S P A C E group

S P A C E  group Graphic Design နဲ့ ပတ်သက်လို့ အခမဲ့ လေ့လာနိုင?

အမျိုးတို့အတွက် သင်တန်းတွေ မလုပ်ပေးဖြစ်တာကြာလို့  သင်တန်းတွေ ပြန်လုပ်ပေးရင် ကောင်းမလား စဉ်းစားနေတာ
27/07/2023

အမျိုးတို့အတွက် သင်တန်းတွေ မလုပ်ပေးဖြစ်တာကြာလို့ သင်တန်းတွေ ပြန်လုပ်ပေးရင် ကောင်းမလား စဉ်းစားနေတာ

Golden Ratio ကျအောင် ပါရိုက်ဖို့ တော်ရုံ Skill နဲ့ တော့ မရဘူး  . . . 🤔🤔🤔မရိုက်နိုင်ရင် စင်ပေါ်တက်မလာနဲ့ တောက်ချပလိုက်မယ်...
30/03/2022

Golden Ratio ကျအောင် ပါရိုက်ဖို့

တော်ရုံ Skill နဲ့ တော့ မရဘူး . . . 🤔🤔🤔

မရိုက်နိုင်ရင် စင်ပေါ်တက်မလာနဲ့ တောက်ချပလိုက်မယ် . . . 🤣🤣🤣

27/09/2021

Zero-Day Exploit ထပ် ကြုံတာပါ

ဒီလို အချိန်ကာလမျိုးမှာ လိုလိုမယ်မယ် ဖုန်းထဲမှာ map app လေးတခုဆောင်ထားသင့်ပါတယ် . . . 🤔🤔🤔အရင်တုန်းကတော့ မြေပုံစာရွက်တွေ ...
12/09/2021

ဒီလို အချိန်ကာလမျိုးမှာ လိုလိုမယ်မယ် ဖုန်းထဲမှာ map app လေးတခုဆောင်ထားသင့်ပါတယ် . . . 🤔🤔🤔
အရင်တုန်းကတော့ မြေပုံစာရွက်တွေ ဆောင်ကြတယ်. . .
အခုကတော့ ဖုန်းထဲမှာလဲ ဆောင်ထားသင့်ပါတယ်. . .

ဖုန်းထဲ မှာ Google Map ရှိတာပဲ ဆိုပီးတော့ မလိုပါဘူး မလုပ်ပါနဲ့ Google က ပေးတဲ့ Map က Online Map ပါ. . .
internet ရှိတဲ့ အခါ မှ သုံးလို့ အဆင်ပြေမှာပါ . . . Internet မှရှိတဲ့ အခါသုံးနိုင်ဖို့ Offline Map ကို ဆောင်ထားသင့်ပါတယ်. . .

Offline Map ထဲ မှာ သုံးလို့ အဆင်ပြေတဲ့ Map App လေးကို တင်ပေးလိုက်တာပါ. . .

(ကိုယ်သုံးနေတဲ့ offline map က ဒီတခုပဲ သုံးတယ် ဒီတခုပဲ သိလို့ ဒီတခုပဲတင်ပေးတာပါ 😁😁😁)

လိုအပ်ရင် Full Version ကို အောက်က link မှာ download ရယူနိုင်ပါတယ် . . .

📌📌📌
App ကိုယူပီးလို့ install လုပ်ပီးရင် Offline Map အတွက် လိုအပ်တဲ့ map file တွေ down ဖို့ လိုပါသေးတယ်. . . internet ဖွင့်ထားပီး Maps.me ကိုဖွင့်လိုက်ပါ အဆင်ဆင့် လုပ်ဆောင်ပီးရင် လုပ်အပ်တဲ့ data file တွေကို download လုပ်ယူပေးသွားလိမ့်မယ်. . .

အားလုံးပဲ အဆင်ပြေပါစေ. . .




