My Japan Chapter

My Japan Chapter Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Japan Chapter, Mandalay.

08/02/2026

ငယ်ငယ်တည်းက ဘာဆုမှမရခဲ့ပေမဲ့ ကြီးလာတော့ "ခင်မြဦး ဆိုတဲ့ လင်တရူးဆုံး ”ဆုကို ရတဲ့အခါ

#အကယ်ဒမီ #ရတနာဗိုလ်

08/02/2026

Me လည်း ရတနာဗိုလ်လိုပဲ

12/01/2026

Weak?

တွေ့ဆုံခွဲခွာရပုံကို ပြတဲ့ မျဉ်းလေးတွေပါတဲ့ ❤️💔ကျွန်တော် Relationship အကြောင်းတွေလေ့လာရင်း စိတ်ဝင်စားစရာ line chart လေးတ...
15/11/2025

တွေ့ဆုံခွဲခွာရပုံကို ပြတဲ့ မျဉ်းလေးတွေပါတဲ့ ❤️💔

ကျွန်တော် Relationship အကြောင်းတွေလေ့လာရင်း စိတ်ဝင်စားစရာ line chart လေးတစ်ခု တွေ့ခဲ့ပါတယ်။ Olivia de Recat ရဲ့ Closeness Lines Over Time ဆိုတဲ့ chart လေးဖြစ်ပါတယ်။ အဲ့ဒီထဲက lines တချို့ကို ထုတ်နုတ်ပြီး ကျွန်တော်က စာနဲ့ ပြန်ရှင်းပြပေးပါရစေ။

ပထမမျဉ်းက မိမိကိုယ်ကို ကိုယ်စားပြုပြီး ဒုတိယမျဉ်းက သတ်မှတ်သူကို ကိုယ်စားပြုပါတယ်။ ပုံမှန်အသက်အရွယ်အတိုင်း ရှင်သန်နေထိုင်သော လူအများစုကို ကိုယ်စားပြုပါတယ်။ (အားလုံးမဟုတ်ပါဘူး)

1. ငယ်ငယ်တုန်းက သူငယ်ချင်း
မူကြိုနဲ့ မူလတန်းအရွယ်တွေမှာ ပေါင်းခဲ့ဖူးတဲ့ သူငယ်ချင်းဖြစ်တာကြောင့် ငယ်ရွယ်စဉ်မှာ နီးကပ်ခဲ့ကြပြီး အသက်ကြီးလာလေ ပြန်ဆုံဖို့ခက်လေ ဖြစ်ပါတယ်။ ပြန်ဆုံပေမယ့် မမှတ်မိတော့တဲ့ childhood friend တွေ ရှိသလို မှတ်မိပေမယ့် ကပ်လွဲလေး မဆုံဖြစ်တော့တဲ့ friend တွေလည်း အများကြီးပါပဲ။

2. ကြီးလာမှပေါင်းတဲ့ သူငယ်ချင်း
ငယ်စဉ်မှာ မသိခဲ့ကြဘဲ ကြီးလာမှ ပေါင်းမိတဲ့သူတွေ ဖြစ်ပါတယ်။ သူငယ်ချင်းကောင်းဆိုရင်တော့ ဘဝအဆုံးထိ ပေါင်းသင်းသွားနိုင်မှာပါ။ တစ်ခါတလေ အနားမှာမရှိရင်တောင် လိုနေချိန်တိုင်းမှာ ရှိနေမယ့်သူ ဖြစ်ပါတယ်။ သူငယ်ချင်းကောင်းမဟုတ်ရင်တော့ တဖြည်းဖြည်း ဝေးကွာသွားကြမှာပါပဲ။

3. မိဘ
မိမိအသက်စတင်ချိန်မှာ မိဘနဲ့ တစ်သားထဲ နီးကပ်ခဲ့ပြီး ဆယ်ကျော်သက်အရွယ်မှာ အနည်းငယ်ဝေးကွာတတ်ပါတယ်။ (ကလန်ကဆန်အရွယ်မို့ပါ) အများစုကတော့ အသက်ကြီးလာလေ မိဘနဲ့ ပြန်လည်နီးကပ်လေဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်မှာ မိဘဟာ သေဆုံးသွားမှာဖြစ်ပြီး မိမိတစ်ကိုယ်တည်း ဘဝခရီးကို ဆက်ရမှာ ဖြစ်ပါတယ်။

