03/05/2024
များမကြာမီ အချိန်အတွင်းမှာ ရင်ဆိုင်ရတော့မဲ့ အာမခံပြသနာများ.......
အင်ဗာတာ အာမခံပေးတယ်...
ဘက္ထရီ အာမခံပေးတယ်....
ဘယ်လိုပေးတာပါလဲ။
စာချုပ်စာတမ်းပါ အချက်အလက်တွေနဲ့ အာမခံယူထားတာလား...ဒါမှ မဟုတ် ပါးစပ်ပြောနဲ့လား။
အာမခံကိစ္စက အင်မတန်ရှုပ်ထွေးပါတယ်။
အာမခံကာလအတွင်းပျက်သွားရင်....
၁။အသစ်တစ်လုံးလျော်ပေးမှာလား
၂။ကြုံရာ အစားတစ်လုံး လျော်ပေးမှာလား
၃။ပျက်သွားတာကိုပြင်ပေးပြီး ပစ္စည်း ဘိုးလက်ခ မယူတာမျိုးလား
၄။ပြင်တော့ပေးပါရဲ့....ပစ္စည်း ဘိုးယူပြီး လက်ခမယူတာမျိုးလား....
၅။အလဲအထပ်ပြန်လုပ်ပေးမှာလား...
၆။ပြင်ပီးတော့ အရင်လို သုံးလို့မကောင်း...စိတ်တိုင်းမကျခဲ့ရင်...ဘာဆက်လုပ်ပေးမှာလဲ...
၇။ခကြျခငြျးစီစဥျပေးတာမြိုးလား...ဒါမှမဟုတ် စက်ရုံက စီစဥ်ပေးတာ လနဲ့ချီပြီးကြာနေခဲ့ရင် ဒီတိုင်းမသုံးပဲ စောင့်နေရမှာလား....လား.......လား.......လား
အများကြီး ကျန်ပါသေးတယ်။
အဲ့အချက်တွေကို ခနထားအုံး....
200Ah လို့ရေးထားပြီး တစ်ကယ် 200Ah မပါခဲ့ရင် လိမ်ရောင်းတာဖြစ်တဲ့အတွက် တရားစွဲလို့ရလား....ဒါမှမဟုတ်ပြန်လဲလို့ရလား
ဟိုး ဆိုလာအစက ကားဘက္ထရီတွေ သုံးခဲ့ဘူးတယ်။ 200Ah ရေးထားလို့ ဘယ်လောက်ပါလဲစမ်းကြည့်လိုက်ရင် 140Ah လောက်ပဲရတယ်၊အဲ့ဒါလွန်ခဲ့တဲ့ ၃ နှစ်က...
အဲ့ဒါနဲ့ အကောင်းဆုံးဆိုပီး နာမည်ရတဲ့ TUBULAR အိုးကိုသူ့စံနှုန်းအတိုင်းစမ်းကြည့်တော့ 190Ah လောက်ရတယ်။အဲ့ဒါအရမ်းရှားတယ်။သူ့ အော်ရီဂျင်နယ်အက်စစ်နဲ့မှ အဲ့လောက်ရတာ။အဲ့ဒါစျေးကွက်ထဲမှာ အကောင်းဆုံး.......
ကိုသိရသလောက် ဘယ်ဘက္ထရီဆိုင်ကမှ 100/200Ah အိုးတွေကို ဘယ်လောက်ပါသလဲ ဘယ်သူမှမစမ်းဘူး၊စမ်းလဲမစမ်းတတ်ပါဘူး။ပြောလည်းမပြောနိုင်ဘူး။ရေးထားတဲ့အတိုင်းပဲရောင်းကြတာ....ကြာပေါ့။ကြိုက်ရင်ယူ မကြိုက်ရင်မယူနဲ့...ဒါလောက်ပဲပြောတတ်တာ။
လီသီယမ် ခေတ်ကို ရောက်လာတော့ Display တွေပါလာပြီ။အသေးစိတ် ဖတ်လို့ရတယ်....အဲ့ဒါတောင်ဆော့ဝဲလ်ကိုလိမ်ခိုင်း 200Ah မပြည့်ပဲ 200Ah ပြနေတဲ့ Display တွေကရှိသေး(ဟီဟိ😁)
လိမ်စားတာရိုးဟိုးဟိုးနေပြီ....အလိမ်ခံရတာလဲရိုးပေါ့😊
ဆက်ရေးရင် အရိုက်ခံရတော့မယ် ထင်တယ် 😫
အင်ဗာတာ၊ဆိုလာ၊ဘက္ထရီ ၃ မျိုးမှာ.....
စျေးအများဆုံးပေးရတာ ဘက္ထရီ ပဲ.....