>>> Download Here

Free version VPN လေးတွေနဲ့ လိုင်းမကောင်းတာကို ကြိတ်မှိတ်ပီး သုံးနေရတဲ့ mobile သမားတွေ အတွက် ဂုန်းဆင်းလာတဲ့  Premium Vers...
11/09/2021

Free version VPN လေးတွေနဲ့ လိုင်းမကောင်းတာကို ကြိတ်မှိတ်ပီး သုံးနေရတဲ့ mobile သမားတွေ အတွက် ဂုန်းဆင်းလာတဲ့ Premium Version VPN လေးတွေ တင်ပေးလိုက်ပါတယ် . . . 😁😁😁

>>> Click Photo

ဒီဇိုင်နာတစ်ယောက် ဘယ်လိုရင့်ကျက်လာတာလဲ?လူတစ်ယောက်က ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ သူ့ရဲ့ အသက်အရွယ်နဲ့ မဆိုင်ဘဲ သူဖြတ်သန်း...
20/08/2021

ဒီဇိုင်နာတစ်ယောက် ဘယ်လိုရင့်ကျက်လာတာလဲ?

လူတစ်ယောက်က ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ သူ့ရဲ့ အသက်အရွယ်နဲ့ မဆိုင်ဘဲ သူဖြတ်သန်းရတဲ့ အတွေ့အကြုံနဲ့ ကြိုးစားအားထုတ်မှုတွေပေါ်မှာဘဲမူတည်ပါတယ်။ ဒီလိုဘဲ ဒီဇိုင်နာတွေအတွက်လည်း ဘယ်လိုမျိူးပုံစံတွေနဲ့ ရင့်ကျက်လာတယ်ဆိုတာ အောက်ကဆောင်းပါးလေးကို ဖတ်ပြီး လေ့လာနိုင်ပါတယ်ခင်ဗျာ။

အဆင့် (၁) - ထုတ်လုပ်သူ

ဒါကတော့ ဒီဇိုင်နာတွေရဲ့ ဖြတ်သန်းတဲ့ ပထမဆုံး အဆင့်ပါ။ ဒီဇိုင်နာတွေရဲ့ ၄၁% ရာခိုင်နှုန်းတောင် ဒီအဆင့်မှာရှိတယ်ဆိုတာကတော့ အံ့သြစရာပါဘဲ။
ဒီအဆင့်မှာ ရှိတဲ့ ဒီဇိုင်နာတွေက ဒီဇိုင်းဆိုတာကို အမြင်အရဘဲဆုံးဖြတ်ကြပါတယ်။ ဒါကလည်း လူတော်တော်များများ လက်ခံထားတဲ့ ဒီဇိုင်းအပေါ်အမြင်ပါ။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ဘယ်လိုမျိူးလှအောင်လုပ်မလဲဆိုတာနဲ့ ဒီဇိုင်းဆွဲရာမှာအသုံးပြုတဲ့ Tool တွေဖြစ်တဲ့ Photoshopတို့ Aiတို့ ကို ဘယ်လောက်ကောင်းကောင်းအသုံးချနိုင်တယ်ဆိုတာကိုသာ အလေးပေးကြပါတယ်။ ဗဟုသုတ အပိုင်းအနေနဲ့ ဆိုရင်တော့ Typographyတွေ၊ Layoutတွေ၊ Compositionတွေ၊ Color Theory စတဲ့ ဒီဇိုင်းနဲ့ဆိုင်တဲ့ သီအိုရီတွေကို လေ့လာကြပါတယ်။

