18/01/2021
ကိုဗစ်ကပ်ရောဂါဆိုးကြောင့် ပညာရေး၊ စီးပွါးရေး၊ လူမှုရေး စတာတွေမှာ ထိခိုက်နစ်နာမှုတွေ အနည်းနဲ့ အများဆိုသလို ရှိခဲ့ကြတယ်၊ ရှိနေကြတယ်။ ပုံမှန်အတိုင်း ပြန်လည် အသက်ဝင် လည်ပတ်နိုင်ဖို့ ကိုဗစ်ကာကွယ်ဆေးက အရေးကြီးတဲ့ ကဏ္ဌက ပါဝင်နေပါတယ်။ ဒါကြောင့် AutumnTech IT Solutions အနေနဲ့ မြန်မာနိုင်ငံသူ/နိုင်ငံသားတွေ COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ အလှူငွေ လှူဒါန်းခဲ့ပါတယ်။
“အားလုံးပဲ ကုသိုလ်ထပ်တူရရှိပြီး ကပ်ရောဂါဘေး ကင်းဝေးကြပါစေ” 🙏