Taroscope

Taroscope သုတဆန်းဆိုတာ သုတဆန်းပါပဲ....

🔮 တမူထူးတဲ့ အရူးယတြာ=======================မိတ်ဆွေ...ဘဝမှာ လမ်းပျောက်သလို ခံစားဖူးပါရဲ့လား?ကျနော်ကိုယ်တိုင် ကြုံဖူးပါတယ်...
03/08/2026

🔮 တမူထူးတဲ့ အရူးယတြာ
=======================
မိတ်ဆွေ...
ဘဝမှာ လမ်းပျောက်သလို ခံစားဖူးပါရဲ့လား?

ကျနော်ကိုယ်တိုင် ကြုံဖူးပါတယ်။ ကြိုးစားလုပ်ဆောင်နေရင်းကပဲ ဘာကို ဘယ်လိုစတင်ပြီး လုပ်ရမှန်းမသိတော့တာမျိုး၊ ဘာလုပ်ရမယ်မှန်း မသိတော့တာမျိုး၊ ဘာမှ မလုပ်တတ်တော့သလိုဖြစ်ပြီး လက်မြှောက်အရှုံးပေးလိုက်ရတော့မလို အဖြစ်မျိုးတွေပေါ့။

တနေ့ ... ကျနော် Tarot ကဒ်တွေကို အထက်ကကဒ်ကို အောက်ကိုပို့၊ အောက်ကကဒ်ကို အထက်တင်နဲ့ စိတ်လွတ်ကိုယ်လွတ် မွှေနှောက်နေမိတယ်။ ပထမတော့ လမ်းပျောက်သလိုခံစားနေရလို့ Tarot ဆီကနေ အကြံတောင်းကြည့်ဦးမယ်ဆိုတဲ့ စိတ်ကူးပေါ့။ ဒါပေမယ့် Tarot ကဒ်တွေကို ကိုင်ပြီး ကျနော် ဘာအကြံမှမတောင်းဖြစ်ပဲ ခုလို မွှေနှောက်နေမိတာပါ။ အဲ့ဒီလို မွှေနှောက်နေချိန် ကျနော့်အတွေးထဲမှာ "ငါလမ်းပျောက်နေပြီ၊ ဘာလုပ်ရမလဲ၊ ဘယ်လိုလုပ်ရပါ့မလဲ" ဆိုတဲ့ အတွေးကိုပဲ တရစပ်တွေးနေမိတယ်။ ကဒ်တွေချိုး၊ နိမိတ်တွေဖတ်ဖို့တောင် အားမရှိတော့သလိုခံစားရတယ်။ အဲ့ဒီလို တောင်စဥ်ရေမရအတွေးတွေလျှောက်တွေးရင်း...

"ငါ ရူးများသွားပြီလား... ငါ့ကိုယ်ငါ ရူးသွားတယ်လို့ထင်နေမိတာဆိုတော့ တကယ်တမ်းက ငါမရူးသေးပါဘူး။ ဒါပေမယ့်လည်း ငါက ရူးနေသလိုဖြစ်နေပြီ။ တနည်းအားဖြင့် ရူးချင်နေပြီ။ အရူးဆိုတာ The Fool ပေါ့။ အဲ့ဒါ Major အုပ်စုထဲက နံပါတ် 0 (သို့) 22 ကို ကိုယ်စားပြုနေတဲ့ကဒ်တစ်ခုပဲ" လို့အတွေးတချက်ဖြစ်လိုက်ချိန်မှာပဲ... လက်ခနဲ အမြင်နိမိတ်တစ်ခုပေါ်လာတယ်။

အရူးတစ်ယောက်ဟာ ဘာတွေထည့်ထားမှန်းမသိတဲ့ အထုပ်ကြီးတစ်ထုပ်ကို တုတ်နဲ့လျှိုထမ်းရင်း လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့ ရောက်ရာပေါက်ရာကို ခရီးနှင်နေတယ်။ သူက ...
✅ နေပူတာကိုလည်းမသိဘူး...
✅ ခြေထောက်ညောင်းတာကိုလည်း မသိဘူး...
✅ အထုပ်ကြီးလေးလှချည်လားလို့လည်း မညည်းဘူး...

သူသွားစရာရှိတာကို ပျော်ပျော်ပါးပါးပဲသွားနေတယ်။ အဲ့ဒီအမြင်နိမိတ်ကို ကြည့်ရင်း ကျနော် တဖြေးဖြေးသဘောပေါက်သလိုလို ရှိလာတယ်။ ကျနော်နားလည်လိုက်တဲ့ သင်ခန်းစာတစ်ခုက...

✅ ဘာအခက်အခဲ၊ ဘာပြဿနာပဲရှိရှိ အရင်ဆုံး စိတ်လက်ပေါ့ပါးအောင် လုပ်ရမယ်။

ဆိုလိုတာက အရူးတစ်ယောက်လိုပေါ့... သူဟာ နေပူလို့လည်း စိတ်မညစ်ပါဘူး။ အထုပ်ကြီးလေးလို့ပါဆိုပြီးလည်း ထိုင်ငိုမနေပါဘူး။ သူလုပ်ချင်တာကို ပေါ့ပေါ့ပါးပါးစိတ်ကလေးနဲ့ပဲ ဆက်တိုက်လုပ်နေပါတယ်။ ဒုက္ခတွေ့လို့ ပြာယာခပ်နေတာထက် စိတ်လက်ပေါ့ပါးအောင်လုပ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်လိုက်တာက ပိုကောင်းပါတယ်။

✅ လုပ်ချင်တာရှိရင် စတင်လိုက်ပါ။

အရူးကပေးတဲ့ သင်ခန်းစာပါ။ သူက ဗိုက်ဆာတာကိုလည်း ကြိုမတွေးပါဘူး။ ဘာကို စားရမယ်လို့လည်း ကြိုမတွေးပါဘူး။ သူလုပ်ချင်တာကိုသာ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

✅ စုစည်း သိမ်းဆည်းပါ။

အရူးရဲ့လွယ်အိတ်ထဲ ဘာတွေပါမယ်ထင်ပါသလဲ? ကျနော်တို့အသုံးဝင်မယ့် အရာတော့ ပါချင်မှ ပါပါလိမ့်မယ်။ ဒါပေမယ့် အရူးတစ်ယောက်အတွက်တော့ အင်မတန်ပြည့်စုံပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေဖြစ်နေနိုင်ပါတယ်။ စုစည်းပါဆိုတာက ဗဟုသုတ စုဆောင်းခိုင်းတာမျိုး၊ ငွေကြေးစုဆောင်းခိုင်းတာမျိုး စသဖြင့် တစ်ခုခုဖြစ်နိုင်ပါတယ်။

