျန်တာအားလုံး ကောင်းနေပါလျက် RAM 8GB လေး ဖြစ်နေတာကြောင့် RAM Upgrade လုပ်ဖို့ ဆိုင်သွားတဲ့အခါ ကြုံလာရတဲ့ ပြဿနာ တစ်ခု ဆိုပါတော့
(တစ်ယောက်က အဲဒါလေးလာပြောပြလို့)

Laptop မှာက RAM Slot က ၂ ခု ပါတယ်။ ဒါကြောင့် 16GB ၁ ကဒ် ထပ်စိုက်လိုက်ရင် 24GB ဖြစ်သွားမယ်။
8GB ပဲ ထပ်စိုက်ရင်ကျတော့ slot ၂ ခုလုံး ပြည့်သွားမယ်။ နောက်ခါ ထပ်တိုးလိုချင်ရင် ရှိပြီးသား 8GB ၂ ကဒ်လုံးကို လဲပစ်ရမှာဖြစ်နေတော့ နှမြောစရာပေါ့။ (ရှိထားတဲ့ RAM 8GB ၂ ကတ်လုံး လေလွင့်သွားမှာ)

ဒါကို ဆိုင်က မတူရင် စိုက်မရဘူး error တက်တယ်လို့ ပြောလိုက်ပါသတဲ့။ တကယ်က မဟုတ်ပါဘူး။

သူ့ Laptop မှာက DDR4 မို့ DDR4 ချင်း တူဖို့ပဲ လိုတာပါ။ နောက်တစ်ချက် တူသင့်တာက Speed ပါ။
RAM Slot နှစ်ခုမှာ speed တူတဲ့ DDR4 RAM 8GB နဲ့ 16GB (GB မတူတာ) ကို တွဲဖက်ပြီး ထည့်သုံးလို့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြောရရင်
RAM အမျိုးအစား (DDR4) နဲ့ RAM အမြန်နှုန်း (Speed/MHz) တွေ တူနေသရွေ့၊ RAM ပမာဏ (GB) မတူတဲ့ 8GB နဲ့ 16GB ကို တွဲဖက်အသုံးပြုနိုင်ပါတယ်။
(DDR4 ဆိုတာက ခုကိစ္စကနေရေးတာမို့နော်။ သင်က သင့်ကွန်ပျူတာရဲ့ RAM အမျိုးအစားကို ကြည့်ရမှာပါ)

ဒျိလို ထပ်တိုးလိုက်ခြင်းအားဖြင့် သင့်ရဲ့ ကွန်ပျူတာ (Motherboard) မှာ စုစုပေါင်း 24GB RAM (8GB + 16GB) ကို ရရှိသွားပါလိမ့်မယ်။

Motherboard နဲ့ CPU အများစုမှာ ဒီလို ပမာဏ မတူတဲ့ RAM တွေကို လက်ခံနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ ဒါကြောင့် GB မတူတာ ပြဿနာကြီး မဟုတ်ပါဘူး။

ပြီးတော့ RAM တွေရဲ့ အမြန်နှုန်းကို အကောင်းဆုံး အသုံးချနိုင်ဖို့အတွက် Dual-Channel Mode မှာ အလုပ်လုပ်တာ အကောင်းဆုံးပါပဲ။ ဒီစနစ်က RAM တွေကြားမှာ data လမ်းကြောင်းနှစ်ခုကို ဖွင့်ပေးတဲ့အတွက် data transfer speed ကို မြှင့်တင်ပေးပါတယ်။

ဒါဆို GB မတူတဲ့အခါ ဘယ်လိုဖြစ်မလဲ။
GB မတူတဲ့အခါ ကွန်ပျူတာဟာ "Flex Mode" (သို့မဟုတ် Asymmetric Dual-Channel Mode) လို့ခေါ်တဲ့ နည်းလမ်းကို သုံးပြီး Dual-Channel ကို တတ်နိုင်သမျှ ဖန်တီးပေးပါလိမ့်မယ်။
ဒါကြောင့် ပမာဏတူတဲ့ 8GB အပိုင်းကို Dual-Channel အတွက် အသုံးပြုပြီး 16GB ကဒ်ထဲက 8GB ကိုလည်း Dual-Channel အတွက် သုံးပါလိမ့်မယ်။
ကျန်ရှိနေသေးတဲ့ 16GB ရဲ့ 8GB ကတော့ Single-Channel Mode (အမြန်နှုန်း အနည်းငယ်နှေး) နဲ့ ဆက်ပြီး အလုပ်လုပ်ပါလိမ့်မယ်။