- ထုတ်လုပ်သူရဲ့ အခက်အခဲ
ထုတ်လုပ်သူတွေ အောင်မြင်လာချိန်မှာ ပထမဆုံး တွေ့ရတဲ့ အခက်အခဲကတော့ လုပ်ငန်းအရွယ်အစားပါ။ လုပ်ငန်းကြီးလာလေ အလုပ်တွေကများလာလေဖြစ်ပြီး တစ်ယောက်ထဲ ကိုင်တွယ်ဖို့ မလွယ်တော့ပါဘူး။ အဲ့လိုအချိန်မှာ လှရုံတင်မဟုတ်ဘဲ များပြားတဲ့ အလုပ်တွေပြီးစီး ဖို့အတွက် လုပ်ငန်းတွေကို အဖွဲ့ နဲ့အတူ ပူးပေါင်းလုပ်ဆောင်လာရပါတယ်။ အဲ့အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်ရာမှာ လိုအပ်တဲ့ အမူအကျင့်တွေ၊ အထောက်အကူပြုမယ့်နည်းလမ်းတွေကို သိဖို့လိုလာပါတယ်။

အဆင့် (၂) - တည်ဆောက်သူ

ဒီဇိုင်နာတွေအနေနဲ့ အဖွဲ့နဲ့ အတူတွဲလုပ်လာနိုင်တဲ့ အခါမှာ တည်ဆောက်သူတွေဖြစ်လာပါတယ်။ သူတို့ ရဲ့ ရင့်ကျက်မှု ပုံစံကတော့ ဘယ်လောက် အဖွဲ့ နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်တယ်ဆိုတာနဲ့ ဘယ်လောက် ဒီဇိုင်းအတွေးအခေါ်တွေကို အကျွမ်းတဝင်ရှိလာတယ်ဆိုတာဘဲဖြစ်ပါတယ်။ ဒီဇိုင်အတွေးအခေါ်ဆိုတာကတော့ ဘယ်လောက်လှတယ်အောင်ဆွဲနိုင်တယ်ဆိုတာကို ပြောတာမျိူးမဟုတ်ဘဲ ဘယ်လောက်ထိရောက်တဲ့ဒီဇိုင်းတွေကို စနစ်တကျစဉ်းစားနိုင်တယ်ဆိုတာကို ပြောတာဖြစ်ပါတယ်။ Senior Designer အချို့ ဟာ ဒီအဆင့် မှာအတွေ့များပါတယ်။

- တည်ဆောက်သူရဲ့ အခက်အခဲ
ဒီအဆင့်ရောက်လာတဲ့ ဒီဇိုင်နာတွေရဲ့ အခက်အခဲကတော့ လုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုပါ။ ဘယ်လောက်ဘဲ အဖွဲ့ နဲ့ အတူ ထိရောက်မြန်ဆန်တဲ့ ဒီဇိုင်းတွေ ဆွဲနိုင်တယ်ပြောပြော ဒီအဆင့်မှာရှိတဲ့ ဒီဇိုင်နာတွေဟာ ဒီဇိုင်းနယ်ပယ် အတွင်းမှာဘဲရှိသေးပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ တသားတည်း မဆက်သွယ်နိုင်သေးပါဘူး။ သူတို့ တွေဟာ သူတို့ ဆီရောက်လာတဲ့ အလုပ်တွေကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်နိုင်ကြပေမဲ့ အဲ့အလုပ်တွေရဲ့ လိုအပ်ချက်တွေကို ထောက်ပြနိုင်စွမ်းမရှိသေးပါဘူး။ ဒါကြောင့်သူတို့တွေဟာ ပြောတာကို ကောင်းကောင်းလုပ်နိုင်တာက လွဲရင် ပြဿနာတွေရဲ့ အရင်းမြစ်ကို မဖြေရှင်းနိုင်ကြပါဘူး။