သင်ခန်းစာတွေက လောလောဆယ် ကျနော်ဖြစ်နေတာနဲ့ မပတ်သက်သလိုခံစားနေရပါတယ်။ အဲ့ဒီအချိန် တခဏလေးမှာပဲ... ဥာဏ်က လင်းခနဲဖြစ်သွားပြီး "တမူထူးတဲ့ အရူးယတြာ" ကို ရလိုက်ပါတယ်။

ယတြာက အရမ်းလွယ်ပါတယ်။ အိမ်အပြင်ခဏထွက်လိုက်ပါ။ ဖိနပ်စီးမထားပါနဲ့။ ပြီးတော့ ပန်းသီးနီနီရဲရဲတစ်လုံးကို စားလိုက်ပါ။ စားရင်း လမ်းခဏလျှောက်ပေါ့။ အဝေးကြီးမလျှောက်ချင်ရင်တောင် ခြံထဲ ခဏပတ်လျှောက်ပေါ့။ အိမ်ထဲမှာလျှောက်လို့မရဘူးလားလို့ စျေးမစစ်ပါနဲ့။ အရူးဆိုတာ အိမ်နဲ့ယာနဲ့ မနေပါဘူး။ လမ်းပေါ်မှာအနေများပါတယ်။ ဒါကြောင့် အိမ်အပြင်ထွက်လျှောက်ရမယ်။ ဒါ့အပြင် ကျန်းမာရေးမကောင်းလို့ပါ။ မှန်ကွဲစ စူးမှာကြောက်လို့ပါ။ ဖိနပ်ကလေးစီးပါရစေလို့ မပြောပါနဲ့။ မရပါဘူး။ ဖိနပ်မစီးမှ ခိုင်မာတဲ့ ပထဝီဓာတ်ကို ရမှာပါ။ လမ်းပျောက်နေရင် ဒီလိုလုပ်မှ လမ်းတွေ့မှာပါ။ မြေကြီးပေါ်ခြေဗလာနဲ့ ပြေးလွှားဆော့နေတဲ့ ကလေးနဲ့ အိမ်ပေါ်မှာပြေးလွှားဆော့နေတဲ့ကလေးနှစ်ယောက်အနက် ဘယ်ကလေးက ပိုပြီးကျန်းမာသန်စွမ်းမယ်ထင်ပါသလဲ? လောကထွဋ်တင် ဘုရားရှင်နဲ့ တပည့်သာဝကတွေတောင် ခြေဗလာနဲ့ ပထဝီရဲ့ဓာတ်သဘောကို ကောင်းစွာခံယူထားကြပါတယ်။ ဒါကြောင့် မြေကြီးကို ခြေဗလာနဲ့ နင်းချလိုက်ဖို့ အရေးကြီးပါတယ်။ ကျနော်တို့က ခေတ်ကာလသဘော၊ ဂုဏ်ဒြပ်သဘောတွေကြောင့် ဖိနပ်အလှတွေပြိုင်လို့ပြိုင်၊ မြေကြီးပေါ် မနင်းရဲပဲ ဖြစ်လို့ဖြစ်နဲ့ သာမန်သဘာဝမျိုးနေထိုင်နေကြတာပါ။ ခုက ရူးရမှာလေ... ဒီတော့ ခြေဗလာမှ ဖြစ်မှာပေါ့။ ပန်းသီးစားလို့ ကုန်ရင်တော့... အိမ်ထဲပြန်ဝင်၊ ခဏတဖြုတ်နားပြီး ခြေလက်ဆေးချင်ဆေးပေါ့။ အရေးကြီးတာက ဒါကို မကြာမကြာလုပ်ပေးဖို့ပဲ။

ဒီလိုလုပ်တော့ ဘာဖြစ်လဲ?
သိချင်ရင် စိတ်ပျက်နေတဲ့အခါ စမ်းကြည့်ပေါ့။
အဲ့ဒါ အရူးယတြာပါပဲ။
Tarot ကဒ်ထဲက The Fool ကပေးတဲ့ ယတြာပါပဲ။
ရူးမှ ထူးမှာ...
ထူးချင်ရင် ခုပဲ စတင်ရူးလိုက်ကြပါစို့။

#သုတဆန်း
#တဲရော့
#အရူးယတြာ
#အထူးယတြာ
#အလွယ်ဆုံးယတြာ

ဒီနှစ် စီးပွားတိုးမှာလား?========================တဲရော့ပညာမှာ ၃ ကဒ်ခင်းနည်းဟာ အင်မတန်မှ အခြေခံကျပါတယ်။ အများအားဖြင့် အတိ...
01/08/2026

ဒီနှစ် စီးပွားတိုးမှာလား?
========================
တဲရော့ပညာမှာ ၃ ကဒ်ခင်းနည်းဟာ အင်မတန်မှ အခြေခံကျပါတယ်။ အများအားဖြင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ယူဆချက်တွေနဲ့ ဟောပြောလေ့ရှိတတ်ကြပေမယ့် ဒီနေ့တော့ ဒီကဒ်ခင်းနည်းကိုပဲ တမူထူးခြားပြီး ရိုးရှင်းတဲ့ လက်တွေ့ဟောပြောဖြစ်ခဲ့ပုံလေးကို ပညာမျှဝေပေးပါမယ်။

မေးခွန်းက... "ကျနော် ဒီနှစ်ထဲမှာ စီးပွားတိုးတက်ဖို့ရှိသလား?" လို့မေးထားပါတယ်။ ဒီတော့ ကျနော်က Business Progression Spread လို့ခေါ်တဲ့ ကဒ်ခင်းနည်းအရ ခင်းကြည့်လိုက်တဲ့အခါ အောက်ပါပုံစံအတိုင်း ကဒ်သုံးကဒ်ထွက်ပေါ်လာပါတယ်။

သုံးသပ်ခြင်း
===========
✅ လက်ရှိအခြေအနေ
===================
Four of Pentacles ကဒ်ကျနေပါတယ်။ ဒီကဒ်က မြေဓာတ်ကို ကိုယ်စားပြုပြီး "ငွေကြေး၊ ပစ္စည်းဥစ္စာ၊ တည်ငြိမ်မှု" ကိုဖော်ပြပါတယ်။
ပုံထဲမှာ လူတစ်ယောက်ဟာ ကြယ် ၁ ပွင့်ကိုခေါင်းပေါ်တင်၊ ၂ ပွင့်ကို ခြေထောက်အောက်မှာနင်း၊ ၁ ပွင့်ကို ရင်ဘတ်မှာ တင်းတင်းကြပ်ကြပ် ဖက်ထားပါတယ်။ ဒါက ဘာကိုဖော်ပြနေသလဲဆိုတော့ ... မေးသူရဲ့ လက်ရှိ စီးပွားရေးဟာ ပြိုလဲနေတာ မဟုတ်ပါဘူး။ တည်ငြိမ်မှုတစ်ခု ရှိပါတယ်။ ဒါပေမဲ့ ငွေကြေးနဲ့ အရင်းအနှီးတွေကို ထွက်သွားမှာ ကြောက်လို့ အတင်းဆုပ်ကိုင်ထားတယ်။ စွန့်စားမှု မလုပ်ရဲဘူး။ လက်ရှိရနေတဲ့ အမြတ်အစွန်းလေးထဲမှာပဲ ပိတ်မိနေတယ် ဆိုတဲ့အခြေအနေကို ဖော်ပြနေတာပါ။

