04/01/2023
Computer သုံးရင်း ပျင်းလာတဲ့အခါမှာ အပျင်းပြေ၀င်ရောက်ကြည့်ရှုဖို့ကောင်းတဲ့ Site (7) ခု
သင့်လုပ်ငန်းခွင်မှာ Computer ကို တစ်နေကုန်သုံးပြီး အလုပ်လုပ်ရတဲ့အခါမှာ ပျင်းရိစရာကောင်းတဲ့ အခြေအနေမျိုးကြုံတွေ့တတ်ပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးကနေ အပျင်းလည်းပြေ သင့်စိတ်ကိုလည်း ပြန်လည် လန်းဆန်းစေမဲ့ ခဏတာ၀င်ရောက်ကြည့်ရှုသင့်တဲ့ Site (7) ခု ကိုဖော်ပြပေးလိုက်ပါတယ်။
1. Listen your birthday song
သင်မွေးခဲ့တဲ့နေ့မှာ ထွက်ရှိပြီး နာမည်ကြီးခဲ့တဲ့ သီချင်းကို သိချင်ပါသလား? Playback.fm/birthday-song, လို့ Browser မှာရိုက်ပြီးရှာလိုက်ပါ။ အဲ့ဒီမှာ သင့်မွေးတဲ့နေ့ ၊ လ ၊ ခုနှစ်တွေဖြည့်သွင်းပြီး “Find #1 Song” ကိုနှိပ်လိုက်ရင် သင်မွေးတဲ့နေ့မှာ ထွက်ရှိပြီး နာမည်ကြီးတဲ့ သီချင်း တွေ့ရပါလိမ့်မယ်။ Music ကိုဝါသနာပါတဲ့သူတွေအတွက် ခဏတာ အပျင်းပြေ အချိန်ဖြုန်းဖို့ကောင်းတဲ့ Site ဖြစ်ပါတယ်။
2. Cartoon yourself
တစ်နေကုန် အလုပ်တွေလုပ်တာကြာလာတဲ့အခါမှာ သင့်စိတ်တွေနောက်ကျိပြီး အလွယ်တကူဒေါသတွေထွက် စိတ်တို လာနိုင်ပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာ ရယ်စရာ ကာတွန်းမျက်နှာနဲ့ သင့်ပုံကိုသင်ရုတ်တရက်မြင်လိုက်ရရင် ညစ်နေတဲ့ သင့်စိတ်တွေပြန်လည်လန်းဆန်းလာပြီး အလုပ်ကို ပျော်ပျော်ရွှင်ရွှင် ပြန်လည်လုပ်နိုင်ပါလိမ့်မယ်။
ရယ်ချင်စရာကာတွန်းပုံလေးတွေဖန်တီးဖို့အတွက် Cartoonize.net ကိုသွား သင့်ပြုလုပ်ချင်တဲ့ ပုံလေးတွေရွေးထည့်ပြီး ရယ်စရာကာတွန်း မျက်နှာလေးတွေဖန်တီးလို့ရပါပြီ။ သင့်မျက်နှာအပြင် သင့်လုပ်ဖော်ကိုင်ဖက် ရဲ့ပုံလေးတွေကိုလည်း ရယ်ချင်စရာကာတွန်းပုံအဖြစ်ဖန်တီးပြီး စနောက်လို့ရပါသေးတယ်။
3. Draw a Stickman
လူတိုင်းလူတိုင်း ငယ်ငယ်တုန်းက ကျောင်းစာအုပ်မှာ ဟိုခြစ် ဒီခြစ်နဲ့ အရုပ်လေးတွေဆွဲခဲ့ကြဖူးမှာပါ..