4. မောင်နှမ
တည့်လိုက် မတည့်လိုက်နဲ့ ကွာလိုက် စိလိုက် ဖြစ်နေတတ်ပေမယ့် သွေသားရင်းတွေဖြစ်တာမို့ အရေးကြီးရင်တော့ သွေးနီးကြတာ တစ်ဝမ်းတည်းကထွက်တဲ့ မောင်နှမတွေ ဖြစ်ပါတယ်။

5. အချစ်ဦး
အစမှာ ဘယ်သူရယ်တောင်မသိပေမယ့် ချစ်တတ်တဲ့တစ်နေ့မှာ ကိုယ့်ဆီရောက်လာနိုင်တာ အချစ်ဦး ချစ်သူပါ။ ချစ်ခဲ့တဲ့အချိန်တော့ နီးကပ်နေမှာပေါ့။ ဒါပေမယ့် တစ်ချိန်မှာ လမ်းခွဲရမှာဖြစ်ပြီး ဝေးကွာသွားပါလိမ့်မယ်။ လူအများစုဟာ ဒီအတိုင်းပါပဲ။ အချစ်ဦးနဲ့ ဝေးကြပါတယ်။

6. Wrong Time မှာ တွေ့ခဲ့မိတဲ့ Right Person
လူမှန်ပေမယ့် အချိန်မမှန်တဲ့အခါ ကိုယ့်ဖူးစာရှင်မှန်းမသိဘဲ လွဲခဲ့တတ်ပါတယ်။ တစ်ချိန်တော့ အချိန်မှန်မှာ လူမှန်ရောက်လာပြီး Right Time Right Person ဖြစ်သွားတဲ့အခါ သူနဲ့တွဲပြီး ဘဝတစ်သက်တာ နီးကပ်ရမယ့် တစ်ဦးတည်းသောလက်တွဲဖော် ရရှိပါလိမ့်မယ်။

7. တစ်ညတာအတွက် အပျော်တွဲခဲ့သူ
ဒီနေ့မှာတွေ့၊ ဒီနေ့မှာ နှစ်ဦးသဘောတူ ပျော်ပါးခဲ့ကြတဲ့ one night stand တွေကတော့ ဘဝမှာ တစ်ချက်ကလေးပဲ ဆုံတွေ့နီးကပ်ခဲ့ပြီး ဘယ်တော့မှ ပြန်ဆုံဖို့ မရှိတော့သူတွေ ဖြစ်ပါတယ်။ Just One Night Stand!

8. ခွေးလေး၊ ကြောင်လေး
ဘဝအစထဲက မတွေ့ခဲ့ရပေမယ့် တစ်နေ့မှာ သူဟာ ကိုယ့်ဆီရောက်လာပါလိမ့်မယ်။ ကိုယ့်ကို သခင်လို့ လက်ခံထားပြီး အချစ်သစ္စာကြီးတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေပေါ့။ ကိုယ့်ဘဝအစရော၊ ကိုယ့်ဘဝအဆုံးရော သူတို့ ကိုယ့်အနားမရှိပါဘူး။ သူတို့ဟာ ကိုယ့်ထက် အသက်တိုကြတာမို့ပါ။ ဒါပေမယ့် သူတို့ရဲ့ ဘဝတစ်ခုလုံးကတော့ ကိုယ့်အနားမှာပဲ မခွဲမခွါ ကပ်ပြီးရှိနေကြပါတယ်။ (ဒီအပိုင်းလေးက ရင်ထဲမကောင်းဘူး)

ဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

Crd AD

အန်နီမေးရှင်းလောကအတွက် အလွန်ဝမ်းနည်းဖွယ် သတင်းတစ်ခုအနေနဲ့၊ ဒဏ္ဍာရီလာ ဒါရိုက်တာ Tatsuya Nagamine ဟာ အသက် ၅၃ နှစ်အရွယ်မှာ ...
14/11/2025