✅ အတားအဆီး
================
Eight of Swords ကဒ်ကျနေပါတယ်။ ဒီကဒ်က လေဓာတ်ကို ကိုယ်စားပြုပြီး "အတွေးအခေါ်၊ စိတ်ပိုင်းဆိုင်ရာ၊ အယူအဆ" တွေကို ဖော်ပြပါတယ်။ ပုံထဲမှာတော့အမျိုးသမီးတစ်ယောက် ကြိုးနဲ့တုပ်ခံထားရပြီး ဓား ၈ လက်ကြားမှာ ရပ်နေပါတယ်။ ဒါပေမယ့် ဓားတွေဟာ ဝိုင်းရံရုံပဲရှိပြီး သူ့ကိုယ်သူ အတင်းချည်နှောင်ထားတာမျိုး မဟုတ်ပါဘူး။ ဒါက ဘာကိုဖော်ပြနေတာလဲဆိုတော့
တိုးတက်မှုကို တားဆီးနေတာက ပြင်ပရန်သူ၊ ဒါမှမဟုတ် ဈေးကွက်အခြေအနေမျိုးဆိုတာထက် မေးသူရဲ့ ကိုယ်ပိုင် အကြောက်တရားနဲ့ အတွေးပိတ်ဆို့နေမှုဖြစ်ပါတယ်။ "ငါလုပ်ရင် ရှုံးမလား"၊ "အခြေအနေတွေ မကောင်းဘူး" ဆိုတဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ စိတ်ပိုင်းဆိုင်ရာ ပိတ်ဆို့မှုတွေကြောင့် အခွင့်အရေးတွေကို မမြင်နိုင်ဘဲ ဖြစ်နေရတာမျိုးကို ဆိုလိုတာပါ။

✅ ရလဒ်
===========
The Emperor ကဒ်ကျပါတယ်။ ဒီကဒ်က မီးဓာတ်ကို ကိုယ်စားပြုပြီး "ဦးဆောင်မှု၊ စီမံခန့်ခွဲမှု၊ စည်းစနစ်" တွေကို ဖော်ပြပါတယ်။ ပုံထဲမှာတော့ မီးလျံလိုတောက်ပနေတဲ့ တောင်တွေရှေ့မှာ ကျောက်ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရင်တစ်ပါးရဲ့ပုံဖြစ်ပါတယ်။ အာဏာ၊ စည်းကမ်း၊ ရင့်ကျက်မှုနဲ့ ခိုင်မာတဲ့ ထိန်းချုပ်မှု​တွေကို ကိုယ်စားပြုပါတယ်။ ဒါဟာ Major Arcana မျိုးဖြစ်တဲ့အတွက် ဒီနှစ်ထဲမှာ စီးပွားရေး တိုးတက်ဖို့ အင်မတန် အခွင့်အလမ်းကြီးမားပါတယ်။ သို့သော် ဒါဟာ ကံကောင်းရုံနဲ့ ရမှာမဟုတ်ဘဲ စနစ်တကျ စီမံခန့်ခွဲမှု၊ ရဲရင့်တဲ့ ဆုံးဖြတ်ချက်နဲ့ ခေါင်းဆောင်မှုပေးနိုင်မှသာ ရရှိမယ့် တိုးတက်မှုမျိုးကို ဆိုလိုနေတာပါ။

ဟောကွက်ဖော်ထုတ်ခြင်း
=====================
ဒီကဒ်ခင်းနည်းစနစ်အရ ဟောကွက်ဖော်ထုတ်တဲ့စနစ်ဟာ 1+2 = 3 ဆိုတဲ့ ဖော်မြူလာအရ ဟောကွက်ဖော်ထုတ်ပေးမှ မှန်ကန်တတ်ပါတယ်။ ဆိုလိုတာက...

✅ လက်ရှိအခြေအနေကိုပြတဲ့ကဒ်ရယ်...
✅ အတားအဆီးကိုပြတဲ့ကဒ်ရယ်ကို ပေါင်းစပ်လိုက်မှ
✅ ရလဒ်မှာကျနေတဲ့ ကဒ်ရဲ့ အဖြေမှန်ကို ရတာမျိုးပါ။ ဒီတော့ ... အနီးစပ်ဆုံးနဲ့ အမှန်ကန်ဆုံး အဖြေကို ပေးရရင် စီးပွားတိုးတက်နိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ နည်းဗျူဟာကို အကြီးအကျယ် ပြောင်းလဲမှသာ ဖြစ်နိုင်ပါတယ်။ လက်ရှိ ရောက်နေတဲ့ အခြေအနေအရ ခင်ဗျားရဲ့ စီးပွားရေးဟာ အောက်ဆုံးကို ထိုးဆင်းနေတာ မဟုတ်ပါဘူး။ တည်ငြိမ်မှုတစ်ခု ရှိနေပါတယ်။ ဒါပေမယ့် ပြဿနာက "လုံခြုံရေးဇုန် (Safety Zone)" ထဲမှာ အလွန်အကျွံ ပိတ်မိနေတာပါ။ ငွေကြေး၊ ဒါမှမဟုတ် အရင်းအနှီးတွေကို အဆုံးရှုံးမခံနိုင်လွန်းလို့ အတင်းဆုပ်ကိုင်ထားပြီး စွန့်စားရမယ့် ရင်းနှီးမြှုပ်နှံမှုတွေ၊ ချဲ့ထွင်မှုတွေကို မလုပ်ရဲဘဲ ဖြစ်နေတယ်။ လက်ရှိ ရနေတဲ့ အမြတ်အစွန်းလေးနဲ့ပဲ ကျေနပ်နေရင် စီးပွားရေးဟာ ဒီထက် ပိုမတိုးတက်ဘဲ ပုံမှန်အတိုင်းပဲ သွားနေပါလိမ့်မယ်။ ဒီနှစ်ထဲမှာ ခင်ဗျားရဲ့ စီးပွားရေး မတိုးတက်အောင် တားဆီးနေတာက ပြင်ပ ဈေးကွက်အခြေအနေထက် ခင်ဗျားရဲ့ စိုးရိမ်စိတ်နဲ့ အတွေးအခေါ် ဖြစ်နေတယ်။ "ငါ လုပ်လိုက်ရင် ရှုံးသွားမလား"၊ "အခြေအနေတွေက မရေရာဘူး" ဆိုတဲ့ အကြောက်တရားတွေက ခင်ဗျားရဲ့ မျက်စိကို ကန်းစေပြီး ရှေ့မှာ ရှိနေတဲ့ အခွင့်အရေးကောင်းတွေကို မမြင်ရအောင် ဖုံးကွယ်ထားပါတယ်။ တကယ်တော့ ခင်ဗျားမှာ ထွက်ပေါက်တွေ ရှိပါတယ်။ ခင်ဗျားရဲ့ အတွေးကို ခင်ဗျားကိုယ်တိုင် ချည်နှောင်ထားတာကို ဖြုတ်လိုက်ဖို့ပဲ လိုတာပါ။ အထက်လူကြီး၊ အာဏာပိုင်တွေရဲ့ ကူညီမစ,မှုတွေကြောင့် အကျိုးအမြတ်ကြီးကြီးမားမား ရရှိဖို့က သေချာသလောက် ရှိပါတယ်။ ဒါပေမယ့် The Emperor ကဒ်က ခင်ဗျားကို ဒီအတိုင်း ထိုင်စောင့်နေရုံနဲ့ ကံကောင်းခြင်းတွေ ရလာမယ်လို့ မပြောပါဘူး။ စီးပွားရေး တိုးတက်ချင်ရင် အောက်ပါ လက်တွေ့ကျကျ ဆောင်ရွက်ရမယ့် အချက် ၃ ချက်ကို လုပ်ဆောင်ရပါမယ်။