အဆင့်(၃) - ဆက်သွယ်ဆောင်ရွက်သူ

ဒီအဆင့်ကို ရောက်လာတဲ့ ဒီဇိုင်နာတွေကတော့ လုပ်ငန်းရှင်တွေ၊ သုံးစွဲသူတွေနဲ့ ဒီဇိုင်းအဖွဲ့ ကို တစ်သားတည်းလုပ်လာနိုင်ပြီး ပိုကောင်းတဲ့ ဒီဇိုင်းတွေ၊ ဖြေရှင်းမှုပုံစံတွေကို လုပ်ဆောင်လာနိုင်ပါတယ်။ ဒီအဆင့်မှာဆိုရင် ဒီဇို်င်နာတွေဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေကို နည်းပညာရဲ့ကန့်သတ်ချက်တွေပေါ်မှာမူတည်ပြီး စားသုံးသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ စတင်ကြိုးစားလာပါတယ်။ ဒါကြောင့် သူတို့တွေဟာ လုပ်ငန်းရှင်ရော ဒီဇိုင်းအဖွဲ့ကိုပါ လိုအပ်တဲ့ အသိပညာပေးမှုတွေကို လုပ်ဆောင်လာပြီး ပိုကောင်းတဲ့ ဖြေရှင်းမှုတွေရလာအောင် လုပ်ဆောင်လာပါတယ်။ ဒါကြောင့် ဒီအဆင့်မှာရှိတဲ့ ဒီဇိုင်နာတွေဟာ စီပွားရေးဆိုင်ရာဘာသာရပ် အသုံးအနှုန်းတွေ၊၊ နည်းပညာကန့်သတ်ချက်တွေ ကို လေ့လာ လာကြပြီး နောက်အဆင့်ကို တတ်ဖို့အတွက် ကြိုးစားလာကြပါတယ်။

- ဆက်သွယ်ဆောင်ရွက်သူရဲ့ အခက်အခဲ
ဒီအဆင့်ကို ရောက်လာတဲ့အချိန်မှာတော့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေ၊ လုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေ နဲ့ နည်းပညာဆိုင်ရာ ကန့်သတ်ချက်တွေကို သိလာပြီဖြစ်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်းတွေကို ဖန်တီးလာနို်င်သလို လုပ်ငန်းတွေကိုလည်း အကျိူးပြုလာနိုင်တဲ့ အတွက် ပိုမိုအောင်မြင်လာပါတယ်။
ဒါပေမဲ့လည်း ဒီအဆင့်မှာ ကြုံတွေရတဲ့ အခက်အခဲကတော့ ရှုပ်ထွေးမှု ပြဿနာတွေပါ။ ဘယ်လောက်ဘဲ လေ့လာလေ့လာ တစ်ချို့ အချက်တွေက ထင်သလောက်ဖြစ်မလာကြပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတာကတော့ စနစ်တကျမရှိတဲ့ လေ့လာမှုတွေ၊ လုပ်ငန်းကြီးတွေဖြစ်လို့ ဖြေရှင်းဖို့ အချိန်အမြောက်အများလိုပြီး တကယ် ဒီဇို်င်း ထွက်လာတဲ့အချိန်ကျရင် ကိုယ့်ဖြေရှင်းမှုပုံစံက သုံးစွဲသူလိုအပ်ချက်နဲ့ မကိုက်တော့တာ တွေကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ဒီအဆင့်ကို ရောက်လာတဲ့ ဒီဇိုင်နာတွေဟာ “ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် ဒီဇိုင်းဆွဲရာကနေ ပြဿနာတွေကို သင်ကြားဖို့ “ အတွက် ဒီဇို်င်းဆွဲဖို့ သင်ကြားလာကြပါတယ်။ ဒါကြောင့် ဒီအဆင့်မှာဆိုရင်တော့ ဒီဇိုင်နာတွေဟာ လှပမှုကိုအခြေခံတဲ့ အဆင့်ကနေ တိကျတဲ့ အချက်အလက်တွေကို မှီခိုတဲ့ ဒီဇိုင်နာတွေ အဖြစ် စတင်ပြောင်းလဲတဲ့ အဆင့်ဘဲဖြစ်ပါတယ်။