ဒါကြောင့်မို့ ဒီဖြစ်စဉ်မှာ 8GB ၂ကဒ် ညီအောင်ထည့်ထားတာထက် ပရိုဂရမ်အများကြီး တစ်ပြိုင်နက် ပိုသုံးတဲ့အခါ၊ သို့မဟုတ် RAM အများကြီးလိုအပ်တဲ့ software တွေ (ဥပမာ - video editing, ဂိမ်းအကြီးစားတွေ) ကို သုံးတဲ့အခါ စက်နှေးသွားတာမျိုးကို လျော့ပါးစေပါတယ်။ RAM ပမာဏ များတဲ့အတွက် အများကြီး ပိုကောင်းသွားပါတယ်။

အတိုချုပ် ပြန်ရှင်းရရင်
အလုပ်လုပ်တဲ့ RAM ရဲ့ 16GB (8GB + 8GB) က Dual-Channel ရဲ့ မြန်နှုန်းကို ရရှိပါမယ်။
16GB ကဒ်ထဲက ကျန်တဲ့ 8GB ကတော့ Single-Channel ဖြစ်တဲ့အတွက် အမြန်နှုန်း အနည်းငယ် ကျဆင်းနိုင်ပါတယ်။
သို့သော် လက်တွေ့အသုံးပြုတဲ့အခါ RAM ပမာဏ များတဲ့အတွက်ရလာတဲ့ အကျိုးကျေးဇူးက အမြန်နှုန်း အနည်းငယ် ကျဆင်းမှုထက် ပိုပြီး အရေးပါတာကြောင့် အသုံးပြုရတာ ပိုကောင်းပါတယ်။

အရေးကြီးတာက RAM တွေရဲ့ MHz (ဥပမာ 3200MHz) နဲ့ Timing (ဥပမာ CL16) တန်ဖိုးတွေ တတ်နိုင်သမျှ တူညီနေဖို့ အရေးကြီးပါတယ်။

ဒီတန်ဖိုးတွေ လုံးဝ မတူဘူးဆိုရင်၊ စနစ်က RAM နှစ်ခုလုံးရဲ့ အနိမ့်ဆုံး အမြန်နှုန်း (lowest speed) ကိုသာ ယူသုံးပါလိမ့်မယ်။

ဒါဆို RAM Speed မတူတဲ့အခါ ဘာဖြစ်မလဲ။
ဆက်စဉ်းစားကြည့်ရအောင်။
RAM ကတ် နှစ်ချောင်းရဲ့ Speed (MHz) မတူဘူးဆိုရင်၊ သင့်ကွန်ပျူတာ (Motherboard နဲ့ CPU) ဟာ RAM နှစ်ချောင်းလုံးကို အမြန်ဆုံး မဟုတ်တဲ့ (slowest) Speed နဲ့သာ အလုပ်လုပ်စေပါလိမ့်မယ်။

ဥပမာ ဒီလိုကြည့်

Slot 1: DDR4-3200MHz (8GB)
Slot 2: DDR4-2400MHz (16GB) ဆိုပါစို့။

ဒီလိုဆိုရင်၊ RAM နှစ်ချောင်းလုံးဟာ 2400MHz နဲ့ပဲ အလုပ်လုပ်ပါလိမ့်မယ်။ ထို့အတူ ထပ်စိုက်မယ့် 16GB ကတ်က speed ပိုများနေရင် လည်း ပိုမမြန်ဘဲ မူလ speed အတိုင်းပဲ ရမှာပါ။ (ဒါကြောင့် speed တူတာ ရှာမမရရင် အသစ်မှာ ပိုမြန်တဲ့ speed ကို ရွေးပါ။ လောလောဆယ် မြန်နှုန်း ပိုမသွားပေမယ့် မူရင်း 8GB နေရာမှာ နောက်တစ်ကတ် ထပ်စိုက်ဖြစ်တဲ့အခါ ပိုမြန်တဲ့ speed ကို ရစေမှာပါ)