✅ စည်းစနစ်နဲ့ စီမံခန့်ခွဲမှု
စနစ်မကျတဲ့ လုပ်ကိုင်ပုံတွေကို ပယ်ဖျက်ပါ။ ငွေစာရင်း၊ ဝန်ထမ်း၊ ဒါမှမဟုတ် လုပ်ငန်းစဉ်တွေကို သမားရိုးကျ မဟုတ်ဘဲ စနစ်တကျ စည်းကမ်းတကျ ပြန်လည်ဖွဲ့စည်းပါ။

✅ ရဲရင့်တဲ့ ဆုံးဖြတ်ချက်
ကြောက်နေလို့ မရတော့ပါဘူး။ စွန့်စားသင့်တဲ့ နေရာမှာ ရဲရင့်စွာ ဆုံးဖြတ်ချက်ချပါ။ လုပ်ငန်းချဲ့ထွင်တာ၊ အရင်းအနှီး အသစ်ထည့်တာ၊ ဒါမှမဟုတ် လုပ်ငန်းအတိုင်ပင်ခံ၊ လူကြီးသူမတွေရဲ့ အကူအညီကို ရယူပါ။

✅ ကြောက်စိတ်ကို ဖယ်ထုတ်ပါ။
ဆန်းသစ်တဲ့ နည်းလမ်းတွေကို လက်ခံပါ။ ပုံစံဟောင်းအတိုင်း ငွေကို အတင်းဆုပ်ထားရုံနဲ့ လုပ်ငန်းကြီးထွားမလာနိုင်ပါဘူး။

ဒါတွေက လက်ရှိကဒ်တွေကို ခင်းနည်းဥပဒေသတွေနဲ့ ပေါင်းစပ်ပြီး ယူဆပြလိုက်တာပါ။ အဲ့ဒီလောက်ထိ အရှည်ကြီးမဟောချင်ဘူး၊ အကျယ်တဝင့် ရှင်းမပြချင်ဘူးဆိုရင်လည်း ခပ်တိုတိုနဲ့ ထိထိမိမိဖြစ်အောင် အောက်ပါအတိုင်း ဟောလိုက်ရင်လည်း ရပါတယ်။

✅ ခပ်တိုတိုဟောကွက်
=====================
ဒီနှစ်ဟာ ခင်ဗျားအတွက် အကြောက်တရားကို ကျော်လွန်ပြီး ဘုရင်တစ်ပါးလို စီမံကွပ်ကဲနိုင်ရင် စီးပွားရေးမှာ အကြီးအကျယ် တိုးတက်မည့်နှစ် ဖြစ်ပါတယ်။ ခင်ဗျားကိုယ်တိုင် ခေါင်းဆောင်မှုဆိုတဲ့ မူကို စွဲကိုင်ပြီး လုပ်ငန်းကို စနစ်တကျ ပြောင်းလဲလိုက်တာနဲ့ တိုးတက်မှု ဆိုတဲ့ ရလဒ်ကို မလွဲမသွေ ရရှိပါလိမ့်မယ်။

ကဲ ... ဒီလောက်ဆိုရင် Business Progression Spread ဆိုတဲ့ တဲရော့ခင်းနည်း၊ ဟောနည်းသဘောတရားကို နားလည်လောက်ပြီထင်ပါတယ်။ ပိုပြီးအကျယ်တဝင့်နဲ့ အသေးစိတ်ကို သိချင်ရင်တော့ ကျနော့်ရဲ့ Tarot Diploma Course (https://course.jhoro.com) မှာဆက်လက်လေ့လာနိုင်ပါတယ်။

#တဲရော့
#တားရော့
#စီးပွားရေး
#အလုပ်အကိုင်

ဂဏန်းနိမိတ်ဗေဒင်ပညာ (အထူးပြုပညာ)==========================ကိုယ့်ရဲ့ လက်တလောကံဇာတာကို သိချင်တယ်ဆိုရင် ... ၁ ကနေ ၁၀၈ အတွင်...
26/06/2026

ဂဏန်းနိမိတ်ဗေဒင်ပညာ (အထူးပြုပညာ)
==========================
ကိုယ့်ရဲ့ လက်တလောကံဇာတာကို သိချင်တယ်ဆိုရင် ... ၁ ကနေ ၁၀၈ အတွင်းက ကိုယ်အကြိုက်ဆုံး ဂဏန်းတစ်ခုကို Comment မှာ ရေးခဲ့ပါ။

✅ စည်းကမ်းချက် ✅
================
✅ပထမဆုံး ၅ ယောက်ကိုသာ ကိုယ်တိုင်တွက်ချက်ဟောပြောပေးပါမည်။
✅အကြိုက်ဆုံးဂဏန်းတစ်ခုကိုသာ ရေးပါ။ ဥပမာ ... 18, ၁၈။
✅ ဂဏန်းအပြင် တခြားအပိုစာသားတွေကို ထည့်မရေးပါနဲ့။
✅ လူဦးရေကန့်သတ်ထားတဲ့အတွက် ပထမဦးဆုံးလူ ၅ ယောက်ကိုသာ ဟောပေးမှာဖြစ်ကြောင်း အထူးသတိပြုပါ။
✅ဒီပို့စ်ရဲ့သက်တမ်းကို 26.6.2026 ကနေ 30.6.2026 ထိ ကန့်သတ်ထားပါတယ်။ အဲဒီကာလအတွင်းသာ စည်းကမ်းချက်အတိုင်း အလုပ်လုပ်မှာဖြစ်ပါတယ်။