အဆင့်(၄) - လေ့လာစမ်းစစ်သူ

ဒီအဆင့်ကို ရောက်လာတဲ့ဒီဇိုင်နာတွေဟာ ဒီဇို်င်းတွေကို ရေးဆွဲနိုင်၊ ထိရောက်မှုကို တိုင်းတာနိုင်ပြီး၊ အဲ့ကထွက်တဲ့ အခြေနေကနေတွေကို သုံးသပ်ပြီး ပိုကောင်းတဲ့ ဒီဇိုင်းတွေကို ရေးဆွဲလာနိုင်ပါတယ်။ ဒီလိုမျိူး လှပရုံတင်မဟုတ်ဘဲ သိပ္ပံနည်းကျ စနစ်တကျ စမ်းစစ် ဝေဖန်လာနိုင်မှုကြောင့် ထိရောက်တဲ့ ဒီဇိုင်းတွေကို ဆွဲလာနိုင်စေသလို တချိန်တည်းမှာဘဲ ကြုံတွေလာနိုင်တဲ့ ဆုံးရှံးမှုတွေကို လျော့နည်းလာစေသလို စွမ်းဆောင်နိုင်မှုလည်းမြင့် လာကြပါတယ်။
သူတို့တွေဟာ ဒီဇိုင်းရေးဆွဲတဲ့ အခါမှာ တစ်ခါတည်းနဲ့ အချောသတ်ဆွဲတဲ့ ပုံစံထက် အဆင့်ဆင့်ပုံဖော်တဲ့ ပုံစံမျိူးနဲ့ ဆွဲပြီး အဆင့်ဆင့် တိုင်းတာတဲ့ ပုံစံမျိူး ကို သုံးစွဲလာပါတယ်။ ဒါကြောင့် အမှားအယွင်းနည်းလာပြီး အောင်မြင်မှုရာခိုင်နှုန်းလည်း မြင့်တတ်လာပါတယ်။ ဒီအဆင့်ကိုရောက်တဲ့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ ဒီဇိုင်းတစ်ခုရဲ့ ဆက်သွယ်မှုတွေကို ပိုမိုမြင်လာပြီး ရောက်ရှိလာတဲ့ ပုံမှန် ညွှန်ကြားချက်တစ်ခုကို ပြီးပြည့်စုံတဲ့ ညွှန်ကြားချက်အဖြစ် အသွင်ပြောင်းနိုင်လာပါတယ်။ ဒီအဆင့်ကို ရောက်လာတဲ့ ဒီဇိုင်နာတွေဟာ ဒီဇို်င်းရဲ့ စွမ်းအားကို ပိုမိုမြင်လာပြီး နောက်တစ်ဆင့်တတ်ဖို့အတွက် လောဘကြီးလာကြပါတယ်။ အဲ့ဒါကတော့ သူတို့ အမြင်တွေပေါ်မှာ မူတည်ပြီး လူတွေရဲ့ စိတ်မနောကို လွှမ်းမိုးလာနိုင်တဲ့ အဆင့်ဘဲဖြစ်ပါတယ်။

- လေ့လာစမ်းစစ်သူရဲ့ အခက်အခဲ
ဒီအဆင့်ကိုရောက်တဲ့ ဒီဇိုင်နာတွေအနေနဲ့ကတော့ ခေါင်းဆောင်မှုအပိုင်းမှာ အခက်အခဲတွေ့ကြပါတယ်။ ဒီအဇိုင်နာတွေအနေနဲ့ အဆင့် (၂) တည်ဆောက်သူအဆင့် မှာ ဒီဇို်င်အဖွဲ့ ကို ဦးဆောင်နိုင်လာပြီ ဖြစ်ပေမဲ့ ဒီအဆင့်ကို ရောက်တဲ့ အခါမှာတော့ အခြေနေတွေက မတူတော့ပါဘူး။
ဒီအဆင့်မှာဆိုရင် သူတို့ ဦးဆောင်ရမဲ့ သူတွေဟာ ဒီဇိုင်းအဖွဲ့ တင်မဟုတ်ဘဲ အဖွဲ့ အစည်းတစ်ခုလုံးဖြစ်လာတဲ့အတွက် သူတို့ အနေနဲ့ လုပ်ငန်းစီမံခန့် ခွဲမှုနဲ့ ဆိုင်တဲ့ အရာတွေပါလေ့လာလာရပါတယ်။ ဒါကြောင့် သူတို့ တွေ အနေနဲ့ စီးပွားရေးတွေဟာ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ပါ လေ့လာလာရပါတယ်။ ဒီလိုလေ့လာတဲ့ နေရာမှာ အဆင့်(၃) ဖြစ်တဲ့ ဆက်သွယ်သူတွေလေ့လာသလို အသုံးနှုန်းတွေတင်မဟုတ်ဘဲ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုပါလေ့လာရတော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဒီအဆင့်ကိုရောက်လာပြီဆိုရင် သူတို့တွေဟာ အဖွဲ့စည်းတစ်ခုလုံးရဲ့ ပြဿနာတွေကို ကိုင်တွယ်လာရတာကြောင့် ဒီအဖွဲ့အစည်းကဘယ်လိုတွေ လည်ပတ်တယ်ဆိုတာကို နားလည်ဖို့ လိုအပ်လာပါတယ်။