အန်နီမေးရှင်းလောကအတွက် အလွန်ဝမ်းနည်းဖွယ် သတင်းတစ်ခုအနေနဲ့၊ ဒဏ္ဍာရီလာ ဒါရိုက်တာ Tatsuya Nagamine ဟာ အသက် ၅၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကြာသပတေးနေ့မှာ ဒီသတင်းကို ဝမ်းနည်းစွာနဲ့ အတည်ပြု ပြောကြားခဲ့တာပါ။

Anime News Network ရဲ့ သတင်းတစ်ပုဒ်အရ၊ Toei Animation စတူဒီယိုက ကွယ်လွန်သူ ဒါရိုက်တာအတွက် အောက်မေ့ဖွယ် အခမ်းအနားတစ်ခု ကျင်းပပြီးနောက်မှာ တေးရေးဆရာ Kōhei Tanaka နဲ့ ဇာတ်ညွှန်းရေးဆရာ Osamu Suzuki တို့က X (ယခင် Twitter) မှာ ဝမ်းနည်းကြောင်း မျှဝေခဲ့ကြတာ ဖြစ်ပါတယ်။ Nagamine ဟာ ဒီနှစ်နွေရာသီအတွင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
တေးရေးဆရာ Tanaka က "ဒီနေ့ ကျွန်တော် အိုဆာကာက Toei Animation Studio မှာ ကျင်းပတဲ့ ကွယ်လွန်သူ ဒါရိုက်တာ Nagamine အတွက် အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ သူဟာ 'One Piece' အန်နီမေးရှင်းအတွက် အဓိက ပံ့ပိုးကူညီသူတစ်ဦးဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ 'One Piece' မှာ သူရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ တကယ်ကို ထူးကဲခမ်းနားလှပါတယ်" လို့ ဝမ်းနည်းစွာ ရေးသားခဲ့ပါတယ်။
Nagamine ဟာ "Dragon Ball" နဲ့ "One Piece" တို့ အပါအဝင် Toei Animation ရဲ့ အောင်မြင်ကျော်ကြားတဲ့ ဇာတ်လမ်းတွဲများစွာမှာ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သူပါ။
"One Piece" ဇာတ်လမ်းတွဲမှာတော့ Wano Arc (ဝါနိုပြည်) တစ်လျှောက်လုံး သူက series director အဖြစ် ဦးဆောင်ခဲ့ပါတယ်။ "Dragon Ball" မှာဆိုရင် "Dragon Ball Super: Broly" ရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး "Dragon Ball Super" ဇာတ်လမ်းတွဲရဲ့ အပိုင်းအတော်များများမှာလည်း series director အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် "Digimon" နဲ့ "Precure" တို့လို တခြား နာမည်ကြီး ဇာတ်လမ်းတွဲတွေကိုလည်း သူရိုက်ကူးခဲ့ပါသေးတယ်။
သူ့ရဲ့ ကွယ်လွန်မှုဟာ အန်နီမေးရှင်းလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ပရိသတ်များစွာကလည်း ဝမ်းနည်းကြေကွဲလျက် ရှိနေကြပါတယ်။

စိတ်လောတာက "Fast & Furious" ကားထဲ ရောက်နေသလိုပါပဲ၊ ကိုယ့်ဦးနှောက်က အရှိန်တင်ပြီး တခြားအရာအားလုံးက နှေးနေတယ်လို့ ခံစားရတာ...
13/11/2025

စိတ်လောတာက "Fast & Furious" ကားထဲ ရောက်နေသလိုပါပဲ၊ ကိုယ့်ဦးနှောက်က အရှိန်တင်ပြီး တခြားအရာအားလုံးက နှေးနေတယ်လို့ ခံစားရတာမျိုးပါ။

ဒါကို "ဘရိတ်" (Brake) အုပ်ဖို့အတွက် ရှင်းရှင်းနဲ့ ထိရောက်တဲ့ နည်းလမ်းတွေ ပြောပြပေးပါမယ်။

၁။ အသက်ရှူတာကို "Reset" ချပါ။ (The Emergency Brake)
ဒါက အထိရောက်ဆုံးနဲ့ အမြန်ဆုံးနည်းပါ။ စိတ်လောလာပြီ၊ ရင်တုန်လာပြီဆိုတာနဲ့ လုပ်လက်စကို ခဏရပ်ပြီး...

