02/06/2025
Excel 2013 Keyboard Shortcuts
Ctrl + A (Select All)
စာရွက်ထဲမှာရှိသော စာလုံးတွေ၊ ပုံတွေ စသည့် အရာများအားလုံးကို “Select” မှတ်ပေးသည်။
Ctrl + B (Bold)
စာလုံးများကို ထူပေးသည်။
Ctrl + C (Copy)
စာလုံး၊ ရုပ်ပုံ စသည့် အရာများကို “Select” ပေး၍ မိမိထားလိုသောနေရာတွင် “Paste”လုပ်၍
နဂိုမူလအတိုင်း ဆင့်ပွားကူးယူနိုင်သည်။ (“Copy” တကြိမ်လုပ်ထားရုံနဲ့ “Paste” ရာကျော်
ပြုလုပ်နိုင်သည်။
Ctrl + D (Fill down from above “cell”)
အပေါ်မှာရှိသော“Cell” ကွက်ထဲမှ “data” ကို အောက်ဖက်မှာရှိသော “Cell”ကွက်များဆီသို့ ဆင့်ပွားထည့်သွင်းလိုပါက အသုံးပြုသည်။
Ctrl + E Flash Fill
(Column 1, Column 2, Column 3)စသည့် “Column” တစ်ခုစီမှာရှိသော “data”များအား “Column 4” ထဲမှာ ပေါင်းစပ်လိုပါက အသုံးပြုသည်။
Ctrl + F Find
Word Sheet ထဲမှာရှိသော အချက်လက်များထဲမှ ရှာလိုသော အချက်လက်များအား ရှာဖွေလိုပါက အသုံးပြုနိုင်သည်။
Ctrl + G Go to, Find, Replace
Word Sheet ထဲမှာရှိသော Cell ကွက်များထဲမှ ရှာဖွေလိုသော Cell ကွက်ကို ရှာဖွေနိုင်သည်။
Ctrl + H Go to, Find, Replace
Word Sheet ထဲမှာရှိသော အချက်လက်များထဲမှ အစားထိုး၊ ပြောင်းလဲလိုပါက အချက်လက်များအား အစားထိုး၊ ပြောင်းလဲရာတွင် အသုံးပြုနိုင်သည်။
Ctrl + I Italic(Italicize the select texts)
စာကြောင်းများအား “ဘေးသို့ စောင်း” လိုပါက အသုံးပြုသည်။
(Ctrl + J Shortcut key မရှိပါ)
Ctrl + K Add Hyperlink
စာရင်းဇယား၊ အချက်လက် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ရာမှာ အသုံးပြုသည်။
Ctrl + L Create Table
Word Sheet တွင် Table တစ်ခု တည်ဆောက်လိုပါက အသုံးပြုသည်။
(Ctrl + M Shortcut key မရှိပါ)
Ctrl + N Create New Workbook
Word Book အသစ် တစ်ခုဖန်တီးသည်။
Ctrl + O Open Document
Computer ထဲမှာရှိသော Word Book အား ဖွင့်သည်။
Ctrl + P Print
စာရင်း၊ ဇယား၊ အချက်လက်များအား Print ထုတ်လိုပါက အသုံးပြုသည်။
Ctrl + Q Formatting on data in cell
Word Sheet ထဲမှာ ရှိသော မိမိ Select မှတ်ထားသော data များအား “Formatting, Charts, Totals, Table, Sparkline” ပြုပြင်လိုပါက အသုံးပြုသည်။
Ctrl + R Fill right from left cell
ဘယ်ဖက်မှာရှိသော “Cell” ကွက်ထဲမှ “data” ကို ညာဖက်မှာရှိသော “Cell”ကွက်များဆီသို့ ဆင့်ပွားထည့်သွင်းလိုပါက အသုံးပြုသည်။
Ctrl + S Save Wordbook
Word Book တစ်ခုအားသိမ်းဆည်းမည်ဆိုပါက အသုံးပြုသည်။
Ctrl + T Create Table
Word Sheet တွင် Table တစ်ခု တည်ဆောက်လိုပါက အသုံးပြုသည်။
Ctrl + U Underline
Cell ကွက်ထဲမှာရှိသော စာကြောင်းအား Underline ပြုလုပ်သည်။
Ctrl + V Paste Content
Copy, Cut လုပ်ပြီးသည်နှင့် ထားလိုသော Cell ကွက်တွင် Click ချ၍ Paste ချသည်။
Ctrl + W Close Wordbook
အသုံးပြုနေသော Word Book အား ပိတ်လိုပါက အသုံးပြုသည်။
Ctrl + X Cut Content
Cell ကွက်ထဲမှာရှိသော data များ၊ Select မှတ်ထားသော အချက်လက်များအား နေရာရွှေ့ပြောင်းလိုပါက အသုံးပြုနိုင်သည်။ (ရွှေ့လိုသော အချက်များအား Select ပေး၍ Cut (Ctrl + X) နှိိပ်၍ နေရာရွှေ့နိုင်သည်။
Ctrl + Y Redo Action
Undo လုပ်ထားသော တစ်ချက်စီတိုင်းကို Redo လုပ်၍ ပြန်လည်ပြင်ဆင်နိုင်သည်။
Ctrl + Z Undo Action
Word Sheet တစ်ခုအတွင်း လုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်များအား နောက်သို့ ပြန်လည် သွားလိုပါက အသုံးပြုသည်။
Ctrl + Del Delete Cell
Cell ကွက်များကို ဖျက်သည်။
(Ctrl + Move one word to the left
left Arrow) စာရင်းဇယားများ ရေးဆွဲနေစဉ်အတွင်း ဇယားကွက်၏ ဘယ်ဖက် “Cell” ကွက်သို့ ရွှေ့လိုပါက အသုံးပြုသည်။
Ctrl + Right Move one word to the right
စာရင်းဇယားများ ရေးဆွဲနေစဉ်အတွင်း ဇယားကွက်၏ ညာဖက် “Cell” ကွက်သို့ ရွှေ့လိုပါက အသုံးပြုသည်။
Ctrl + Move one word to the left
Up Arrow စာရင်းဇယားများ ရေးဆွဲနေစဉ်အတွင်း ဇယားကွက်၏ အပေါ်ဆုံး “Cell” ကွက်သို့ ရွှေ့လိုပါက အသုံးပြုသည်။
(Ctrl + Move to the line of down
Down Arrow) စာရင်းဇယားများ ရေးဆွဲနေစဉ်အတွင်း ဇယားကွက်၏ အောက်ဆုံး “Cell” ကွက်သို့ ရွှေ့လိုပါက အသုံးပြုသည်။
Ctrl + * Select to data
စာရင်းဇယားများရိုက်နေစဉ် ထိုစာရင်းဇယားများအား “Select” မှတ်ရာတွင် သုံးသည်။
Alt + = Showe “SUM” Function
“SUM” Function အား ဖော်ပြပေးသည်။
(တခြားသော Microsoft Word, Microsoft PowerPoint , စသည့် သင်ခန်းစာများလည်း ရေးသားနေသည်မို့ ကျွန်တော့်ရဲ့ A Purpose Center Pageကို Followလုပ်ပြီး & လုပ်ပေးထားပါဦးခင်ဗျ။)