ဟောပြောချက်တွေကို အချိန်နဲ့ တပြေးညီ အမြန်ဆုံးဖတ်ရှုနိုင်စေဖို့ ... ကျနော်ကိုယ်တိုင်တွက်ချက်ပြီး သက်ဆိုင်ရာ Comment အောက်မှာ Reply ပြန်ပေးသွားပါမယ်။

by Thuta Sann

တဲရော့ကဒ် ၂၂ ခုရဲ့ လျှို့ဝှက်ချက်=============================တဲရော့ Major ၂၂ ကဒ်ဟာ လူ့ဘဝရဲ့ ခရီးလမ်းစဉ်ကို ရုပ်ပုံကားချ...
26/04/2026

တဲရော့ကဒ် ၂၂ ခုရဲ့ လျှို့ဝှက်ချက်
=============================
တဲရော့ Major ၂၂ ကဒ်ဟာ လူ့ဘဝရဲ့ ခရီးလမ်းစဉ်ကို ရုပ်ပုံကားချပ်တွေနဲ့ ဖော်ပြထားတဲ့ စကြဝဠာရဲ့ လမ်းညွှန်ချက်တွေ ဖြစ်ပါတယ်။ ဒီကဒ်တွေဟာ သုညကနေ ၂၁ အထိ အစဉ်လိုက်ရှိနေပြီးတော့ လူတစ်ယောက်ရဲ့ ဝိညာဉ်ရေးရာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်ဆင့်ကို ကိုယ်စားပြုပါတယ်။
ပထမဆုံးကဒ်ဖြစ်တဲ့ (The Fool) ကတော့ စတင်ခြင်းကို အဓိပ္ပာယ်ရပြီး ဘဝရဲ့ မသေချာမှုတွေကြားထဲကနေ ရဲရဲဝံ့ဝံ့နဲ့ ရှေ့ဆက်ဖို့ တိုက်တွန်းနေတာပါ။ ကျနော်တို့ရဲ့ ဘဝခရီးလမ်းမှာ အတွေ့အကြုံသစ်တွေကို ရယူဖို့အတွက် ဒီကဒ်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

(The Magician) ကတော့ မိမိမှာရှိတဲ့ စွမ်းအားတွေကို ဘယ်လိုအသုံးချရမလဲဆိုတာကို သင်ပြပေးပြီးတော့

(The High Priestess) ကတော့ အတွင်းစိတ်ရဲ့ အသံကို နားထောင်ဖို့ လမ်းညွှန်ပေးပါတယ်။

(The Empress) နဲ့ (The Emperor) တို့ကတော့ ဖန်တီးမှုနဲ့ စည်းကမ်းပိုင်းဆိုင်ရာ အခြေခံတွေကို ချမှတ်ပေးသလို

(The Hierophant) ကတော့ ရိုးရာဓလေ့နဲ့ အသိပညာတွေကို ထိန်းသိမ်းဖို့ ပြောပြပါတယ်။

(The Lovers) ကတော့ ရွေးချယ်မှုတွေရဲ့ အရေးပါပုံကို ပြသပြီး

(The Chariot) ကတော့ အောင်မြင်မှုရဖို့အတွက် စိတ်ဓာတ်ကြံ့ခိုင်မှု လိုအပ်ကြောင်းကို ဖော်ပြပါတယ်။

(Strength) က စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပြသပြီး

(The Hermit) ကတော့ တစ်ယောက်တည်း တိတ်ဆိတ်စွာ တွေးတောဆင်ခြင်ခြင်းရဲ့ တန်ဖိုးကို ပြောပြပါတယ်။

(Wheel of Fortune) ကတော့ ကံတရားရဲ့ အလှည့်အပြောင်းကို ဖော်ပြပြီး

(Justice) ကတော့ တရားမျှတမှုရဲ့ အကျိုးဆက်ကို ညွှန်ပြပါတယ်။

(The Hanged Man) ကတော့ ရှုထောင့်အသစ်ကနေ ပြန်ကြည့်ဖို့ တိုက်တွန်းပြီး

(Death) ကတော့ အဆုံးသတ်ခြင်းဆိုတာ အသစ်ပြန်စခြင်းရဲ့ အစပျိုးမှုသာဖြစ်ကြောင်း နားလည်စေပါတယ်။

(Temperance) ကတော့ ဟန်ချက်ညီမှုရဲ့ အရေးပါပုံကို သင်ပေးပါတယ်။

(The Devil) ကတော့ လူတွေရဲ့ စွဲလမ်းမှုတွေကို သတိပေးပြီး

(The Tower) ကတော့ ရုတ်တရက် ပြောင်းလဲမှုတွေကနေတစ်ဆင့် အမှန်တရားကို မြင်အောင်ကြည့်ဖို့ ပြောပါတယ်။

(The Star) ကတော့ မျှော်လင့်ချက်ကို ပေးပြီး

(The Moon) ကတော့ စိတ်ကူးယဉ်မှုနဲ့ အမှန်တရားကြားက ခြားနားချက်ကို ပြသပါတယ်။

(The Sun) ကတော့ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို ကိုယ်စားပြုပြီး

(Judgement) ကတော့ မိမိကိုယ်ကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ကြောင်းကို ညွှန်ပြပါတယ်။

နောက်ဆုံးကဒ်ဖြစ်တဲ့ (The World) ကတော့ ခရီးစဉ်တစ်ခုရဲ့ ပြည့်စုံခြင်းနဲ့ အောင်မြင်မှုကို ဖော်ပြပါတယ်။

တဲရော့ကဒ် ၂၂ ခုကို နားလည်ထားခြင်းအားဖြင့် မိတ်ဆွေတို့ရဲ့ ဘဝအခြေအနေတွေကို ပိုပြီး ထိုးထွင်းသိမြင်လာနိုင်မှာပါ။ ကျနော်ကတော့ ဒီကဒ်တွေကို လေ့လာတဲ့အခါမှာ အပေါ်ယံ အဓိပ္ပါယ်ထက် မိမိရဲ့ အတွင်းစိတ်နဲ့ ဘယ်လိုချိတ်ဆက်မလဲဆိုတာကို ပိုအာရုံစိုက်စေချင်ပါတယ်။ ကဒ်တစ်ခုချင်းစီမှာ ပါဝင်တဲ့ သင်္ကေတတွေဟာ မိတ်ဆွေတို့အတွက် အရေးကြီးတဲ့ သတင်းစကားတွေကို သယ်ဆောင်လာတတ်တာမို့လို့ သေချာလေ့လာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