👉အသက်ကို ၄ စက္ကန့် လောက် ဖြည်းဖြည်းချင်း ရှူသွင်းပါ။
👉၄ စက္ကန့် လောက် အောင့်ထားပါ။
👉၆ စက္ကန့် လောက်နဲ့ ဖြည်းဖြည်းချင်း ပြန်မှုတ်ထုတ်ပါ။
☝️ဒါကို ၃-၄ ကြိမ်လုပ်လိုက်တာနဲ့ ဦးနှောက်ကို "အေးဆေး၊ အခြေအနေ ထိန်းထားနိုင်တယ်" လို့ အချက်ပြလိုက်သလိုပါပဲ။

၂။ ဘာက သင့်ကို "Trigger" ဖြစ်စေလဲ ရှာပါ။
သင်က ဘယ်အချိန်တွေမှာ အလောတကြီး ဖြစ်တတ်လဲ?
❓လမ်းပိတ်နေတုန်းလား?
❓အင်တာနက် လိုင်းကျနေတုန်းလား?
❓တစ်စုံတစ်ယောက်က စကားကို နှေးနှေးပြောနေလို့လား?

ကိုယ့်ကို ဘာက စိတ်လောစေလဲ သိမှ "ဪ၊ ငါအခု လောတော့မယ်" ဆိုတာ ကြိုသိပြီး အပေါ်က အသက်ရှူနည်းနဲ့ ကြိုထိန်းလို့ရပါမယ်။

၃။ "ငါ ထိန်းချုပ်လို့ မရဘူး" လို့ လက်ခံလိုက်ပါ။

လောကကြီးမှာ ကိုယ်လုပ်လို့ရတဲ့အပိုင်း (Your Control) နဲ့ ကိုယ်လုပ်လို့မရတဲ့အပိုင်း (No Control) ဆိုပြီး နှစ်ပိုင်းပဲ ရှိပါတယ်။
မရတဲ့အပိုင်း ဥပမာ ကားလမ်းပိတ်တာ၊ တခြားလူတွေ နှေးကွေးတာ၊ Server ကျတာ။
ရတဲ့အပိုင်း ဥပမာ ကိုယ့်ရဲ့ တုံ့ပြန်မှု (Your Reaction)။

လမ်းပိတ်လို့ လောနေရင် ကားတွေရှေ့ရောက်မသွားပါဘူး။ အဲဒီအချိန်မှာ စိတ်လောမယ့်အစား သီချင်းနားထောင်တာမျိုး ပြောင်းလိုက်ပါ။

၄။ တစ်ချိန်တည်း အလုပ်များများ လုပ်ခြင်း (Multitasking) ကို ရပ်ပါ။

လူအများစုက Multitasking လုပ်တာကို "တော်တယ်" လို့ ထင်ကြတယ်။ တကယ်တော့ ဒါက ဦးနှောက်ကို အလုပ်ပိုရှုပ်စေပြီး ဘာတစ်ခုမှ မြန်မြန်မပြီးဘဲ စိတ်ကို ပိုလောစေပါတယ်။

တစ်ခါလုပ်ရင် အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်ပါ။ အီးမေးလ်စစ်ရင် အီးမေးလ်ပဲစစ်ပါ။ ဖုန်းပြောရင် ဖုန်းပဲပြောပါ။ "တစ်ခုပြီးမှ တစ်ခု" လုပ်တဲ့အကျင့်က စိတ်ကို ပိုတည်ငြိမ်စေပါတယ်။