RAM ပမာဏ တိုးလာခြင်းက စနစ်တစ်ခုလုံးရဲ့ တည်ငြိမ်မှုနဲ့ multitasking စွမ်းဆောင်ရည်ကို များစွာ အထောက်အကူပြုပါတယ်။

အကြံပြုလိုချင်တာက RAM upgrade လုပ်တဲ့အခါမှာ ပမာဏ (GB)၊ အမြန်နှုန်း (MHz)၊ နဲ့ Timing (CAS Latency / CL) တွေ တတ်နိုင်သမျှ တူညီဖို့ အကောင်းဆုံးပါပဲ။ ဒါမှ Dual-Channel Mode ရော၊ အမြင့်ဆုံး Speed ကိုပါ အပြည့်အဝ ရရှိမှာပါ။

သို့သော် ကိုယ်က တပြိုင်နက်တည်း မတတ်နိုင်သေးဘူး၊ ရေရှည်အစီအစဥ်လည်း ရှိတယ်ဆိုရင် GB မတူလည်း တပ်လို့ရပါတယ်။ Speed တူတာ မရရင်လည်း ပိုမြန်တဲ့ speed ကို ရွေးပါ။ ဒါဆိုရင် နောက်ပိုင်း upgrade ထပ်လုပ်ဖြစ်တဲ့အခါမှာလည်း အဆင်ပြေ တွက်ချေကိုက်သလို လက်ရှိမှာလည်း ပိုသာတဲ့ အားသာချက်တွေကို ရရှိနိုင်မှာ ဖြစ်ပါကြောင်းခင်ဗျာ ..
Crd Khit Min Nyo မှာကူးယူဖော်ပြသည်

ကွန်ပျူတာ CPU အကြောင်း သိထားသင့်သမျှCPU ဆိုတာ ဘာလဲ?CPU သည် Central Processing Unit ၏ အတိုကောက်ဖြစ်ပြီး ကွန်ပျူတာ၏ "ဦးနှေ...
08/10/2025

ကွန်ပျူတာ CPU အကြောင်း သိထားသင့်သမျှ

CPU ဆိုတာ ဘာလဲ?

CPU သည် Central Processing Unit ၏ အတိုကောက်ဖြစ်ပြီး ကွန်ပျူတာ၏ "ဦးနှောက်" ဟု အလွယ်တကူ ခေါ်ဆိုနိုင်ပါသည်။ သင့်ကွန်ပျူတာမှ လုပ်ဆောင်သည့် ညွှန်ကြားချက်အားလုံးကို တွက်ချက် လုပ်ဆောင်ပေးသော အဓိက အစိတ်အပိုင်းဖြစ်ပါတယ်။

CPU သည် ဘယ်လို အလုပ်လုပ်သလဲ?

CPU သည် အဓိကအားဖြင့် ညွှန်ကြားချက်များကို အဆင့် (၃) ဆင့်ဖြင့် လုပ်ဆောင်ပါတယ်။

၁. Fetch - မှတ်ဉာဏ် (RAM) မှ ညွှန်ကြားချက်တစ်ခုကို ယူပါတယ်။
၂.Decode - ထိုညွှန်ကြားချက်က ဘာကိုဆိုလိုသည်ကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။
၃.Execute - ညွှန်ကြားချက်အတိုင်း လိုက်လံလုပ်ဆောင်ပြီး ရလဒ်ကို ထုတ်ပေးပါတယ်။