အောက်ပါအချက်အလက်တွေက တဲရော့ကဒ် ၂၂ ခုရဲ့ အနှစ်ချုပ်တွေဖြစ်ပါတယ်။

🔮 (The Fool) အစပျိုးခြင်းနှင့် စွန့်စားမှု
🔮 (The Magician) စွမ်းရည်နှင့် ဖန်တီးမှု
🔮 (The High Priestess) အတွင်းစိတ်အသိ
🔮 (The Empress) သားသမီးနှင့် သဘာဝတရား
🔮 (The Emperor) အာဏာနှင့် စည်းကမ်း
🔮 (The Hierophant) အစဉ်အလာနှင့် ယုံကြည်မှု
🔮 (The Lovers) ဆက်ဆံရေးနှင့် ရွေးချယ်မှု
🔮 (The Chariot) ဇွဲနှင့် အောင်မြင်မှု
🔮 (Strength) စိတ်ဓာတ်ခွန်အား
🔮 (The Hermit) အတွေးအခေါ်နှင့် တစ်ကိုယ်တည်းနေခြင်း
🔮 (Wheel of Fortune) ကံကြမ္မာ၏ အလှည့်အပြောင်း
🔮 (Justice) တရားမျှတမှု
🔮 (The Hanged Man) စွန့်လွှတ်ခြင်းနှင့် ရှုထောင့်အသစ်
🔮 (Death) ပြောင်းလဲခြင်းနှင့် အသစ်စတင်ခြင်း
🔮 (Temperance) ဟန်ချက်ညီခြင်း
🔮 (The Devil) စွဲလမ်းမှုနှင့် အချုပ်အနှောင်
🔮 (The Tower) ရုတ်တရက်ပြောင်းလဲမှု
🔮 (The Star) မျှော်လင့်ချက်နှင့် ယုံကြည်မှု
🔮 (The Moon) စိတ်ကူးယဉ်နှင့် လျှို့ဝှက်ချက်
🔮 (The Sun) ပျော်ရွှင်မှုနှင့် အလင်းရောင်
🔮 (Judgement) ဆုံးဖြတ်ချက်နှင့် ပြန်လည်မွေးဖွားခြင်း
🔮 (The World) ပြည့်စုံခြင်းနှင့် အောင်မြင်မှု

တဲရော့ပညာနဲ့ပတ်သက်ပြီး အခြေခံကနေ အဆင့်မြင့်အထိ အောက်ပါ သင်တန်း Website မှာ ဆက်လက်လေ့လာနိုင်ပါတယ်။

သင်တန်း Web
==============
https://course.jhoro.com/

#သုတဆန်း
#တဲရော့
#ဗေဒင်
#ဝိညာဉ်ရေးရာ

ကဒ်တွဲဆောင် လာဘ်ပွဲအောင်==========================လူအများစုက တဲရော့ကဒ်တွေကို ဟောပြောဖို့ပဲသုံးကြတာပါ။ ဒါပေမယ့် ဒီကဒ်တွေထ...
25/04/2026

ကဒ်တွဲဆောင် လာဘ်ပွဲအောင်
==========================
လူအများစုက တဲရော့ကဒ်တွေကို ဟောပြောဖို့ပဲသုံးကြတာပါ။ ဒါပေမယ့် ဒီကဒ်တွေထဲမှာ စွမ်းအင်တွေအများကြီးရှိနေတယ်ဆိုတာကို လူနည်းစုပဲသိကြပါတယ်။ အဲဒီထဲမှာမှ ကဒ်နှစ်ခုကို တွဲပြီးဆောင်ထားရတဲ့စနစ်ကိုတော့ လူလက်တစ်ဆုပ်စာလောက်ပဲ ကောင်းကောင်းနားလည်ကြပါတယ်။ အခုကျနော်ပြောပြမယ့် တဲရော့ကဒ်နှစ်ကဒ်ကို စနစ်တကျ ဆောင်ထားမယ်ဆိုရင် မိတ်ဆွေဆီကို လာဘ်လာဘတွေ၊ အခွင့်အလမ်းတွေ တရစပ်ဝင်လာစေနိုင်ပါတယ်။ ဒါဟာ စိတ်စွမ်းအားနဲ့ တဲရော့ကဒ်ရဲ့ သင်္ကေတစွမ်းအင်တွေကို ပေါင်းစပ်အသုံးချတဲ့ နည်းလမ်းတစ်ခုပါပဲ။

ပထမဆုံးအနေနဲ့ အရေးကြီးတဲ့အချက်က ဘယ်ကဒ်တွေကို ရွေးချယ်မလဲဆိုတာပါပဲ။ လာဘ်လာဘပွင့်ဖို့အတွက်ဆိုရင် ကျနော်တို့ဟာ တိုးတက်မှုနဲ့ အောင်မြင်မှုကို ကိုယ်စားပြုတဲ့ကဒ်တွေကို ရွေးချယ်ရပါမယ်။ အကောင်းဆုံးကဒ်နှစ်ကဒ်ကတော့ The Sun ကဒ်နဲ့ Ace of Pentacles ကဒ်တွေဖြစ်ပါတယ်။

✅ The Sun ကဒ်ဟာ အောင်မြင်မှု၊ ပျော်ရွှင်မှုနဲ့ အရာရာတိုင်းမှာ အဆင်ပြေချောမွေ့မှုကို ကိုယ်စားပြုပါတယ်။ ဒီကဒ်ကိုဆောင်ထားခြင်းအားဖြင့် ကျ​နော်တို့ရဲ့လမ်းကြောင်းမှာရှိတဲ့ အခက်အခဲတွေကို ဖယ်ရှားပေးပြီး အခွင့်အလမ်းကောင်းတွေကို ဆွဲဆောင်ပေးပါလိမ့်မယ်။

✅ Ace of Pentacles ကဒ်ကတော့ ငွေကြေးဓန၊ ပစ္စည်းဥစ္စာနဲ့ လက်တွေ့ကျတဲ့ အောင်မြင်မှုတွေကို ကိုယ်စားပြုပါတယ်။ ဒီကဒ်ဟာ ငွေကြေးအသစ်အဆန်းတွေ ဝင်လာဖို့အတွက် တံခါးပေါက်တစ်ခုလို ဆောင်ရွက်ပေးပါလိမ့်မယ်။

ဒီကဒ်နှစ်ကဒ်ကို ရွေးချယ်ပြီးပြီဆိုရင်တော့ စွမ်းအင်သွင်းတဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်ရပါမယ်။ ဒါဟာ ကဒ်တွေကို ရိုးရိုးဆောင်ထားတာထက် ပိုပြီးထိရောက်စေပါတယ်။ လပြည့်ည၊ ဒါမှမဟုတ် သောကြာနေ့လိုမျိုး ကောင်းမွန်တဲ့နေ့တစ်နေ့မှာ ငြိမ်သက်တဲ့နေရာတစ်ခုမှာ ထိုင်ပါ။ ကဒ်နှစ်ကဒ်ကို လက်ထဲမှာကိုင်ပြီး မိတ်ဆွေလိုချင်တဲ့ လာဘ်လာဘတွေ၊ အောင်မြင်မှုတွေကို စိတ်ထဲကနေ ပြင်းပြင်းထန်ထန် ပုံဖော်ကြည့်ပါ။ အဲ့ဒီနောက် ကဒ်တွေကို အမွှေးတိုင်မီးခိုးနဲ့ သန့်စင်ပေးပါ။