၅။ တမင်တကာ "နှေး" ကြည့်ပါ။

ဒါကတော့ လေ့ကျင့်ခန်းပါ။ စိတ်လောတတ်တဲ့အကျင့်ကို ဖျောက်ဖို့၊ ဆန့်ကျင်ဘက် "စိတ်ရှည်" တဲ့ အကျင့်ကို မွေးရပါမယ်။

ကော်ဖီဆိုင်မှာ တန်းစီရင် တမင်တကာ အရှည်ဆုံးတန်းမှာ သွားစီကြည့်ပါ။
ကားမောင်းရင် လမ်းကြောတစ်ခုတည်းမှာပဲ ဖြည်းဖြည်းမောင်းကြည့်ပါ။
တစ်ယောက်ယောက် စကားပြောနေရင် သူပြီးတဲ့အထိ စိတ်မလောဘဲ နားထောင်ကြည့်ပါ။

အရေးကြီးဆုံးကတော့...

စိတ်လောတာက တစ်ရက်တည်း ဖြစ်လာတဲ့အကျင့် မဟုတ်ပါဘူး။ ဒါကြောင့် ပြန်ဖျောက်တဲ့အခါလည်း အချိန်ယူရပါမယ်။ စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ကြည့်ပါ... (စိတ်လောတတ်တဲ့သူကို "စိတ်ရှည်ပါ" လို့ ပြောတာက နည်းနည်းတော့ ဆီလိုမီးလို ဖြစ်သွားမလားပဲ။ ဒါပေမဲ့ အဓိက ဆိုလိုရင်းက ဒါပါပဲ။)

Shin Thant Min
၁၃ နိုဝင်ဘာ ၂၀၂၅

🏔️ "The Mountain Is You" (စာဖတ်ချိန် ၃မိနစ်)သင်တက်ရမယ့် "တောင်" ဟာ တခြားသူမဟုတ်၊ ကိုယ်တိုင်ပဲ ဖြစ်နေတဲ့အခါကျွန်တော်တို့အ...
08/11/2025

🏔️ "The Mountain Is You" (စာဖတ်ချိန် ၃မိနစ်)
သင်တက်ရမယ့် "တောင်" ဟာ တခြားသူမဟုတ်၊ ကိုယ်တိုင်ပဲ ဖြစ်နေတဲ့အခါ

ကျွန်တော်တို့အားလုံးမှာ ရည်မှန်းချက်တွေ၊ အိပ်မက်တွေ ✨ ရှိကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေ၊ အောင်မြင်မှုနဲ့ လက်တစ်ကမ်းအလိုရောက်မှ ကိုယ်တိုင်ပဲ အရာရာကို ပြန်ဖျက်ဆီးမိလိုက်တာမျိုး 🤦‍♀️၊ အကြောင်းပြချက်မရှိဘဲ အလုပ်တွေကို ရွှေ့ဆိုင်းပစ်လိုက်တာမျိုး ကြုံဖူးကြမှာပါ။
ဒါကို "Self-Sabotage" (ကိုယ့်ကိုယ်ကိုယ် နှောင့်ယှက်ခြင်း) 🚫 လို့ခေါ်ပါတယ်။
Brianna Wiest ကပြောတာက "သင်တက်နေရတဲ့ အကြီးမားဆုံးတောင်" ဆိုတာ အပြင်က အခက်အခဲတွေ မဟုတ်ပါဘူး။ အဲ့ဒီ "တောင်" ဆိုတာ သင်ကိုယ်တိုင် ပါပဲ။ 🏔️
ဒီစာအုပ်ကနေ ကျွန်တော်တို့ ဘာတွေသင်ယူနိုင်မလဲ။ 📖

၁။ Self-Sabotage ဆိုတာ "ပျင်း" နေတာ မဟုတ်ဘူး 🚫

ဒါက အရေးကြီးဆုံးအချက်ပါ။ 📌 သင်ဟာ ပျင်းလို့၊ မကြိုးစားချင်လို့ ကိုယ့်ကိုယ်ကိုယ် နှောင့်ယှက်နေတာ မဟုတ်ပါဘူး။ Self-Sabotage ဆိုတာ သင့်ကို "ကာကွယ်ပေးဖို့" 🛡️ ကြိုးစားနေတဲ့ မှားယွင်းနေတဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု (Coping Mechanism) တစ်ခုပါ။