ခု သင့် ငယ်ဘ၀က အချိန်လေးတွေကိုပြန်အမှတ်ရနိုင်မဲ့ Site တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
Drawastickman.com ဆိုတဲ့ Site မှာ အရုပ်လေးတွေဆွဲ Game လေးတွေဆော့ပြီး သင့်ရဲ့ပျင်းရိစရာကောင်းတဲ့အချိန်တွေကို ခဏတာ စိတ်ပြေလက်ပျောက်အပျင်းပြေအောင်လုပ်နိုင်ပါတယ်။
4. Learn Which Celebrity You Look Like
ဒီ Site ပုံစံလေးကိုတော့ တော်တော်များအသုံးပြုကြဖူးမှာပါ။ Faceplusplus.com ဆိုတဲ့ Site မှာသင့်ပုံကိုထည့်ပြီး နာမည်ကြီး ဘယ် Celebrity နဲ့တူလဲဆိုတာ အပျင်းပြေစမ်းကြည့်လို့ရပါတယ်။
အဲ့လိုစမ်းကြည့်တဲ့အခါမှာ တရုတ်အနုပညာရှင်တွေနဲ့တူနေရင်အံသြမသွားပါနဲ့..။ ဘာကြောင့်လဲဆိုတော့ ဒီ Site က Chinese Developer တွေဖန်တီးထားတာမလို့ပါ။
5. Make a Wish
ကျွန်တော်တို့တော်တော်များများ ကြယ်ကြွေတာကို တွေ့ရင် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေ ဆုတောင်းတတ်ကြပါတယ်။ ဒါပေမဲ့ ခုလို အလုပ်လုပ်နေရတဲ့ နေ့ခင်းကြောင်တောင်ကြီးမှာ ကြယ်ကြွေတာကိုမြင်ပြီးဆုတောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ Wishpush.com ဆိုတဲ့ Site ကို၀င်ကြည့်ပြီးတော့ သင်ဖြစ်ချင်တဲ့ ဆန္ဒတွေ ကိုဆုတောင်းပြီး ကြယ်လေးတွေကိုနှိပ် ကြယ်ကြွေတာကိုကြည့်ပြီး သင့်ရဲ့ပျင်းရိစရာကောင်းတဲ့အချိန်တွေကို အပျင်းပြေအောင်လုပ်လို့ရပါတယ်။
6. Listen to the Rain
ပျင်းရိစရာကောင်းတဲ့နေ့လည်ခင်းတွေမှာ မိုးရွာတဲ့အသံကိုနားထောင်ပြီး အေးအေးချမ်းချမ်းလေးအလုပ်လုပ်ရရင် စိတ်ညစ်စရာ အာရုံနောက်စရာတွေကို မေ့ထားလို့ရပါတယ်။ အပြင်မှာမိုးမရွာရင်တောင် မိုးရွာနေတဲ့ အသံ အေးအေးချမ်းချမ်း ခံစားချက်လေးကိုပေးမဲ့ Site http://xn--rainymood-zn6a.com/ ဆိုတဲ့ Site လေးပါ။ အပြင်မှာမိုးရွာနေတဲ့အတိုင်း မိုးပေါက်လေးတွေကျနေသံကိုပီပီပြင်ပြင်ကြားရမှာဖြစ်ပါတယ်။ဒါပေမဲ့ အဲ့လို feeling မျိုးခံစားပြီး အလုပ်လုပ်နေရင်း ငိုက်မနေဖို့တော့လိုတယ်နော် ;)
7. Chat with a Clever Bot
အလုပ်ထဲမှာလူတွေနဲ့ စကားတွေအများကြီးပြောရတဲ့အခါ စိတ်ရှုပ်ပြီး အာရုံနောက်လာတတ်ပါတယ်။ အဲ့လိုဖြစ်လာရင် Cleverbot.com ဆိုတဲ့ Site လေးကို၀င်ပြီး AI Bot လေးနဲ့ အပျင်းပြေ မေးခွန်းလေးတွေအပြန်အလှန်မေးရင်း ခဏတာစိတ်အပန်းဖြေလို့ရပါတယ်။ သင်ကိုယ်တိုင်ပေါက်ကရမေးခွန်းတွေမစဉ်းစားမိရင်တော့ Bot လေးကို မေးခွန်းတွေစဉ်းစားခိုင်းလို့ရပါသေးတယ်။
Ref: Google