ဒါကြောင့် Installation လုပ်ဖို့အတွက် ရောက်လာတဲ့အိုးတွေကို Ah Test လုပ်ပီးမှပဲ ကာစတန်မာအိမ်သွားတပ်ပါတယ်။အကုန်လုံးတော့ မစမ်းနိုင်ပါဘူး။ ဘက္ထရီ မှာ အရင်က Mother home တံဆိပ်တွေ ကပ်ပါတယ်။အဲ့ဒါတွေက Ah စစ်ပီးမှ စျေးကွက်ထဲကိုထည့်တာပါ။
အခုသုံးနေတဲ့ Shark topsun,LV Topsun, Top,Sandi,MATADOR, TBB,DEYE,Senes အကုန်စစ်ပါတယ်။အာမခံ Seat တွေအကုန်ခွါပါတယ်။စစ်နေတုန်း ကိုယ့်ကြောင့်ပျက်သွားလည်းဂရုမစိုက်ပါဘူး။ဒါလောက်တော့ရင်းရမှာပေါ့။
Mother Home က တပ်တဲ့ ဘက္ထရီအိုးတွေ Ah မပြည့်ရင် ကျွန်တော့်တွက်ချက်မှုတွေ လွဲချော်ကုန်ပါလိမ့်မယ်။အလွဲအချော်မခံနိုင်ပါ။ နောက်ပီး ကြားဆိုဒ်တွေ တတ်နိုင်သမျှမသုံးပါ။ 100Ah,200Ah,300Ah အသုံးများပါတယ်။ ဘက္ထရီအသစ်တွေကို Ah စစ်ရင် သူ့စံနှုန်းအတိုင်းစစ်လို့ 1% လောက်ပဲ အလွဲခံပါတယ်။
ဥပမာ-200Ah တစ်လုံးဟာ အနည်းဆုံး 198Ah/202Ah ပေါ့.....
ဘက္ထရီအဟောင်းတွေကတော့ 5% အထိ လွဲလည်းသုံးပါတယ်။သူကတော့ အဟောင်းစျေးကိုး...ဥပမာ Blue Carbon battery လိုမျိုးပေါ့။
အဲ့တော့ကာ....ဘက္ထရီ ရောင်းတဲ့ကုမ္ပဏီတွေကို Ah မပြည့်ဘို့ပါ အာမခံ ခိုင်းရမှာပါ။
DEYE 100Ah ဆိုရင် 106Ah တွေ ထည့်ထားသလို
TBB ကလည်း 105Ah တွေထည့်ထားတဲ့အတွက် DOD 10% အထိပေးသုံးကြတာပါ။
အခုနောင်ပိုင်းဝင်တဲ့ Shark topsun မော်ဒယ်အသစ်က 105Ah နှစ်လုံးတွဲထားတဲ့အတွက် 210Ah ရှိပါတယ်။
Top-100Ah ဘက္ထရီ အိုးကလည်း 105Ah ရှိပါတယ်။
Sunes 300Ah ကတော့ Ah Test လုပ်တာ 303Ah ရပါတယ်။
အခုလို စမ်းတယ်ဆိုတာ ဘက္ထရီ ကုမ္ပဏီ တွေက ခွင့်ပြုလို့ရယ်....ကိုယ်သုံးဘို့အတွက်ရယ် စမ်းတာပါ။သက်သေပြဘို့စမ်းတာမဟုတ်တဲ့အတွက် စာရွက်စာတမ်းထုတ်မပေးနိုင်ပါဘူး။
ဘယ်လိုပဲ Ah ပြည့်ပြည့် 20% ချန်ချန် မချန်ချန် သုံးစွဲတဲ့ပုံစံပေါ်မူတည်ပြီး တစ်နှစ်ပြည့်ရင်တော့ဖြင့် ဆဲလ်အသစ်တစ်လုံးဟာ 2% to 3% အထိ Ah ကျသွားပါတယ် ဆိုတာကို သတင်းကောင်းလေး ပါးခဲ့ပါတယ်။
ဆိုလိုတာက 200Ah တစ်လုံးဟာ သုံးကာစမှာ 200Ah အပြည့်ပါတယ်ဆိုရင် Cycle 350 လောက်သုံးပီးတာနဲ့ 196Ah လောက်ရောက်သွားတာကို လက်တွေ့တိုင်းထွာချက်များအရ သိရှိရတာပါ။ အဲ့ဒီအချက်ဟာ ကိုယ်သုံးနေတဲ့ ဆဲလ်တွေအတွက်သာအကျုံးဝင်ပီး ကိုယ်မသုံးဘူးတဲ့ ဆဲလ်တွေအတွက် မသိကြောင်းပါ။စာဖတ်ပီးရေးတဲ့လူလောက်တော့ မသိကြောင်းပါ။
ကဲ....ဒါဆို အာမခံ အမှန်အကန်နဲ့ ကိုယ်သုံးစွဲတဲ့ပစ္စည်းရဲ့ Performance ကောင်းကောင်းရ ဘို့ ဘာလုပ်သင့်တယ်၊ဘယ်လိုရွေးချယ်သင့်တယ်ဆိုတာ အထိုက်အလျောက် သိရှိကြပြီထင်ပါတယ်။ဖတ်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်။(အကျိုးရှိရင် ရှယ်ပေးပါ)
Credit: Mother Home Solar Installation