ဥပမာ သင်က အလုပ်သစ်မလျှောက်ဘူး။ ဘာလို့လဲဆိုတော့ "မရမှာ" (ငြင်းပယ်ခံရမှာ) ကို ကြောက်တယ်။ 😨 သင့်ရဲ့မသိစိတ်က "မလျှောက်ဘဲနေလိုက်ရင်၊ ငြင်းပယ်ခံရတဲ့နာကျင်မှု" ကို ခံစားရမှာ မဟုတ်ဘူးလို့ "ကာကွယ်" ပေးလိုက်တာပါ။ ရလဒ်ကတော့ သင် ရှေ့မဆက်နိုင်တာပါပဲ။ 🛑

၂။ "ဘာ" ဖြစ်နေလဲထက် "ဘာလို့" ဖြစ်တာလဲ သိဖို့လိုတယ် 🤔

"ငါ အလုပ်တွေ မပြီးဘူး" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာက အဖြေမဟုတ်ပါဘူး။ 🙅‍♂️ "ငါ ဘာလို့ ဒီအလုပ်ကို မလုပ်ချင်တာလဲ" လို့ မေးရပါမယ်။ ❓

အောင်မြင်သွားမှာကို ကြောက်နေတာလား။ (Fear of Success) 🏆

ရှုံးနိမ့်မှာကို ကြောက်နေတာလား။ (Fear of Failure) 📉

ကိုယ့်ကိုယ်ကိုယ် မလုံလောက်ဘူးလို့ ခံစားနေရတာလား။ (Imposter Syndrome) 🎭

အကြောင်းရင်းကို သိမှ အမြစ်ကနေ ရှင်းထုတ်နိုင်မှာပါ။ 🌱

၃။ သင်ရဲ့ "Trigger" တွေကို သတိထားမိအောင် လေ့ကျင့်ပါ 🔔

"Trigger" ဆိုတာက သင့်ရဲ့ နက်ရှိုင်းတဲ့ စိတ်ခံစားမှု ဒါမှမဟုတ် အပြုအမူတစ်ခုကို အလိုအလျောက် ပေါ်လာအောင် "ဆွဲခလုတ်တိုက်" လိုက်တဲ့ အရာ ပါပဲ။
သေနတ်တစ်လက်မှာ "ခလုတ်" (Trigger) ကို ဆွဲလိုက်တာနဲ့ ကျည်ဆန် ချက်ချင်းထွက်သွားသလိုပါပဲ။ 💥 သင့်ဘဝမှာလည်း "Trigger" တစ်ခုခု (စကားတစ်ခွန်း၊ အဖြစ်အပျက်တစ်ခု၊ အနံ့တစ်ခု) နဲ့ တွေ့လိုက်တာနဲ့၊ သင်ဟာ ချက်ချင်းပဲ (မစဉ်းစားမိလိုက်ခင်မှာ) ဒေါသထွက်တာ၊ ဝမ်းနည်းသွားတာ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် နှောင့်ယှက်တဲ့ (Self-Sabotage) အပြုအမူတွေ လုပ်မိသွားတာမျိုးကို ဆိုလိုတာပါ။
ဘယ်လိုအခြေအနေမျိုးမှာ သင့်ရဲ့ Self-Sabotage အပြုအမူတွေ ပေါ်လာလဲ။
👉 Stress အရမ်းများလာတဲ့အခါလား။ 😫
👉 တစ်ယောက်ယောက်နဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မိတဲ့အခါလား။ 👥
👉 အနာဂတ်ကို မရေရာမသေချာဘူးလို့ ခံစားရတဲ့အခါလား။ 🌫️
ဒီ "Trigger" တွေကို သတိထားမိလိုက်တာနဲ့ "အော်၊ ငါ့ရဲ့ ပုံစံဟောင်း ပြန်ဝင်လာပြီ" ဆိုပြီး သတိနဲ့တားဆီးနိုင်ဖို့ အခွင့်အရေးရသွားပါပြီ။ ✋