အဆင့် ( ၅ ) - ကြိုတင်မျှော်မြင်နိုင်သူ

ကြိုတင်မျှော်မြင်နိုင်သူတွေဟာ ကျွမ်းကျင်မှု၊ အတွေးအခေါ် နဲ့ အသုံးချ ကိရိယာတွေကို အချိူးညီညီသုံးပြီး စီးပွားရေး စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်သူတွေပါ။ သူတို့ဟာ မတူထူးခြားတဲ့ အမြင်တွေ၊ နည်းပရိယာယ်တွေ၊ ဦးဆောင်မှုတွေ ကိုအသုံးချပြီး ပြဿနာတွေကို ဖြေရှင်းကြသူတွေဖြစ်ပါတယ်။ ဒီအဆင့်ကို ရောက်တဲ့အချိန်မှာတော့ သူတို့တွေဟာ ကိန်းဂဏန်းတွေ၊ အဖြစ်အပျက်တွေကို ကျော်လွန်ပြီးတော့ အနာဂတ်အတွက် လမ်းစဉ်တွေကို ချမှတ်နိုင်တဲ့ စွမ်းဆောင်မှုတွေကို ပိုင်ဆိုင်လာနိုင်ပြီး လူတွေရဲ့ စိတ်မနောကို သူတို့ ရဲ့ ဖန်တီးမှုတွေနဲ့ ဦးဆောင်လာနိုင်ပါတယ်။


ဒါတွေကတော့ ဒီဇိုင်နာတစ်ယောက်ရဲ့ ရင့်ကျက်မှုပုံစံတွေဖြစ်ပြီး ကိုယ်ကရော ဘယ်အခြေနေတွေရောက်နေပြီလဲ ဘယ်လိုနေရာတွေမှာအခက်အခဲတွေရှိလည်းဆိုတာကို အောက်က Comment တွေမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ။

အက် copy ကူနည်းလေး မှတ်ထားရမယ် ဟားဟား😁😁😁
02/08/2021

အက် copy ကူနည်းလေး မှတ်ထားရမယ်
ဟားဟား
😁😁😁

One Championship ပြိုင်ပွဲ middle weight ပြိုင်ပွဲမှာ မြန်မာ့ စပါးအုံးအောင်လအန်ဆန် ဟာ ပြိုင်ဘက်ကို ပထမအချီမှာ အလဲထိုး အန...
30/07/2021

One Championship ပြိုင်ပွဲ middle weight ပြိုင်ပွဲမှာ မြန်မာ့ စပါးအုံးအောင်လအန်ဆန် ဟာ ပြိုင်ဘက်ကို ပထမအချီမှာ အလဲထိုး အနိုင်ရရှိသွားခဲ့ပါတယ်။

Congratulations Aung La!!!