ဒီကဒ်နှစ်ကဒ်ကို ဘယ်လိုဆောင်ထားရမလဲဆိုရင် မိတ်ဆွေရဲ့ပိုက်ဆံအိတ်ထဲမှာ အမြဲတမ်းထည့်ထားဖို့ပါပဲ။ ပိုက်ဆံအိတ်ဟာ ငွေကြေးတွေ ဝင်ထွက်သွားလာတဲ့နေရာဖြစ်နေလို့ ဒီကဒ်တွေရဲ့စွမ်းအင်က ငွေကြေးစီးဆင်းမှုကို တိုးမြှင့်ပေးပါလိမ့်မယ်။ ကဒ်တွေကို သန့်ရှင်းသပ်ရပ်စွာ ထားရှိဖို့လည်း လိုအပ်ပါတယ်။

နောက်ဆုံးအနေနဲ့ သတိပြုရမှာက ဒီနည်းလမ်းဟာ (ယုံကြည်မှု) ပေါ်မှာ အများကြီးမူတည်နေပါတယ်။ မိတ်ဆွေက ဒီကဒ်တွေရဲ့စွမ်းအင်ကို ယုံကြည်ပြီး အကောင်းမြင်စိတ်နဲ့ ဆောင်ထားမယ်ဆိုရင် ထူးခြားတဲ့ရလဒ်တွေကို မကြာခင်မှာ တွေ့မြင်ရပါလိမ့်မယ်။ ဒါဟာ မှော်အတတ်တစ်ခုလိုပါပဲ။

(လွတ်လပ်စွာ Share နိုင်ပါတယ်။ Copy ကူးယူတင်ပြခြင်း ခွင့်မပြုပါ။)

#သုတဆန်း
#တဲရော့
#လာဘ်လာဘပွင့်နည်း
#မှော်အတတ်
#စိတ်စွမ်းအား

TTS Method Updated...
19/04/2026

TTS Method Updated...

အလွယ်ဆုံး လေးကဒ်တဲရော့ ဟောနည်း==================================ဒီနေ့ တော့ မိတ်ဆွေတို့အတွက် ကဒ်လေးကဒ်ကိုသုံးပြီး ကိုယ့်က...
18/04/2026

အလွယ်ဆုံး လေးကဒ်တဲရော့ ဟောနည်း
==================================
ဒီနေ့ တော့ မိတ်ဆွေတို့အတွက် ကဒ်လေးကဒ်ကိုသုံးပြီး ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဘယ်လိုလွယ်လွယ်ကူကူ ဟောပြောနိုင်မလဲဆိုတာကို အသေးစိတ် ရှင်းပြပေးချင်ပါတယ်။ ဒီနည်းလမ်းက တကယ်ကို ရိုးရှင်းပြီး၊ ဘဝရဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ လမ်းညွှန်ချက်ရယူဖို့အတွက် တကယ်ကိုအသုံးဝင်ပါတယ်။ မိတ်ဆွေတို့ဆီမှာ Tarot Card တစ်ထုပ်လည်းရှိမယ်။ ကိုယ်တိုင်ကလည်း စိတ်ဝင်စားမှုရှိမယ်ဆိုရင် စတင်နိုင်ပါပြီ။ ကဲ ... ဟောနည်းကို လေ့လာကြည့်ရအောင်။

ပထမဆုံးအနေနဲ့ ကဒ်လေးကဒ်ခင်းပုံ ကို ပြောပြပါမယ်။ ဒီဟောနည်းမှာ ကဒ်တွေကို ဘယ်လိုစီစဉ်ရမလဲဆိုတာက အရေးကြီးပါတယ်။ မိတ်ဆွေတို့ ကဒ်တွေကို သေသေချာချာ ကုလားဖန်ထိုးပြီးတဲ့နောက်မှာ

ကဒ်နံပါတ် (၁) ကို ဘယ်ဘက်အစွန်ဆုံးမှာ ချရပါမယ်။ ကဒ်နံပါတ် (၂) ကိုတော့ ကဒ်နံပါတ် (၁) ရဲ့ ညာဘက်ဘေးမှာ ချပါ။
ကဒ်နံပါတ် (၃) ကို ကဒ်နံပါတ် (၂) ရဲ့ ညာဘက်မှာ ထပ်ချရပါမယ်။
နောက်ဆုံး ကဒ်နံပါတ် (၄) ကိုတော့ ကဒ်နံပါတ် (၂) ရဲ့ အောက်တည့်တည့်မှာ ချပေးရပါမယ်။ ဒါဆိုရင်တော့ ကဒ်လေးကဒ်ရဲ့ ပုံစံက (T) ပုံသဏ္ဍာန်လေး ဖြစ်သွားပါလိမ့်မယ်။ (နမူနာပုံမှာကြည့်ပါ။)

အခု ကဒ်တွေရဲ့ ဌာနအလိုက် အဓိပ္ပါယ်တွေကို ရှင်းပြပါမယ်။

✅ ကဒ်နံပါတ် (၁) (လက်ရှိအခြေအနေ)
=================================
မိတ်ဆွေရဲ့ အခုလောလောဆယ် ကြုံတွေ့နေရတဲ့ အခြေအနေ၊ စိတ်ခံစားချက် ဒါမှမဟုတ် ပြဿနာရဲ့ အရင်းအမြစ်ကို ပြသပါတယ်။

✅ ကဒ်နံပါတ် (၂) (အတားအဆီး၊ စိန်ခေါ်မှု)
===================================
မိတ်ဆွေရဲ့ ရည်မှန်းချက်ဆီကို သွားတဲ့လမ်းမှာ ဘယ်အရာတွေက နှောင့်ယှက်နေသလဲ? ဘာကို သတိထားရမလဲဆိုတာကို ဖော်ပြပေးပါတယ်။

✅ ကဒ်နံပါတ် (၃) (အကြံဉာဏ်)
============================
ဒီအတားအဆီးကို ကျော်လွှားဖို့ ဒါမှမဟုတ် လက်ရှိအခြေအနေကို တိုးတက်အောင်လုပ်ဖို့ မိတ်ဆွေ ဘာလုပ်သင့်သလဲဆိုတဲ့ လမ်းညွှန်ချက်ကို ပြသပါတယ်။

✅ ကဒ်နံပါတ် (၄) (ရလဒ်) သို့ (အနာဂတ်)
===================================
မိတ်ဆွေအနေနဲ့ ကဒ်နံပါတ် (၃) ရဲ့ အကြံဉာဏ်အတိုင်း လုပ်ဆောင်မယ်ဆိုရင် ရရှိလာမယ့် အကျိုးရလဒ် ဒါမှမဟုတ် ဖြစ်ပေါ်လာမယ့် အခြေအနေကို ဖော်ပြပေးပါတယ်။