၄။ စိတ်ခံစားမှုဆိုင်ရာ ထိန်းချုပ်နိုင်စွမ်း (Emotional Intelligence) ကို တည်ဆောက်ပါ 🧠

စာအုပ်က အဓိကပြောတာက "Self-Mastery" (မိမိကိုယ်ကို အနိုင်ယူကျွမ်းကျင်ခြင်း) ပါ။ 💪
"သင့်ရဲ့ မသိစိတ်က လိုချင်တာနဲ့၊ သိစိတ်က လိုချင်တာ လမ်းကြောင်းမတူတဲ့အခါတိုင်း သင်ဟာ Self-Sabotage လုပ်မိလိမ့်မယ်။"
ဒီနှစ်ခုကို လမ်းကြောင်းတစ်ခုတည်းပေါ် ပြန်ရောက်အောင်၊ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ❤️ (ကြောက်တာ၊ စိုးရိမ်တာ၊ ဒေါသထွက်တာ) ကို ဖိနှိပ်မထားဘဲ၊ အသိအမှတ်ပြုပြီး နားလည်ပေးဖို့လိုပါတယ်။ စိတ်ခံစားမှုတွေကို နားလည်လေ၊ အဲ့ဒီစိတ်တွေရဲ့ လွှမ်းမိုးမှုနဲ့ မှားယွင်းတဲ့ အပြုအမူတွေလုပ်တာ နည်းသွားလေပါပဲ။ ✅

၅။ ကိုယ့်တန်ဖိုးကို အပြင်မှာ မရှာပါနဲ့ 💖

သင်ဟာ "အောင်မြင်မှ"၊ "ပိုက်ဆံချမ်းသာမှ"၊ "တစ်စုံတစ်ယောက်က အသိအမှတ်ပြုမှ" တန်ဖိုးရှိတာ မဟုတ်ပါဘူး။ ❌ ဒီလိုသတ်မှတ်ထားရင် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးပြီး Self-Sabotage လုပ်မိနေပါလိမ့်မယ်။ "Self-Mastery" ရဲ့ အခြေခံက ကိုယ့်တန်ဖိုးကို ကိုယ်တိုင်အသိအမှတ်ပြုခြင်းကနေ စတင်ပါတယ်။

Takeaway (အနှစ်ချုပ်) 📌
"The Mountain Is You" က ပေးတဲ့ အဓိက Message ကတော့ သင့်ရဲ့ အကြီးမားဆုံး ရန်သူဟာ သင်ကိုယ်တိုင် ဖြစ်နိုင်သလို၊ သင့်ရဲ့ အကြီးမားဆုံး မဟာမိတ်ကလည်း သင်ကိုယ်တိုင်ပဲ ဖြစ်နိုင်တယ်ဆိုတာပါပဲ။ 🪞
ကိုယ့်ကိုယ်ကိုယ် ရန်သူတစ်ယောက်လို တိုက်ခိုက်မနေတော့ဘဲ၊ ကိုယ်ဘာ့ကြောင့် ဒီလိုဖြစ်နေရလဲဆိုတာကို နားလည်ပေးပြီး၊ ကိုယ်တကယ်ဖြစ်ချင်တဲ့ ပုံစံကို နေ့စဉ် အပြုအမူ နဲ့ ပြန်တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ 🛠️

#စာပေ #အနှစ်ချုပ်

01/11/2025

In November.... mode

15/05/2025

ကလေးဘဝတုန်းက
မနက်ဖြန်အတွက် ရင်ခုန်စွာ
စောင့်မျှော်ရင်း အိပ်ပျော်နိုင်ခဲ့ကြသလို

အရွယ်ရောက်လာတဲ့အခါ
မနက်ဖြန်ရောက်ဖို့ကိုဘဲ
ထိတ်လန့်စွာ ငါတို့အိပ်မပျော်နိုင်ခဲ့ကြဘူး ။

#ဂန္ဓမာ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when My Japan Chapter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Japan Chapter:

Share