ဒီဖြစ်စဉ်က စက္ကန့်ပိုင်းအတွင်း နှစ်သန်းပေါင်းများစွာ ဖြစ်ပေါ်နေပြီး သင့်ကွန်ပျူတာ ချက်ချင်းတုံ့ပြန်မှုရစေတာပါ။

CPU ၏ အရေးကြီးသော အချက်များ

CPU တစ်လုံးကို ရွေးချယ်တဲ့အခါ အောက်ပါအချက်တွေကို ဂရုစိုက်ကြည့်ရပါမယ်။

Core အရေအတွက် - Core ဆိုတာ CPU အတွင်းက အလုပ်လုပ်သော ဦးနှောက်လေးတွေပါ။ Core အရေအတွက်များလေလေ၊ တစ်ချိန်တည်းမှာ အလုပ်မျိုးစုံကို ချောမွေ့စွာ လုပ်ဆောင်နိုင်လေပါ။ (ဥပမာ - Dual-Core, Quad-Core, Octa-Core)
Clock Speed - ၎င်းသည် CPU ၏ အလုပ်လုပ်နှုန်းကို ဖော်ပြပါသည်။ ဂီဂါဟတ်ဇ် (GHz) ဖြင့် တိုင်းတာပြီး၊ ဂဏန်းမြင့်လေလေ၊ ညွှန်ကြားချက်များကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်လေပါ။
Cache Memory - ၎င်းသည် CPU အတွင်းရှိ အလွန်မြန်ဆန်သော မှတ်ဉာဏ်ငယ်ဖြစ်ပြီး၊ မကြာခဏ အသုံးပြုရသည့် အချက်အလက်များကို ယာယီသိမ်းဆည်းပေးထားကာ CPU ၏ အလုပ်လုပ်မှုကို မြန်ဆန်စေပါတယ်။

ဘယ် CPU မျိုးကို ရွေးချယ်မလဲ?

သာမန်အသုံးပြုမှု (အင်တာနက်သုံးခြင်း၊ Office အလုပ်များ၊ ဗီဒီယိုကြည့်ခြင်း) - Core i3 သို့မဟုတ် Ryzen 3 ကဲ့သို့သော Entry-level CPU များနှင့် လုံလောက်ပါသည်။
ဂိမ်းကစားခြင်းနှင့် ဒီဇိုင်းဆွဲခြင်း - Core i5 / i7 သို့မဟုတ် Ryzen 5 / Ryzen 7 ကဲ့သို့သော High Performance CPU များကို ရွေးချယ်သင့်ပါသည်။
ပရော်ဖက်ရှင်နယ် အဆင့် (Video Editing, 3D Rendering, Data Science) - Core i9 / Xeon သို့မဟုတ် Ryzen 9 / Threadripper ကဲ့သို့သော အစွမ်းထက်ဆုံး CPU များသည် အကောင်းဆုံးဖြစ်ပါတယ်။

အကျဉ်းချုပ်အားဖြင့်၊ CPU သည် သင့်ကွန်ပျူတာ၏ စွမ်းဆောင်ရည်ကို အဓိကသတ်မှတ်ပေးသော အရေးပါသည့် အစိတ်အပိုင်းဖြစ်ကြောင်း သိထားသင့်ပါသည်။

myanmarcomputer

08/10/2025

ဟိုပန်မြို့၊စျေးရပ်ကွက်
Computer Services
➖➖➖➖➖➖➖
✅Window တင်ဖို့လိုအပ်နေလား?
✅Laptop/Pc Vpn ချိတ်ဖို့လိုအပ်နေလား?
✅Computer ပြုပြင်ဖို့လိုအပ်​နေပြီလား?
✅Software /Hardware လိုအပ်နေပြီလား?
➖➖➖➖➖➖➖➖
✅ဆိုင်လိပ်စာ:ဟိုပန်မြို့၊စျေးရပ်ကွက်၊ဝတောင်တန်း ဧည့်ရိပ်မွန်အနီး
Hotline:09 694 394 036
Viber :09 694 394 036





Address

Myanmar, Shan, Konglong
Hopang
1621253

Alerts

Be the first to know and let us send you an email when PCC- Plus 4 Computer Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share