အခု ဟောပြောပုံနမူနာကို ဆက်ပြီး ရှင်းပြပေးပါမယ်။ ကဒ်တစ်ကဒ်ချင်းစီရဲ့ အဓိပ္ပာယ်ကို နားလည်ထားရင်တော့ ပိုကောင်းပါတယ်။ နားမလည်သေးရင်တော့ ပုံတွေအပေါ်မှာ အာရုံကျက်စားတတ်ဖို့လိုပါတယ်။ ဥပမာအနေနဲ့ မိတ်ဆွေက (အလုပ်အကိုင်) အကြောင်းကို မေးချင်တယ်ဆိုပါစို့။

✅ ကဒ်နံပါတ် (၁) (The Fool)
==========================
ဒါက အလုပ်မှာ အသစ်ကစခြင်း (New Beginning) ကို ပြပါတယ်။ လက်ရှိမှာ အတွေ့အကြုံ သိပ်မရှိသေးတဲ့ နယ်ပယ်အသစ်တစ်ခုကို စတင်နေတာ ဒါမှမဟုတ် စွန့်စားမှုတစ်ခု လုပ်ဖို့ ပြင်ဆင်နေတဲ့ အခြေအနေမျိုးပါ။ စိတ်ဖိစီးမှုထက် "ဘာမဆို ဖြစ်လာပါစေ" ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ခံစားချက်မျိုး ရှိနေတာကို ပြပါတယ်။

✅ ကဒ်နံပါတ် (၂) (The Tower)
============================
အဓိက အတားအဆီးက ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲ (Sudden Upheaval) ဖြစ်ပါတယ်။ အလုပ်မှာ ကိုယ်မျှော်လင့်မထားတဲ့ အခြေအနေတွေ (ဥပမာ... ဖွဲ့စည်းပုံအသစ် ပြောင်းတာ၊ ရာထူးပြောင်းတာ) မျိုးတွေကြောင့် ကိုယ်တည်ဆောက်ထားသမျှ ပြိုလဲသလို ခံစားရတာမျိုးက အဟန့်အတား ဖြစ်နေတာပါ။ ငွေကြေးထက် "အပြောင်းအလဲကို လက်မခံနိုင်ခြင်း" က အတားအဆီး ဖြစ်နေတာပါ။

✅ ကဒ်နံပါတ် (၃) (The Empress)
=============================
ဒါက အေးအေးဆေးဆေး နေဖို့ မဟုတ်ဘဲ "ဖန်တီးမှု စွမ်းအားကို အသုံးချဖို့နဲ့ အလုပ်ကို ပျိုးထောင်ဖို့" အကြံပေးတာပါ။ အလုပ်မှာ မိခင်တစ်ယောက်လို ဂရုတစိုက်နဲ့ စိတ်ရှည်လက်ရှည် လုပ်ကိုင်ပါ။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝ ထုတ်သုံးပြီး ရလဒ်ကောင်းတွေ ထွက်လာအောင် ဖန်တီးရမယ့် အချိန် ဖြစ်ပါတယ်။ (ငြိမ်နေရမှာ မဟုတ်ဘဲ တက်ကြွစွာ လုပ်ဆောင်ရမှာပါ။)

✅ ကဒ်နံပါတ် (၄) (The Sun)
==========================
ဒါကတော့ တဲရော့ကဒ်တွေထဲက အကောင်းဆုံးကဒ် တစ်ခုပါ။ ရလဒ်က "အလွန်တောက်ပတဲ့ အောင်မြင်မှု (Success & Clarity)" ကို ဖော်ပြနေပါတယ်။ အလုပ်မှာ အသိအမှတ်ပြုခံရတာ၊ ရာထူးတက်တာ ဒါမှမဟုတ် ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို တည့်တည့်မတ်မတ် ရောက်ရှိသွားတာမျိုး ကြုံရမှာပါ။ မသေချာ မရေရာမှုတွေ အားလုံး ရှင်းလင်းသွားပါလိမ့်မယ်။

ကဒ်လေးကဒ် ဟောနည်းဟာ မိတ်ဆွေတို့ရဲ့ နေ့စဉ်ဘဝ ပြဿနာတွေကို ဖြေရှင်းဖို့၊ ဆုံးဖြတ်ချက်တွေ ချဖို့အတွက် အများကြီး အထောက်အကူပြုနိုင်ပါတယ်။ တခြား​ဗေဒင်ပညာရပ်တွေလိုပဲ တဲရော့ ကလည်း မိတ်ဆွေတို့ရဲ့ စိတ်အခြေအနေနဲ့ ကံကြမ္မာရဲ့ လမ်းစတွေကို ဖော်ထုတ်ပေးနိုင်တဲ့ ကိရိယာတစ်ခုပါပဲ။ ကိုယ့်ကိုယ်ကို ပိုပြီး နားလည်လာဖို့နဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်ဖို့အတွက် ဒီနည်းလမ်းလေးကို စမ်းသပ်ကြည့်ကြဖို့ မျှဝေပေးလိုက်ပါတယ်ဗျာ။

#သုတဆန်း
ောနည်း
#အလွယ်ဆုံးဗေဒင်
်းညွှန်
#ဗေဒင်ပညာနှင့်ဘဝ

အချစ်တဲရော့ခင်းနည်း====================တဲရော့ခင်းပြီးဟောပြောတဲ့အခါ ကိုယ်သန်ရာနည်းလမ်းကောင်းတစ်ခုကို ကိုင်တွယ်သုံးစွဲရပါမ...
17/04/2026

အချစ်တဲရော့ခင်းနည်း
====================
တဲရော့ခင်းပြီးဟောပြောတဲ့အခါ ကိုယ်သန်ရာနည်းလမ်းကောင်းတစ်ခုကို ကိုင်တွယ်သုံးစွဲရပါမယ်။ ဒါပေမယ့် ရံခါ ပြဿနာတစ်ခုကို အသေးစိတ်သုံးသပ်ဖို့ လိုတဲ့အခါ ကိုယ်စိတ်ဝင်စားတဲ့ နည်းလမ်းတစ်ခုခုကိုလည်း ယှဥ်တွဲသုံးတတ်ရပါတယ်။ အခု ပြပေးလိုက်တဲ့နည်းလမ်းကတော့ အချစ်ရေးကို သီးသန့်အသုံးပြုပြီး ဟောပြောနိုင်တဲ့ ၁၂ ကဒ်ခင်းနည်းဖြစ်ပါတယ်။ ဘယ်လိုဟောပြောရမလဲဆိုတဲ့နည်းလမ်းနဲ့ နမူနာဟောပြပုံကို ကျနော့်သင်တန်းမှာဖော်ပြပေးပါမယ်။

သင်တန်း
=========
https://course.jhoro.com/

#သုတဆန်း
#တဲရော့ပညာ
#တားရော့
#ဗေဒင်သင်တန်း

17/04/2026
17/04/2026

New Design!

Address

Yangon

Telephone

09420068408

Alerts

Be the first to know and let us send you an email when Taroscope posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taroscope:

Shortcuts

Share