𝑁𝑜𝑒𝑙

𝑁𝑜𝑒𝑙 myanmar youth

မနေ့ကတော့ ကျွန်တော်နိုင်ငံကို သူ့ကျွန်ဘဝကနေ လွတ်မြောက်အောင် ‌ဆောင်ရွက်ပေးခဲ့သူဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ပါ။ ဒ...
14/02/2026

မနေ့ကတော့ ကျွန်တော်နိုင်ငံကို သူ့ကျွန်ဘဝကနေ လွတ်မြောက်အောင် ‌ဆောင်ရွက်ပေးခဲ့သူဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ပါ။ ဒီနေ့ကတော့ ဗိုလ်ချုပ်မရှိတော့တဲ့နောက်ပိုင်း တိုင်းပြည်ကို ကမ္ဘာမှာနေရာတစ်ခုရောက်အောင်
စွမ်းဆောင်ပေးခဲ့တဲ့ ဦးနုရဲ့ လူ့လောကကြီးကို စွန့်ခွာသွားတဲ့နေ့ပေါ့။

ငယ်ငယ်ကတည်းက စာရေးဆရာဖြစ်ချင်တဲ့သူ၊ လွတ်လပ်ရေးရရင် အလုပ်ထွက်ပြီး စာရေးဆရာလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့သူ၊ ဒါပေမဲ့ ကံကြမ္မာကတော့ သူ့ကိုလုပ်ခွင့်မပေးခဲ့ဘူး။

၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့က အဖြစ်ဆိုးကြီးဖြစ်ပြီး တိုင်းပြည်ရဲ့ ဦးခေါင်း မရှိတော့တဲ့အချိန်မှာ ဦးနုဟာ မလုပ်ချင်လျက် တိုင်းပြည်ရဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ရတယ်။

ဝန်ကြီးချုပ်ဦးနုဟာ မြန်မာနိုင်ငံကို သူတတ်စွမ်းသမျှ အကောင်းမွန်ဆုံးအုပ်ချုပ်ခဲ့တယ်၊ federal ဆိုတဲ့ အရာကိုနှာလည်း ရရှိနိုင်အောင်ကြိုးစားခဲ့တယ်။

ဒါပေမဲ့ စိတ်မကောင်းစွာဘဲ ၁၉၆၂ မတ်လ ၂ ရက်နေ့မှာပဲ အနှစ်နှစ်အလလ ကြိုးစားခဲ့ရတာတွေအကုန် သဲထဲရေသွန်ဖြစ်သွားခဲ့ရတယ်။ အဲ့တာကတော့ ဦီးနေဝင်းနဲ့စစ်တပ်ရဲ့ federal အပေါ်အမြင်ကနေစခဲ့တာလို့ပြောရမယ်။

သူတို့က federal ကို "ခွဲထွက်ရေး" လို့မြင်ပြီး တိုင်းပြည်အစိတ်စိတ်ကွဲမှုလို့ ခေါင်းစဉ်တပ်ကာ အာဏာသိမ်းလိုက်တာပဲ။ ဒါ့ပြင် အဲ့အချိန်မတိုင်ခင်က မြန်မာနိုင်ငံဟာ အာရှမှာဆို ကျားပဲဗျ။ အာရှနိုင်ငံတွေဆီကတောင် မြန်မာမှာကျောင်းလာတက်ရတဲ့အထိပဲ။

မြန်မာနိုင်ငံကတက္ကသိုလ်ကျောင်းသားဆို ကမ္ဘာမှာ မျက်နှာပန်းလှချက်ဗျာ၊ Oxford တို့လို တက္ကသိုလ်ကျောင်းသားတွေကျနေရောပဲ။ အဲ့တာတင်မကသေးဘူးဗျ။ စီးပွားရေးမှာလည်း အတော်မြင့်တဲ့နေရာမှာရှိတယ်။

ဒီလိုကောင်းနေတာတွေအကုန် ၁၉၆၂ ကနေစပြီးတစ်စနဲ့တစ်စ ပျက်ဆီးယိုယွင်းလာလိုက်တာ အခုထိပါပဲ။

အဲ့တော့ နောက်ဆုံးပြောချင်တာကတော့ နိုင်ငံတော်ရဲ့အာဏာကို မကောင်းတဲ့သူတွေလက်ထဲရောက်ရင် "ပျက်ဆီးရမှာမလွဲဧကန်ပဲ"ဆိုတာပဲ။

(နိုင်ငံဆိုတာ နိုင်ငံမှာနေတဲ့ပြည်သူတွေပိုင်သည်သာ ဖြစ်တယ်!!!)

အနာဂတ်နိုင်ငံကကလည်း လူငယ်တွေအပေါ်မှာ မူတည်တဲ့အတွက် အဲ့လူငယ်တွေ ကောင်းစွာဆောင်ရွက်နိုင်‌စေဖို့သည် လူငယ်တွေရဲ့စံပြ/ လူငယ်တွေကိုဆုံးမသင်ပြပေးနိုင်ကြတဲ့ လူကြီးတွေသာဖြစ်ပါသည်။

လူငယ်များကလည်း ကိုယ်ခံစားခဲ့ရတဲ့နာကျင်မှုတွေကို မမေ့လိုက်ပါနဲ့။ ထိုနာကျင်မှုတွေကို ကိုယ့်မျိုးဆက်တွေ ထပ်မခံစားစေရအောင် ကြိုးစားကြပါ။ အခုအချိန်ဟာ အပျော်အပါးမက်နေရမယ့် အချိန်မဟုတ်သေးပါဘူး။

Today marks 31 years since U Nu passed away. As a key leader of independent Burma, he played a significant role in shaping the nation and sought to build a federal democratic system. However, the 1962 military coup brought that vision to an abrupt end. But he tried to make a better country after he was arrested. Unfortunately, his efforts were unsuccessful.

25/12/2025

ကျွန်တော်တို့လူငယ်တွေရဲ့ ဘဝကြီးတစ်ခုလုံးက အဲ့ ၃ နာရီအချိန်လေးအပေါ်မှာပဲမူတည်နေတာလား။


Huuuu! When I'm feeling alone
23/03/2024

Huuuu! When I'm feeling alone

Address

Norwood

Website

Alerts

Be the first to know and let us send you an email when 𝑁𝑜𝑒𝑙 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝑁𝑜𝑒𝑙:

Share