26/07/2021

ဒီစကားက အရမ်းတန်ဖိုးရှိပါတယ်
နားထောင်ကြည့်ကြပါ

Find O2 Myanmar App ဖြင့် Oxygen ရှာပါ . . . .သင်နဲ့အနီးဆုံးမှာရှိတဲ့ အောက်ဆီဂျင်ရရှိနိုင်မယ့် နေရာတွေကို လွယ်ကူစွာ ရှာဖ...
24/07/2021

Find O2 Myanmar App ဖြင့် Oxygen ရှာပါ . . . .

သင်နဲ့အနီးဆုံးမှာရှိတဲ့ အောက်ဆီဂျင်ရရှိနိုင်မယ့် နေရာတွေကို လွယ်ကူစွာ ရှာဖွေနိုင်စေဖို့ဆိုတဲ့ စိတ်စေတနာဖြင့် ဖန်တီးပေးထားတဲ့ ကျွန်တော်တို့ရဲ့ Find O2 Myanmar App ကို ဒီနေ့ အများပြည်သူများ အသုံးပြုလို့ရအောင် ဖြန့်ဝေပေးလိုက်ပါတယ်။
ဒီ app လေးရဲ့ အဓိက ရည်ရွည်ချက်ကတော့ မြန်မာနိုင်ငံတဝန်းရှိ Oxygen လိုအပ်နေတဲ့လူတွေအတွက် မိမိတို့နေထိုင်ရာ တိုင်း/ပြည်နယ် တစ်ခုချင်းဆီ အလိုက်၊ မြို့နယ်တစ်ခုချင်းဆီအလိုက် အောက်ဆီဂျင် ဖြည့်တင်းပေး၊ငှားရမ်းပေး၊ရောင်းချပေး နေတဲ့ ဆေးရုံဆေးခန်းတွေ၊ပရဟိအသင်းတွေ၊ဆိုင်တွေ၊စက်ရုံတွေ အစရှိသော နေရာတွေရဲ့ တည်နေရာနဲ့ သူတို့ကို ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေကို အလွယ်တကူရှာဖွေနိုင်စေဖို့ပါ။
တိကျမှန်ကန်တဲ့ အချက်အလက်တွေဖြစ်စေဖို့ အတွက်လည်း Volunteer Team များဖြင့် တတ်နိုင်သမျ အချိန်နှင့်တပြေးညီ Update ပြုလုပ်ပေးနေပါတယ်။
အသုံးပြုရတာ ရိုးရှင်းလွယ်ကူပြီး Oxygen ရှာဖွေရာမှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုအတွင်း ရရှိနိုင်မှာပါ။
ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်နေကြရတဲ့ မြန်မာပြည်သူပြည်သားတွေအတွက် တဖက်တလမ်းကနေ အကူအညီအထောက်အပံ့ဖြစ်စေဖို့ ကျွန်တော်တို့ ရည်ရွယ်ကြိုးစားထားပါတယ်။
App ကို အသုံးပြနိုင်ရန် အောက်ပါ Link မှ တဆင့်သွားရောက် Download ရယူနိူင်ပါတယ်

http://u.pc.cd/3zm

ခုလောလောဆယ်မှာတော့ android user တွေသာ အသုံးပြုလို့ ရနိုင်မှာဖြစ်ပါတယ်။

မကြာခင်မှာ Play Store အပြင် ios user တွေအတွက် App Store မှာပါ Download ရယူနိုင်တော့မှာပါ။

app download လုပ်ရန် အဆင်မပြေသူများနှင့် ios user များအနေဖြင့် https://mmc19care.com မှာလည်း သွားရောက် အသုံးပြုနိုင်ပါတယ်။
Find O2 Myanmar App လေးကို Download ဆွဲထားပြီး သင့်ပတ်ဝန်းကျင်နဲ့ သင်ချစ်ခင်ရသူတွေရဲ့ Oxygen လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးနိုင်ပါပြီ။


Address

Dagon
11222

Website

Alerts

Be the first to know and let us send you an email when S P A C E group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to S P A C E group:

Share