06/10/2026
Security
AI မော်ဒယ်တွေ ဘာကြောင့် အဖြေလွဲပြီး တလွဲဖြေတတ်ကြတာလဲ?
(Underfitting vs Overfitting)
AI Model တွေကို Data ပေးပြီး Train တိုင်း အမြဲတမ်း ဉာဏ်ကောင်းမသွားပါဘူး။
ကျောင်းသားတစ်ယောက် စာကျက်သလိုပါပဲ — စာမကျက်သေးရင် စာမေးပွဲကျသလို၊ အဓိပ္ပာယ်နားမလည်ဘဲ မေးခွန်းဟောင်းတွေကို အလွတ်ကြီးပဲ ကျက်သွားရင်လည်း မေးခွန်းအသစ်မြင်တာနဲ့ တလွဲတွေ ဖြေကုန်ပါတော့တယ်။
Machine Learning နဲ့ AI Security မှာ အလွန်အရေးပါတဲ့ Training Dynamics အကြောင်း လိုရင်းကို မျှဝေပေးလိုက်ပါတယ်
၁။ Training Epoch ဆိုတာ ဘာလဲ?
Training Dataset တစ်ခုလုံးကို Model က အစအဆုံး တစ်ကြိမ် အပြည့် ဖတ်ရှုလေ့လာပြီးတာကို ၁ Epoch လို့ ခေါ်ပါတယ်။ Model ရဲ့ အလေးချိန်တန်ဖိုး (Weights) တွေ ပိုမှန်လာအောင် Epochs ပေါင်းများစွာ ထပ်ခါတလဲလဲ Train ပေးရပါတယ်။
Epoch နည်းလွန်းရင်: စာမကျက်ရသေးတဲ့အတွက် Model က ဘာမှ မသိသေးပါဘူး (Learns nothing)။
Epoch များလွန်းရင်: မလိုလားအပ်တဲ့ Noise တွေနဲ့ အသေးစိတ်အချက်တွေကိုပါ အလွတ်ကျက်မှတ်မိသွားပါတယ် (Memorizes noise)။
၂။ Model တွေ ကြုံတွေ့ရတဲ့ အခြေအနေ ၃ မျိုး
Underfitting (စာမကျက်ရသေးသည့်အခြေအနေ - High Bias):
Model က ဒေတာထဲက အခြေခံသဘောတရား (Pattern) ကိုတောင် နားမလည်နိုင်အောင် ရိုးရှင်းလွန်းနေတဲ့ အခြေအနေပါ။ သင်ထားတဲ့ စာရော၊ မေးခွန်းအသစ်တွေပါ အမှားတွေချည်း ဖြစ်နေပါလိမ့်မယ်။
Optimal Fit (အသင့်တော်ဆုံး မျှတမှု - Balanced):
မလိုအပ်တဲ့ အသံဗလံတွေကို မယူဘဲ ဒေတာရဲ့ အမှန်တကယ် ဦးတည်ချက်ကို ကောင်းစွာ သဘောပေါက်တဲ့ အခြေအနေပါ။ မမြင်ဖူးသေးတဲ့ ဒေတာအသစ်တွေ မေးရင်လည်း တိကျမှန်ကန်စွာ ဖြေဆိုနိုင်ပါတယ်။
Overfitting (အလွတ်ကျက်လွန်းသည့်အခြေအနေ - High Variance):
Model က အဖြေတွေကို စာမေးပွဲမေးခွန်းဟောင်း အလွတ်ကျက်သလို ကျက်မှတ်ထားတာ ဖြစ်ပါတယ်။ သင်ထားတဲ့ ဖတ်စာအုပ်ပေါ်မှာ အမှတ်ပြည့်နီးပါး ရနေပေမယ့် လက်တွေ့ ပြင်ပဒေတာအသစ်တွေနဲ့ တွေ့တဲ့အခါ လုံးဝ အသုံးမဝင်တော့ဘဲ တလွဲတွေ ဖြေကုန်ပါတော့တယ်။
၃။ AI Security အရ ဘာကြောင့် အန္တရာယ်ရှိသလဲ?
Overfitting ဖြစ်တာဟာ စွမ်းဆောင်ရည် ညံ့ဖျင်းရုံသာမက ဆိုက်ဘာလုံခြုံရေးအရ အလွန်စိုးရိမ်ရပါတယ်-မော်ဒယ်က Data ကို အလွတ်မှတ်ထားလို့ သင်ကြားစဉ်က ပါခဲ့တဲ့ မှတ်ပုံတင်၊ Password၊ API Keys (PII) တွေ အလွယ်တကူ ပေါက်ကြားသွားနိုင်ခြင်း။
Training Data ထဲ ထည့်ထားတဲ့ Backdoor Trigger တွေကို အလွတ်မှတ်မိပြီး လွယ်လွယ်ကူကူ Jailbreak အလုပ်ခံရနိုင်ခြင်း။
တိုက်ခိုက်သူက Prompt သုံးပြီး မူရင်း Data တွေကို ပြန်ဆွဲထုတ်ခိုးယူနိုင်ခြင်း (Data Extraction Attack)။
အသေးစိတ် ရှင်းလင်းချက် အပြည့်အစုံကို CyberLand Academy ၏ YouTube Channel တွင် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါသည်ခင်ဗျာ။
https://youtu.be/yF5a_cVEXqg?si=9-u1QIDEOaHHQ365